Pages

Thursday, December 27, 2012

လက်မ ၁၀၀ လေဆာ တီဗီ LG ထုတ်မည်



လက်မ ၁၀၀ တောင် ကျယ်ဝန်းတဲ့ အိမ်သုံး Cinematic တီဗီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို Cinematic 100-inch Class Laser TV လို့ အမည်ပေး ထားပါတယ်။

LED, LCD တို့ မသုံးပါဘူး။ သို့ပေမယ့် HD resolution ထုတ်လုပ်နိုင် တဲ့ လေဆာ ပရိုဂျက်တာကို အသုံးပြုမှာ ဖြစ်ပါတယ်။ အပြင်က လက်မ ၁၀၀ အပြည့်ဖန်သားပြင်ပေါ်ကို ၂၂ လက်မအရွယ် လေဆာ ပရို၈ျက်တာ ကနေ ရောင်ပြန်ထွက်စေမှာ ဖြစ်ပါတယ်။ ရုပ်ထွက် ကြည်လင် ပျက်သားမှု ကတော့ အကောင်းဆုံး ဖြစ်စေရမယ့်လို့ LG က ကတိပေး ထားပါတယ်။

ကမ္ဘာ့ပထမဆုံး အကြီးဆုံး 3D HD TV, အသံထိန်းချုပ်စနစ်သုံး တီဗီ အစရှိ သဖြင့်တို့ကို ဖန်တီးလို့ တောင်ကိုရီးယား LG အီလက်ထရောနစ်က တီဗီ လောကမှာ တော်တော်လေး နာမည်ရနေ ပါတယ်။ ယခုလည်း လက်မ ၁၀၀ တောင်ရှိမယ့် တီဗီကို ထုတ်လုပ်မယ်ဆိုတော့ ပထမဦးဆုံးပဲ ဖြစ် ပါတယ်။ အရွယ်အစားအနေနဲ့ အကြီးဆုံးများ ရှိနေပမယ့် HD resolution နဲ့ ဆိုတော့ ပထမဆုံးပဲ ဖြစ်ပါတယ။်

HDMI port လည်းပါမယ်။ Wi-Fi လည်းပါရှိမယ်။ အင်တာနက်တီဗီ ချယ်နယ်များလည်း ကြည့်ရှုလို့ရမယ်ဆိုတော့ အဆင့်မြင့် တီဗီပဲ ဖြစ်ပါ တယ်။ ဈေးကလည်း တော်တော်ကြီးမယ့် အနေအထားမှာ ရှိပါတယ်။ ၂၀၁၃ ဇန်နဝါရီလ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ကုန်စည် ပြပွဲ CES မှာ ဝင်ရောက် မိတ်ဆက် ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: slacshgear
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/lg.html
31

0 comments:

Post a Comment