ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကို
လိုလားတောင့်တနေတဲ့ လူအယောက် ၂၀၀ ကျော်လောက်ဟာ ဒီနေ့ နံနက် ၄ နာရီမှာ
ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာကနေ တဆင့် နေပြည်တော်ကို သွားရောက်ဖို့
ရောက် ရှိနေရာကနေ အစီအစဉ်ဖျက်လိုက်ရတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့
နေပြည်တော် သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို ကြိုတင်
ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်မရရှိခဲ့ဘူးလို့ သိရပါတယ်။
အခုစုရပ်ဖြစ်တဲ့
စမ်းချောင်းမြို့နယ် နယ်မြေရဲတပ်ဖွဲ့ကို အကြောင်းကြားထားခြင်း မရှိတဲ့အတွက်
အခုလို လာရောက်လူစုခွဲခိုင်းရတာလို့ နယ်မြေတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
နေပြည်တော်ကို
သွားရောက်ဖို့ ပျက်သွားပေမယ့် လူစုကြီးဟာ နံနက် ၆ နာရီမှာ ငြိမ်းချမ်းရေး
လှုပ်ရှားမှုအဖြစ် ဆူးလေဘုရားကို လမ်းလျှောက်သွားဖို့ ထပ်မံကြိုစားပေမယ့်
နယ်မြေ အာဏာပိုင်တွေရဲ ဟန့်တားပိတ်ပင်လိုက် မှုကြောင့် ရွှေတိဂုံဘုရား
အနောက်ဘက်မုခ် အနီး ပြည်လမ်းပေါ်က မြေနီကုန်းမှတ်တိုင်မှာ ပိတ်မိနေကြပါတယ်။
“သူတို့က
ငြိမ်းချမ်းရေးကို မလိုလားဘူး။ သမ္မတရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ကြေညာချက်တွေ
ရှိပြီးပြီ။ ငြိမ်းချမ်းရေးကို ကြေညာပြီးမှ ငြိမ်းချမ်းရေးကို တကယ်
မလိုလားဘူးဆိုတာကို သက်သေဖြစ်သွားတာပေါ့။”
“ဒီမိုကရေစီနိုင်ငံတကယ်စစ်မှန်တယ်ဆိုရင်
ပြည်သူလူထုကို ကာကွယ်ပေးရမယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း
လိုက်ထိန်းသိမ်းပေးရမယ့် ဒါပဲတာဝန်ရှိတယ်။”
ပိတ်မိနေတဲ့
လူအုပ်စုကြီးဟာ မနက် ၁၀ နာရီမှာစတင်မယ့် ဆူးလေ အင်းလျားကန်ဘောင်
ချီတက်လမ်းလျှောက်ပွဲမှာ သွားရောက်ပူးပေါင်းဖို့
အလျှိုလျှိုထွက်ခွာသွားခဲ့ကြပြီး ကချင်တိုင်းရင်းသားတွေဟာ
ရွှေတိဂုံဘုရားအနောက်ဘက်မုခ် ပြည်သူ့ရင်ပြင်မှာ ငြိမ်းချမ်းရေးသီချင်းကို
စုပေါင်းသီဆိုဆန္ဒဖော် ထုတ်ပြသခဲ့ကြပါတယ်။ ဒီ ငြိမ်းချမ်းရေးသီချင်းဆိုတဲ့
လူစုကိုလည်း အာဏာပိုင်တွေလူစုခွဲပေးဖို့ လာရောက်ဖိအားပေးခဲ့ကြပါတယ်။
by အောင်စိုးထိုက် - ဒီဗွီဘီ



0 comments:
Post a Comment