Pages

Tuesday, December 25, 2012

''ပါတီဝင်ဟုဆိုသူအချို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် သတင်းထောက် တစ်ဦးဒဏ်ရာရ'' သတင်း နှင့် ပတ်သက်၍ ရှင်းလင်ချက်


Wednesday, December 26, 2012 

Hot News ဂျာနယ် အတွဲ၃ အမှတ် ၁၂၀ တွင် မြစ်ကြီးနား မြို့ ပြန်လည်
နေရာချထားရေး ကျေးရွာ NLD ရပ်ကျေးညီလာခံ သို့ သတင်းရယူရန်
သွားသော သတင်းထောက်တစ်ဦးသည် NLD တာဝန်ရှိသူများနှင့် NLD အမည်ခံအချို့ အချင်းများ မှုကို ပြန်ဖြေရာမှ NLD အမည်ခံ များက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် တက်ရောက် ကုသရသောကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည့်သတင်းကို
ဖော်ပြခဲ့ပါသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဂျာနယ်တိုက်သို့ အမှုဖွင့်တိုင် ကြားခံရသူ ၅ ဦး လက်မှတ်ရေး ထိုး၍ စာတစ်စောင်ကို FAX ဖြင့် ပေးပို့လာရာ ၎င်းစာတွင် အဆိုပါ NLD ညီလာခံကို တာဝန်ခံ ကျင်းပပေးရမည့် အေးစေတီ ရပ်ကျေးညီလာခံဥက္ကဋ္ဌ ဦးမောင် မောင်တာ၊ အတွင်းရေးမှူးဦးမြင့် ထွန်းတို့နှင့်အတူ ညီလာခံကျင်းပ ရာတွင် ကူညီရန် လိုက်ပါခဲ့ ကြောင်း၊ ညီလာခံကျင်းပရန် တက်ရောက်သူစာရင်းကို ၎င်းတို့ ထဲမှ တစ်ဦးက
ပြုစုနေစဉ် ဦးကျော်ကျော်ဦး(သတင်းထောက်/ NLD မြို့နယ် ကော်မရှင်အဖွဲ့ ၀င်)၊ ဦးဇော်ဝင်း၊ ဒေါ်ခင်မာထွေး တို့က ၀င်ရောက်နှောင့်ယှက်ရာမှ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း၊ ထို ဖြစ်စဉ်အား နစ်နာသူ ၎င်းတို့ ၅ ဦး
ကိုယ်စားဦးမောင်မောင်တာက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း၊ ဦးကျော်ကျော်ဦးသည် ကြံ့ခိုင်ရေးပါတီဝင်၊ Hot News သတင်းထောက်၊ ကြံ့ခိုင်ရေးပါတီ မှ ဖွင့်လှစ်ထားသော မြစ်ဖျားဧရာ သတင်းထောက် NLD ပါတီဝင် ဖြစ်ကြောင်း ဖုံးကွယ်ထားသူဖြစ် ဖြစ်ကြောင်း ဂျာနယ်တိုက်က မမှန်မကန်သတင်း ဖော်ပြခဲ့ခြင်း အပေါ် ဂျာနယ်တိုက်နှင့် သတင်း ထောက် ခန့်ခန့်(ဒဿနိက)မှ သတင်းမှန်ကို ပြန်လည်ဖြေရှင်း၍၀န်ချတောင်းပန်ရန်နှင့်
သတင်း ရုပ်သိမ်းရန် သတိပေးတောင်းဆိုကြောင်း ပါရှိပါသည်။

အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ မြစ်ကြီးနားခရိုင် ညီလာခံကျင်းပ ရေးကော်မရှင်ဥက္ကဋ္ဌဦးဆန်မိုင် နှင့် ပြည်နယ်ကော်မရှင်
အဖွဲ့ဝင်ဦးနေ၀င်းတို့ ပူးတွဲလက်မှတ်ရေး ထိုးကာ ဒီဇင်ဘာ ၁၀ ရက် ရက်စွဲ ဖြင့် စာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယင်းစာတွင် အဆိုပါညီလာခံသို့ ခရိုင်ညီလာခံအဖွဲ့ဝင် ဦးကျော် သီဟအေးနှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း၊ ၎င်းကို ၀ိုင်းမော် မြို့နယ် ညီလာခံတွင် ကြီးကြပ် ကူညီရန် တာဝန်ပေးထား
ခြင်းဖြစ် ကြောင်း၊ ညီလာခံတွင် တာဝန် ပေးထားခြင်းမရှိသောသူများ ၀င်စွက်ဖက်ခြင်းကို ဒေါ်ခင်မာထွေး(မြို့နယ်ကော်မရှင်အဖွဲ့ဝင်) က ပြောကြားရာမှစကာ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ကျော် ဦးနှင့် ထိုးကြိတ်ရိုက်နှက်ကြပြီး ဦးကျော်ကျော်ဦးတွင် ဒဏ်ရာရရှိ ခဲ့သောကြောင့်
မြစ်ကြီးနားဆေး ရုံတွင် အတွင်းလူနာအဖြစ် ကုသ ရကြောင်း၊ ယခင်ကလည်း မြို့ နယ်ကော်မရှင်များမှ ညီလာခံ ကျင်းပနိုင်ရန် အစည်းအဝေးလုပ် ခြင်းကို မလုပ်နိုင်ရန် အကြိမ်ကြိမ် နှောင့်ယှက်ပြီး
ဒေါ်ငွေကြိုင်ဆိုသူ နှင့် ဦးကျော်သီဟအေးတို့ဦးစီးကာ ကြေညာချက်
များထုတ်၍ နှောင့်ယှက်နေခြင်းကိုလည်း ဗဟို သို့တင်ပြပြီးဖြစ်ကြောင်း၊ ယင်း အခြေအနေကို ဗဟိုမှလာရောက် သည့် ဦးအောင်ရှင်နှင့် ဦးကြည်ဝင်း
တို့ သိရှိပြီးဖြစ်ကြောင်း၊ ဦးကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေး
အပ်ခြင်းမခံရဘဲ ရည် ရွယ်ချက်ရှိရှိဖြင့် ရပ်/ကျေးညီ လာခံများကို ၀င်ရောက်နှောင့် ယှက်နေကြောင်း၊ ၎င်းတို့ကြောင့် ပါတီဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း၊ ၎င်းတို့အား ပြင်းထန်စွာ အရေးယူပေးပါရန်
တင်ပြကြောင်း ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ကော် မရှင်ဥက္ကဋ္ဌကလည်း ဒီဇင်ဘာ ၁၃ ရက်စွဲပါ
စာဖြင့် ပြည်နယ်ကော် မရှင်ဥက္ကဋ္ဌထံသို့ ခရိုင်ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ရာ ၎င်းစာတွင် မြေမြင့် ရပ်ကွက်၊ ရွှေညောင်ပင်
ရပ်ကွက် နှင့် ပလနကျေးရွာ ရပ်/ကျေး ညီလာခံကျင်းပနေစဉ် ကိုကျော် သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုခင် မောင်မြင့်နှင့် ကိုစိုင်းအောင်လင်း တို့အဖွဲ့သည် တာဝန်ပေးထားခြင်း မရှိဘဲ ၀င်ရောက်စွက်ဖက် ရန်စ ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ပလန ကျေးရွာညီလာခံကျင်းပနေစဉ် တွင်လည်း ကိုကျော်သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုမော်စီ(ခ)ထွန်းဦး၊ ကိုစိုင်းအောင်လင်းတို့အဖွဲ့သည် တာဝန်အရလာရောက်သူ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော် ကျော်ဦးကို ၀ိုင်းဝန်းထိုးကြိတ်
ကြ ကြောင်း ၊ ကိုကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေးအပ်ထား ခြင်းမရှိဘဲ အေးစေတီရပ်ကွက် နှင့် ရမ်ပူရပ်ကွက်တို့တွင် ရပ်/ ကျေးညီလာခံ ကျင်းပကြကြောင်း၊ ၎င်းင်းတို့အဖွဲ့သည် ဆက်လက် နှောင့်ယှက်ရန် အစီအစဉ်ရှိသည် ကို သိရှိရ၍ အရေးယူပေးပါရန် တင်ပြကြောင်း ထည့်သွင်းပေးပို့ ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး
ဦးဉဏ်ဝင်း လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့်ထုတ်ပြန်သော
ကြေညာ ချက်တွင် ဦးမျိုးဇော်ဦး၊ ဦးကျော် သီဟအေး၊ ဦးစိုင်းလင်းအောင်၊ ဦးမော်စီတို့၏ NLD အဖွဲ့ဝင်ပစ်မှု ကို ဗဟိုညီလာခံကျင်းပချိန်အထိ ရပ်ဆိုင်းထားကြောင်း ဖော်ပြ ထားကြောင်း သိရသည်။

Hot News ဂျာနယ်မှ ယင်း သတင်းကို ဖော်ပြခဲ့ရာတွင် သတင်းပေးပို့သူ၏ ယုံကြည်စိတ် ချရမှုနှင့် ရဲစခန်းမှ အမှုလက်ခံ ဖွင့်လှစ်ပေးထားခြင်းတို့ကို အခြေ ခံကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးကို လူ ၅ ဦးက ၀ိုင်းဝန်း ရိုက်နှက်ကြခြင်းမှာ မတရားသဖြင့် ““မတရားဝိုင်းဝန်းရိုက်နှက်””ဟု လည်းကောင်း၊ NLD ကဲ့သို့သော ညီလာခံတွင် ညီလာခံပျက်ပြား အောင် ရမ်းကားခြင်းဖြစ်သဖြင့် ““ရမ်းကားရိုက်နှက်သူများ””ဟု လည်းကောင်း စကားလုံးသုံးနှုန်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး သတင်းပေးပို့ သူ၏
ပြောကြားချက်အပိုဒ်မှာ မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

ရိုက်နှက်ခံရသော ဦးကျော် ကျော်ဦးမှာ မြို့နယ်ကော်မရှင် အဖွဲ့ဝင်
တစ်ဦးဖြစ်သကဲ့သို့ Hot News ဂျာနယ်သတင်းထောက် လည်း ဖြစ်သဖြင့် သတင်းဖော်ပြ ရာတွင် NLD ပါတီ၏ ဂုဏ် သိက္ခာကို ငဲ့ညှာသောအားဖြင့်
ကော်မရှင်အမည်ကို အသုံးမပြုဘဲ Hot News ဂျာနယ်မှ သတင်း ရယူရန် တရားဝင်တာဝန်ပေးအပ် ထားသည့် သတင်းထောက်ဖြစ် သောကြောင့် သတင်းထောက် အရိုက်ခံရကြောင်းသာ ယေဘုယျ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ရဲစခန်းတွင် အမှုဖွင့်ခြင်းကို စိစစ်ရာတွင်လည်း ရိုက်နှက်ခံရသူ ကိုကျော်ကျော်ဦးက အခင်းဖြစ် သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင်ပင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အမှုဖွင့်လှစ် ခံရသူများကိုယ်စား
ဒေါက်တာ မောင်မောင်တာက ဒီဇင်ဘာ ၉ ရက်နေ့တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့ သည်ကို တွေ့ရပါသည်။

Hot News ဂျာနယ်မှ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ စာရွက်စာတမ်း
အထောက်အထား၊ အသံဖိုင်များ ခိုင်ခိုင်မာမာ ပြုစု ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ အမှုဖွင့်ခံရသူများ တောင်းဆို သကဲ့သို့ လိုက်လျောနိုင်ခြင်းမရှိ
ကြောင်း သဘောထားတစ်ရပ်ကို အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ပါ သည်။


အယ်ဒီတာအဖွဲ့
The Hot News

0 comments:

Post a Comment