မနေ့ည(ဒီဇင်ဘာ ၂၇ည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်
နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ
သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ ဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသောလူနားတွင် ရပ်ထားလိုက်သည်။စိုးရိမ်သည်က တခြားမဟုတ်.ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည်စိုး၇ိမ်သောကြောင့်
ကိုယ်ရည်သွေးသည့် ပို့စ်ပါဟု သက်မှတ်လည်း ခံပါမည်…လွန်ခဲ့သောတနှစ်က ပြင်ဦးလွင် မန္တလေးလမ်းပေါ်တွင် ကားတိုက်ခံရကာ သုံးနာရီကျော်ကြာ လမ်းဘေးတွင် ပစ်ထားခံရပြီး ကယ်သူမဲ့ သေပွဲဝင်သွားရသော သူငယ်ချင်းတယောက်က ကျွန်တော့်၏ ဘာသိဘာသာနေတက်သော စိတ်ဓာတ်ကို ပြောင်းလဲပေးလိုက်သောကြောင့် ယခုပို့စ်ကို ဖတ်လိုက်ရသော မိတ်ဆွေများထဲမှ တစ်ဦးခန့် လမ်းဘေးတွင် ဆိုင်ကယ်တိုက်ခံရနေသူ တစ်ဦးအား သက်ဆိုင်ရာသို့ဖုန်းဆက်ကာ လိုအပ်သည်များလုပ်ပေးသည်ဆိုလျှင