
လူသတ်တရားခံဟု သံသယဖြစ်ခံရသူ
တဦးကို ထိုင်းအာဏာပိုင်တို့က
မြန်မာအာဏာပိုင်များလက်သို့
မဲဆောက်-မြ၀တီတံတားမှတဆင့်
ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှဲအပ်

ဦးကျော်စိန်သည် ယခုလ ၅ ရက်နေ့က မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်၊
မဲကနယ်ကျေးရွာ ဆယ်အိမ်စုရပ်ကွက်ရှိ မုန့် ဟင်းခါးဆိုင်တွင် ရှိနေစဉ်
တရပ်ကွက်တည်း
နေထိုင်သူ မဂျူလီခိုင်နှင့် ခွန်းကြီးခွန်းငယ် အချင်းများကြကြောင်း၊
ဦးကျော်စိန်က အသင့်ပါလာသည့် ဓားမဖြင့် မဂျူလီခိုင်၏ လည်ပင်းကို ခုတ်လိုက်ကြောင်း မြန်မာရဲဝန်ထမ်းက ဆက်ပြောသည်။
အသက် ၂၇ နှစ်အရွယ် မဂျူလီခိုင်သည် ဓားဒဏ်ရာဖြင့် မြ၀တီဆေးရုံတွင်
သေဆုံးခဲ့သည်ဟု ဆိုသည်။

ဦးကျော်စိန်သည် အခင်းဖြစ်ပွားပြီးနောက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့သို့ ကူး
သွားပြီး ထိုမှတဆင့် အသိမိတ်ဆွေများရှိရာ နခေါစ၀မ်ခရိုင်သို့ သွားရောက် တိမ်းရှောင်ကြောင်း၊ သေဆုံးသူ၏ ဆွေမျိုးသားချင်းများက ထိုဒေသတွင် အလုပ်လုပ်
ကိုင်နေပြီး ၎င်းတို့က သတင်းပေးပို့ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ကာ ဖမ်းဆီးနိုင်
ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
”မဂျူလီခိုင်က ကျွန်တော့သမီးနဲ့ ကျွန်တော့ကို ပေးစားပြီး ဆဲဆိုတဲ့အတွက် ဒေါသကို မထိန်းနိုင်လို့ ဖြစ်ခဲ့ရတာပါ” ဟု ဦးကျော်စိန်က ထွက်ဆိုကြောင်း
သိရသည်။
မဲဆောက်ဘက်ရှိ တာ့ခ်ခရိုင် ထိုင်းလ၀က ရဲဗိုလ်မှူးကြီး
ရို့မနီးစောင် ဦးဆောင်သည့်အဖွဲ့က မြ၀တီခရိုင်လ၀ကမှူး ဦးရှိန်ဝင်း၊ မြ၀တီခရိုင်
ဒုတိယရဲမှူးကြီး ဦးအောင်မြင့် ဦးဆောင်သည့်အဖွဲ့ထံ ဦးကျော်စိန်ကို လွှဲပြောင်းပေး
အပ်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သည်ဟု သံသယဖြစ်ဖွယ်ရှိသူများကို မဲဆောက်-မြ၀တီနယ်စပ်လမ်းကြောမှ
တဆင့် အပြန်အလှန် လွှဲပြောင်းပေး အပ်မှု ၅ ခုထက် မနည်း ရှိသည်ဟု ထိုင်းဘက်မှ တာဝန်ရှိသူတဦးက ပြောသည်။
(ဧရာဝတီ)


0 comments:
Post a Comment