Pages

Saturday, December 22, 2012

မန္တလေးမြို့တွင် ဘုရားပွင့်တော်မူရာ သံဝေဇနိယလေးဌာန ပုံစံတူ ပြုလုပ်မည်ဖြစ်ကာ ဉာဏ်တော် အတောင် ၄ဝရှိ ကမ္ဘာ့ အမြင့်ဆုံး ပရိနိဗ္ဗာန် ရုပ်ပွားတော် ကိုလည်း တည်ထားရန်ပြင်ဆင်


Saturday, 22 December 2012

အိန္ဒိယနိုင်ငံရှိ မြတ်စွာ ဘုရားပွင့်တော်မူရာ သံဝေဇနိယလေးဌာန
ကဲ့သို့ ပေါ်ထွန်းလာစေရန် နှင့် အများပြည်သူများ ဖူးမျှော်နိုင်စေရန် ရည်ရွယ်၍ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်းနှင့် လမ်း၃ဝထောင့်ရှိ မက္ခရာ ကျောင်းတိုက်တွင် အလှူရှင် တစ်ဦးက ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အလှူရှင်အနေဖြင့် ဉာဏ်တော် အတောင်၎ဝရှိသည့် ကမ္ဘာ့ အမြင့်ဆုံး ပရိနိဗ္ဗာန်ရုပ်ပွားတော်ကို တည်ထား ရန်ပြင်ဆင်
နေကြောင်းလည်း သိရသည်။

ယင်းနှင့် ပတ်သက်၍ ''မူလကတော့ ကမ္ဘာ့ ဒုက္ကရ စရိယာရုပ်ပွားတော်ကြီးပဲ တည်ထားဖို့ပါ။ ဘုရားဖူးပြည်သူတွေက အကြုံပြုတာကြောင့် မန္တလေးမှာ မရှိသေးတဲ့ ဖွားပွင့်ဟောစံလို့ခေါ်တဲ့ သံဝေဇနိယလေးဌာနကို ဆက်လက် အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ဉာဏ်တော်အတောင် ၄ဝရှိတဲ့ ပရိနိဗ္ဗာန်ရုပ်ပွားတော်ကို တည်ထား ဖို့ပြင်ဆင်နေပါတယ်။ ကမ္ဘာပေါ်က ပရိနိဗ္ဗာန်ရုပ်ပွားတော် တွေထဲမှာ အမြင့်ဆုံးဖြစ်မှာပါ။
နောင်လာ နောက်သား ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးကို အလေးထားဖို့နဲ့ သတိ သံဝေဂ တရား ရှိစေဖို့ ရည်ရွယ်ပြီး အကောင် အထည်ဖော်
နေတာဖြစ်ပါ တယ်'' ဟု အလှူရှင်ဖြစ်သူ ပြည်တော်အေး ဦးလှဝင်းက
ပြောသည်။

ယခုအခါ ဒုက္ကရစရိယာရုပ်ပွားတော်ကြီးနှင့်အတူ နတ်သားရုပ်တု ရင်ပြင်တော်တည်ဆောက်ရေးလုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီး
နေပြီဖြစ်သည်။

စိုင်းလူဇော်
Yangon Media Group

0 comments:

Post a Comment