၂၀၁၃ ခုနှစ်အတွက် မော်တော်ယာဉ် CIF ဈေးနှုန်းများ အတွက် ၂၀၀၈ မော်ဒယ်နှင့်အထက် မော်တော်ယာဉ် ဈေးနှုန်းများကို မြန်မာ့ခေတ် ပရိသတ်များအတွက်ဖော်ပြပေးလိုက်ပါတယ်။ အဆိုပါ ယာဉ်များကို ၀ယ်ယူရန်လျှောက်ထားမည်ဆိုပါက 1350 CC အောက်ယာဉ်များအတွက် မည်သည့်ယာဉ်အုပ်စုမဆို 2008 Model မှ 2012 Model အထိ Model နှစ် မခွဲခြားဘဲ တန်ဘိုး အမေရိကန် ဒေါ်လာ 5000 ဖြင့် လျှောက်ထားနိုင်ပြီး 2013 Model နှစ်ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ ယာဉ်အုပ်စုတွင် မပါဝင်ဘဲ ( Brand Name )အသစ်ဖြင့် လျှောက်ထားလာသော ယာဉ်များဖြစ်ပါက အင်တာနက် အထောက်အထားများဖြင့် စိစစ်၍ One Stop Services အဖွဲ့ အစည်းအဝေးသို့ တင်ပြပြီးမှသာ ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ The Myanma Age
0 comments:
Post a Comment