စက်တင်ဘာလ ၂၀ ရက်၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မြို့ရှိ မြို့
တော်ခန်းမ တွင် Msnbc သတင်းဌာနကတင်ဆက်ပြီး Amnesty International
ကကြီးမှူးကျင်းပကာ နာမည်ကျော်အမေရိကန်သတင်းစာဆရာမ Alex Wagner ကဦးဆောင်သည့် ဆွေးနွေးပြောဆိုပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ
အတိုင်း Pussy Riot အဖွဲ့ဝင်များကိုလွှတ်ပေးရန် တိုက်တွန်းပြော
ဆိုခြင်းဖြစ်သည်။
"လူသားတွေအနေနဲ့ သူတို့ဆိုချင်တဲ့သီချင်းကိုဘာအတွက်ကြောင့် မဆိုသင့်
"လူသားတွေအနေနဲ့ သူတို့ဆိုချင်တဲ့သီချင်းကိုဘာအတ
ဘူးဆိုတာမျိုးတွေ မရှိဘူးလို့ကျွန်မထင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စကားပြောဆွေးနွေးခန်းတွင် ပြောကြားသည်။
ပန့်ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် Pussy Riot မှအဖွဲ့ဝင်များသည် ရုရှားသမ္မတ
ဗလာဒီမာပူတင်(ယခင် ဝန်ကြီးချုပ်နှင့်သမ္မတ)အား လှောင်ပြောင်စော်ကားသည့်
သီချင်းသီဆိုကာ သရုပ်ဖော်ပြခဲ့ခြင်းကြောင့် ကုန်ခဲ့သည့် သြဂုတ်လတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ကျခံနေရသည်။
ယခု မြို့တော်ခန်းမ၌ပြုလုပ်သော စကားပြောဆွေးနွေးခန်းတွင် ဖမ်းဆီးခံ
ယခု မြို့တော်ခန်းမ၌ပြုလုပ်သော စကားပြောဆွေးနွေးခန်းတွင် ဖမ်းဆီးခံ
ထားရသော ယင်းတေးဂီတအဖွဲ့ဝင်သုံးဦးအနက်တ စ်ဦးဖြစ်သော Nadia
Tolokonnikova ၏ မိသားစုဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်း
လက်ဆောင်ပေးအပ်ခဲ့သည်။
အဆိုပါတေးဂီတအဖွဲ့ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် မော်စကို၌ စတင်ထူထောင်ခဲ့ပြီး
ယင်းအဖွဲ့သည် ရုရှားနိုင်ငံရေးလောကနှင့်ပတ်သက်၍ လှောင်ပြောင်သရော်သော သီဆိုတင်ဆက်မှုများအား တမူထူးခြားသောပုံစံဖြင့်ပြုလုပ် ခဲ့သည်။
The Voice Weekly




0 comments:
Post a Comment