ယင်းနေညတွင် ဒေါ်ရီရီမြင့်သက် ၄၀ နှစ်သည် သားဖြစ်သူ မောင်ပြည့်စုံကျော်နှင့်
အတူ ၎င်းတို့ နေထိုင်ရာ အမှတ် ၂ ရပ်ကွက်မှ နေ၍ အမှတ် ၁ ရပ်ကွက်သို့
သုဓမ္မာ လမ်းမကြီး မှတဆင့် ဖြတ်ကူးစဉ် မြောက် မှတောင်သို့ မောင်းနှင်
လာသော လိုက်ထရပ် မော်တော်ယာဉ် အဖြူရောင် တစ်စီး လာသည်ကို မြင်သဖြင့်
လမ်းလယ် အဖြူရောင် မျဉ်းပေါ်တွင် ရပ်တန့်နေစဉ် ယင်းယာဉ်မှ သားအမိနှစ်ဦးအား
တိုက်မိကာ ထွက်ပြေးသွားကြောင်း ယင်းနေ့ညက မျက်မြင်များ၏ ပြောကြားချက်ကို ၎င်းက ဆက်လက် ပြောကြားသည်။
''ရောက်ပြီး နောက်နေ့မှာ ပထမဆုံး ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ရတယ်၊ နောက် ၁၇
''ရောက်ပြီး နောက်နေ့မှာ ပထမဆုံး ဦးခေါင်းဒဏ်ရာကို ခွဲစိတ်ရတယ်၊ နောက် ၁၇
ရက်နေ့က တစ်ခါ ခွဲစိတ် ရတယ်၊ စရောက်ကတည်းက သတိ မရသေးဘူး၊ ဆရာဝန်ကြီး
ပြောတာတော့ ၅၀/၅၀ တဲ့" ဟုယင်းက မြေးဖြစ်သူ၏ အခြေအနေကို ပြောဆိုသည်။
ယာဉ်တိုက်မှုများနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူများက သက်သေ မလိုက်ချင်ကြောင်း၊ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရေးတွင် ၄င်းတို့၏ အကူအညီ
ယာဉ်တိုက်မှုများနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူများက သက်သေ မလိုက်ချင်ကြောင်း၊ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးနိုင်ရေးတွင် ၄င်းတို့၏ အကူအညီ
လိုအပ်ပြီး စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းအမှတ်(၇) နယ်မြေ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်
ထိန်းတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဇင်မျိုးမင်း က The Voice Weekly သို့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားသည်။


0 comments:
Post a Comment