Pages

Friday, December 21, 2012

မျက်မမြင် ငါးခူမျိုးစိတ် တွေ့ရှိ


Friday, 21 December 2012

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် စူးစမ်း လေ့လာမှုများ ပြုလုပ်လျက် ရှိသော သိပ္ပံ ပညာရှင် များက မျက်မမြင် ငါးခူ မျိုးစိတ်သစ် တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့သည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရယ်လာ ပြည်နယ်ရှိ ရေတွင်းဟောင်း တစ်ခုထဲ၌ ၄င်းမျိုးစိတ်ကို အခြားသတ္တဝါ များနှင့်အတူ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းမျက်မမြင် ငါးခူ မျိုးစိတ်မှာ ခန္ဓာကိုယ် သေးသွယ်ပြီး အရှည် ၃ ဒသမ ၈ စင်တီမီတာ ရှိကာ အရောင်မှာ သွေးနီရောင် ဖြစ်သည်။

အဆိုပါ ငါးမျိုးစိတ် ရှာဖွေ တွေ့ရှိခြင်းက အိန္ဒိယ နိုင်ငံ၌ ရှာဖွေခြင်း မပြုရသေးသည့် မြေအောက်နေ မျိုးစိတ်သစ်များ ရှိနေခြင်းကို မီးမောင်း ထိုးပြလျက် ရှိကြောင်း သိပ္ပံ ပညာရှင် များက ပြောကြား ခဲ့သည်။

ငါးခူ မျိုးစိတ်သစ်၏ သိပ္ပံ နာမည်မှာ Horaglanis abdulkalami ဖြစ်ပြီး ၎င်း ငါးမျိုးစိတ်၏ ထူးခြားသော လက္ခဏာမှာ ခန္ဓာကိုယ်သည် သွေးနီရောင်
ဖြစ်ပြီး မြေဆီလွှာထဲမှ အော်ဂဲနစ် ဒြပ်ပေါင်းများကို စားသုံး၍ ရှင်သန် ကြီးထွားကြောင်း သိရသည်။ ကီရယ် လာ ပြည်နယ်၏ စိုစွတ်သော ကုန်းမြေသည် ငါးခူ မျိုးစိတ်သစ် ကဲ့သို့သော တိရစ္ဆာန်များ နေထိုင်ရှင် သန်ရန် သင့်တော်သော နေရာ ဖြစ်သည်။

ထို့ပြင် သိပ္ပံ ပညာရှင်များက မျက်မမြင် ငါးရှဥ့် မျိုးစိတ်သစ်ကို အဆိုပါ ဒေသ၌ ရှာဖွေ တွေ့ရှိခဲ့ပြီး ၎င်းငါးရှဥ့် မျိုးစိတ်ကို ''Monopterus trichurensis'' ဟု အမည် ပေးထားသည်။ ငါးခူ မျိုးစိတ်များသည် အခြား နိုင်ငံများနှင့် အိန္ဒိယနိုင်ငံ အတွင်းမှ အခြား မျိုးစိတ်များနှင့် ဆက်နွှယ်မှုရှိ၊ မရှိ ကိုမူ သုတေသီ များက ဆက်လက် လေ့လာလျက် ရှိသည်။

လေ့လာ တွေ့ရှိချက်များ အရ ၎င်းငါး မျိုးစိတ်သစ် တို့သည် နှစ်နှစ်ကြာ ရှင်သန်နိုင် ကြသည်ဟု သုတေသီ တစ်ဦး ဖြစ်သူ ဒေါက်တာ နန်ဒန်က
ပြောကြားကြောင်း သိရသည်။

မြ၀တီ
16

0 comments:

Post a Comment