Pages

Thursday, December 27, 2012

မလေးရှားမှာ မိုးကြီး ရေလျှံ



မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်
ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက် ရေပိုလျှံခဲ့ရတယ်လို့ သိရပါတယ်။
မိုးက လာမဲ့ မတ်လလောက်အထိရွာသွန်းနေအုန်းမှာ ဖြစ်ပါတယ်။

ရေတက်လာတာ မြန်တဲ့အတွက်လည်း ကားတွေနဲ့ ပစ္စည်းတွေကို
ရေလွတ်ရာ အချိန်မှီ မရွှေ့နိုင်ဘဲ အပျက်အစီး ပိုများခဲ့ရတယ်လို့ ဆိုပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပေမဲ့ အခြေအနေဟာ ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောအချိန်အထိ လူ ၂ ဦးသေဆုံးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ M
(Photo: AFP - Northeastern town of Kuantan in Malaysia)

0 comments:

Post a Comment