"လမ်းလျောက်ဖို့အတွက်တင်တဲ့လျော
တစ်ထောင်ကျော်သွားပါတယ်" ဟု ဦးမြင့်ဆွေက သတင်းထောက်များ
သို့ပြောကြားသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး
ယင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍
အစိုးရရုံး တွင် ယခုကျင်းပလျက်ရှိသည်။
7Day News
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ဆိုင်ရာငြိမ်း
ချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးဆန္ဒပြုပွဲကို စက်တင်ဘာလ ၂၁
ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်
သမန်အင်းစောင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကိုမန္တလေးမြို့ စိမ်းရောင်စို Activities မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီးငြိမ်းချမ်းရေးမြတ်နိုးသူများ၊ စစ်ကို မလိုလားသူများ တက်ရောက်ဆန္ဒပြုခဲ့ကြသည်ကို
တွေ့ရသည်။
အခမ်းအနားတွင် စိမ်းရောင်စိုအဖွဲ့မှ တည်ထောင်ထားသည့် ငြိမ်းချမ်းရေးလက်နက်
တေးဂီတအဖွဲ့မှ ငြိမ်းချမ်းရေးတေးသီချင်းခုနှစ် ပုဒ်ကို သီဆိုခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ငါးမိနစ်ကြာ ငြိမ်သက်ခဲ့ကြသည်။
ထို့နောက် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာမောင်နွေထက်၊ ကဗျာဆရာ မောင်နီဦးတို့မှ
ငြိမ်းချမ်းရေးကဗျာများ ရွတ်ဆိုခဲ့ကြသည်။
ယင်းဆန္ဒပြုပွဲသို့ လူဦးရေ ၃၀၀နီးပါးလာရောက်ခဲ့ကြပြီး တစ်နိုင်ငံလုံးစစ်ပွဲရပ်အကျီင်္နှ င့် ခေါင်းစီးများဝတ်ဆင်ကာ ဆန္ဒပြုခဲ့ကြသည်။
ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး စိမ်းရောင်စိုအဖွဲ့ဥက္ကဌဦးတင်သစ်မှ
“ဒီနေ့ဟာ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ သက်ဆိုင်တဲ့နေ့၊ အထူးသဖြင့် ကျွန်တော်တို့
တိုင်းပြည်လို မငြိမ်းချမ်းသေးတဲ့ နိုင်င်ငံကပြည်သူတွေဆိုရင် ပိုပြီးသက်ဆိုင်
တဲ့နေ့ပေါ့။
စစ်မီးမငြိမ်းသေးတဲ့ မြန်မာပြည် အမြန်ဆုံး စစ်မီးငြိမ်းပြီးတော့ အမြန်ဆုံးငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ဆိုတဲ့ ဆန္ဒဖော်ထုတ်နိုင်ဖို့ ဒီအခမ်းအနားလေးကို ကျင်းပရခြင်းဖြစ်
ပါတယ်” ဟု ပြောကြားသွားခဲ့သည်။
Eleven Media Group





0 comments:
Post a Comment