Pages

Sunday, September 23, 2012

ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ဂျပန် စက်ရုပ်ကျောင်းသား


လွန်လေပြီးသော ဆယ်စုနှစ်များက
သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ်
 ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။
သို့သော် သူတို့ စိတ်ကူးယဉ်မှုများမှာ

အမှန်တကယ် ဖြစ်လာကြသည်ကို တွေ့နေရသည်။ ယခုလည်း ပညာရေးတွင်
 စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။

များမကြာမီကာလတွင် ဂျပန် သုတေသီများက ကျောင်းသင် ဘာသာရပ်မျိုးစုံကို
 စာမေးပွဲဝင်ဖြေနိုင်မည့် စက်ရုပ်နှင့် AI မှတ်ဥာဏ်ကို တီထွင်လိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီး ၀င်ခွင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် ယုံကြည်နေကြသည်။

၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်သို့ ၀င်ခွင့်စာမေးပွဲကို အမှတ်များများဖြင့်
 အောင်မြင်နိုင်စေရန် ဖူဂျစ်ဆုနှင့် ဂျပန် အမျိုးသား သတင်းအချက်အလက်နည်းပညာ
တက္ကသိုလ်က မျှော်လင့်ထားသည်။

စက်ရုပ်သည် မေးခွန်းများကို စိစစ်တွက်ချက်ခြင်း၊ သရုပ်ခွဲခြင်းတို့လုပ်ဆောင်ရန်
 မေးခွန်းလွှာပါ ပုံသေနည်းများနှင့် ညီမျှခြင်းတို့ကို စက်ရုပ်ဘာသာစကား အက္ခရာ
သင်္ချာသို့ ပြောင်းလဲရမည် ဖြစ်ကြောင်းသိရသည်။

လူသားများ နားလည်သည့် ဘာသာစကားကို စက်ရုပ်အနေဖြင့် နားလည်ရန် အခက်
အခဲတော့ ရှိနေသေးသည်။

မောက္ခသတင်း
Source: AFP

0 comments:

Post a Comment