Pages

Saturday, September 15, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီး ယခုလ ၁၆ ရက်နေ့ စတင်မည်


ဇော်ဝင်းသန်းနှင့် အေအက်ဖ်ပီ
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင် တန်၏ အမြင့်မားဆုံးသော ဂုဏ်ပြုဆုကို လက်ခံရယူမည်ဖြစ်သည်။

ထို့ပြင် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သားများ အများဆုံးနေထိုင်ရာ ဖို့ဝိန်းမြို့ သို့ သွားရောက်မည်ဖြစ်သည်။

ယခုခရီးစဉ်သည် နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ် အောင်ဆန်းစုကြည်၏ ပထမဆုံးသော အမေရိကန်ခရီးစဉ်ဖြစ်သည်။

ယခုလ ၁၆ ရက်နေ့တွင် ခရီးစဉ်ကို စတင်မည်ဟု ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားခဲ့သော်လည်း အစီအစဉ် အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်သည် ၀ါရှင်တန်၌ Congressional Gold Medal ဆု တံဆိပ်ကို လက်ခံရယူမည်ဖြစ်သည်။

၎င်းသည် နေအိမ်အကျယ်ချုပ်ကျခံ နေရစဉ်အတွင်း တိုင်းပြည်မှ ပြည်ပခရီး ထွက်ခွာနိုင်ခြင်းမရှိသေးသည့် အချိန် ၂၀၀၈ ခုနှစ်တွင် သူမအား အဆိုပါဆုကို အမေရိကန် ကွန်ဂရက်က ချီးမြှင့်ခဲ့ခြင်း ဖြစ်ကာ ထိုဆုသည် ကွန်ဂရက်၏ အမြင့် ဆုံး ဆုတံဆိပ်ဖြစ်သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက် ခဲ့စဉ်အတွင်းဒေါ်အောင်ဆန်းစုကြည် အား အမေရိကန်နိုင်ငံသို့ လာရောက် ရန်ဖိတ်ခေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခု နှစ်အစောပိုင်း ဆယ်စုနှစ်နှစ်ခုကျော် အတွင်း ၎င်း၏ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့ပြီး ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့လည်း သွားရောက်ခဲ့ရာ နိုင်ငံအကြီးအကဲများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ထိုခရီးစဉ်အတွင်း ၎င်းအကျယ်ချုပ် ကျခံနေ ရစဉ် ချီးမြှင့်ခံခဲ့ရသည့် ငြိမ်းချမ်းရေးနိုဗယ်ဆု လက်ခံသည့်မိန့်ခွန်းကို ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖို့ဝိန်းမြို့သို့ လည်း သွားရောက် ဟောပြောမည်ဖြစ်သည်။

အဆိုပါဟောပြောပွဲအား အင်ဒီယားနားနှင့် ပါဒူး (Perdue) တက္ကသိုလ် နှစ်ခုမှ ပူးတွဲ ကျင်းပခြင်းဖြစ်ပြီး ဖို့ဝိန်းမြို့ရှိ Allen County War Memorial Coliseum ၌ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ ကျင်းပမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နားထောင်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ သွားရောက်မည့် တစ်ချိန်တည်းခန့်မှာပင် သမ္မတဦးသိန်းစိန်သည်လည်း အမေရိကန်နိုင်ငံ သို့ ကုလသမဂ္ဂအထွေထွေ ညီလာခံတက် ရောက်ရန်အတွက် သွားရောက်ရန်ရှိသည်ဟု သိရသည်။

0 comments:

Post a Comment