အစိုးရ အကျဉ်းထောင်အတွင်း ၂၇ နှစ်ကြာအကျဉ်းချခံခဲ့ရရာမှ ပြန်လည်လွတ်မြောက်
လာသည့် KIA အထူးတပ်ဖွဲ့ခေါင်းဆောင်
ဆိုင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးရ
ရှိရေး ဆောင်ရွက်သွားမည် လဖိုင်ဇော်
ဟု ပြောသည်။
''ငြိမ်းချမ်းရေးကို လိုလားပါ တယ်။ ရန်ကုန်ကို လာတာကလည်း ဒီမှာရှိတဲ့ ကျွန်တော့်
သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ တွေ့ပြီး ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်ဖို့ပါ''ဟု စက်တင်ဘာ ၁၇ ရက်နေ့က မြင်းခြံထောင်မှ လွတ်မြောက်
လာသော ၄င်းက ပြောသည်။
၎င်း၏ ငြိမ်းချမ်းရေး ဆောင် ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ လုပ်ငန်းကော် မတီဝင်တစ်ဦးဖြစ်
သည့် ကိုဘိုဘိုဦး က ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် မည်သူ နှင့်မဆို လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း
မှတ်ချက်ပြုပြော ကြားသည်။
ထောင်တွင်း၌ ခင်မင်ခဲ့သော ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ မိတ်ဆွေဟောင်းများ နှင့် တွေ့ဆုံကာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအတွက်
လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
လွတ်ရက်စေ့ရန် နှစ်လသာ လိုတော့သည့် ၄င်းသည် နိုင်ငံ တော် သမ္မတ၏
လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး ''ကျွန်တော်တို့ နိုင်ငံရေးနဲ့
ပတ်သက်သူတွေ အားလုံး လျှော့ ရက်မရဘူး''ဟု ၄င်းက ပြောသည်။
ထောင်တွင်း ပြစ်ဒဏ်ကျခံနေ ရစဉ် လူ့အခွင့်အရေး ချိုးဖောက် မှုများကို ခံခဲ့ရပြီး ဆိုးဆိုးရွားရွား ဖြတ်သန်းခဲ့ရသော အခြေအနေများ လည်း ကြုံတွေ့ခဲ့ရကြောင်း၊
၂ဝဝ၅ မှ ၂ဝ၁၂ အထိ မြင်းခြံထောင်တွင် လဖိုင်ဇော်ဆိုင်း နှင့်အတူ နေထိုင် ခဲ့ရသည့် ကိုမျိုးမင်းထိုက်ကလည်း ပြောသည်။
လဖိုင်ဇော်ဆိုင်းသည် ၁၉၈၅ ခုနှစ်တွင် အဆိုတော် အယ်လ်ခွန်း ရီ၏ ဖခင်ဖြစ်သူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်
အယ်လ်ခွန်ဖန်အား လုပ်ကြံသည့် အဖွဲ့ခေါင်းဆောင်အဖြစ် တရားစွဲ ဆိုခံရကာ
သေဒဏ်ချမှတ် ခံခဲ့ရ ခြင်းဖြစ်သည်။
မေဇင်ဝင်း
မေဇင်ဝင်း
Popular News


0 comments:
Post a Comment