Pages

Thursday, September 20, 2012

ကျုးကျော်နေအိမ်များဟု သတ်မှတ်ထားသည့် ခြံဝန်းနေ အိမ်များအား မန္တလေးမြို့တော်စည်ပင်မှ စတင်ဖယ်ရှားရှင်းလင်း


မန္တလေး မြို့တော် စည်ပင် သာယာရေးကော်
မတီမှ ကျုးကျော်နေအိမ်များဟုသတ်မှတ်
ထားသည့် ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ရပ်
ကွက်ရှိ ခြံဝန်းနေအိမ်များအားစက်တင်ဘာလ
၂၀ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်မှ စတင်
ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မန္တလေးမြို့တော်စည်ပင်မှ လူအင်းအားများဖြင့် ခြံဝန်းနေအိမ်များကို
ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ရာတွင် အိမ်မြေနေရာ ပိုင်ဆိုင်ထားသူများ၊ မစိုးရိမ်
တိုက်သစ် ဆရာတော် အရှင်ဝီရသူနှင့် မန္တလေးမြို့ ၈၈မျိုးဆက် ကျောင်းသားဟောင်း
များမှ ၀ိုင်းဝန်းမေတ္တာ ရပ်ခံခဲ့သဖြင့် ဖယ်ရှားရှင်းလင်းမှုကို ခေတ္တရပ်ဆိုင်း
ထားကြောင်း သိရသည်။

(၈၈) မျိုးဆက် ကျောင်းသားဟောင်းများအဖွဲ့မှ လုံခြုံရေး ၀န်ထမ်းများနှင့် ၀င်ရောက်ညှိနှိုင်းရာတွင် ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက
 ဖယ်ရှား ရှင်းလင်းမှုက ကျွန်တော်တို့နှင့် မဆိုင်ကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ယခုနေရာ
သို့လာရခြင်းမှာ မလိုလားအပ်သော အနှောက်အယှက်များကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ ဖယ်ရှားရှင်းလင်းမှုနှင့် ပတ်သက်၍မူ သက်ဆိုင်ရာစည်ပင်ဌာနနှင့်သာ
 ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

Eleven Media Group 







0 comments:

Post a Comment