အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ယက် ၂ နှစ်ပြည့်အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေဂီတဖျော်ဖြေပွဲတော်ကို ဒီဇင်ဘာ ၂၇ နှင့်
၂၈ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုပွဲတွင် မြို့နယ်အသီးသီးမှ ဒီချုပ်အဖွဲ့များ၏ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ပြင်ဆင်ထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကလည်း ဆိုင်ခန်းပေါင်း ၂ ခန်းယူကာ ရန်ပုံငွေဈေးရောင်းပွဲတွင် ပါဝင်ကြပြီး ဆိုင်ခန်းတစ်ခန်းတွင်ထောင်တွင်း
အကျဉ်းမှ တိုက်ပုံဖော်ကာ ပြသထားကြောင်းလည်း တွေ့ရသည်။
“ကျွန်တော်တို့က အကျဉ်းသားဟောင်းများရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းပြန်လည်
ထူထောင်ရေး အတွက်ပါ။ ရန်ပုံငွေအနေနဲ့လည်း ဖြစ်အောင်ပေါ့။ အထဲမှာလည်း နိုင်ကျဉ်းတွေက ၂၀၀ ကျော်လောက် ကျန်သေးတယ်။ သူတို့အတွက်လည်း ပါတာပေါ့။ ဒီမှာတော့ နိုင် ကျဉ်းတွေရဲ့ အမှတ်တရပစ္စည်းတွေ၊ ပြက္ခဒိန်တွေရောင်းပေးသွားမယ်။ တခြားစာအုပ်တွေရောပေါ့။ ဒီတိုက်ပုံစံကို ပြထားတာကတော့ ဘာအာဃာတနဲ့မှ မဟုတ်ပါဘူး။ လာကြည့်တဲ့ ပြည်သူတွေ
အနေနဲ့ နိုင်ကျဉ်ေးတွ ဖြတ်သန်းခဲ့တဲ့ ဘ၀ကို မြင်နိုင်ရုံသက်သက်ပါ”ဟု
နိုင်ငံရေး အကျဉ်းသားဟောင်းများရေးရာ ကော်မတီမှ ဦးထွန်းကြည်က
ပြောသည်။
Popular Journal

0 comments:
Post a Comment