Wednesday, December 05, 2012
၂၀၁၂ ခုနှစ်၊ နှစ်လယ်လောက်က Audi ကားကုမ္မဏီမှ ထုတ်ဖော်ပြသလိုက် တဲ့ စက်ဘီး ဖြစ်ပါတယ်။
စက်ဘီးလို့တောင် ထင်ရက်စရာ မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်က ဆိုင်ကယ် တစ်စီး နီးပါးပဲ
ဖြစ်ပါတယ်။ ၂၆ လက်မ အဆင့်မြင့် CFRP ဘီးကို အသုံးပြုပြီး 530Wh Lithium-Ion ဘက်ထရီလည်း တပ်ဆင်ပေးထား ပါ သေးတယ်။ Speed ၉ချက် ထိုးလို့ရတဲ့ အဆင့်မြင့် ပြိုင်စက်ဘီးပဲ
ဖြစ်ပါတယ်။
လျှပ်စစ်မော်တာနဲ့ မောင်းမယ်ဆိုရင် ၂ နာရီ၃ အထိ တာရှည်ခံပါ တယ်။ ခြေနင်းမောင်းနှင်ဖို့အတွက်လည်း ဂီယာဘီး ဖြစ်တဲ့အတွက် သာမန် ဘီးတွေထက် မြန်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ထူးခြားလှပပါတယ်။ လက်ရှိ ကားကုမ္မဏီအားလုံးနီးပါး စက်ဘီးထုတ်ဖို့ကြိုးစားနေချိန်မှာ Audi လည်း နောက်ကျမကျန်အောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ စက်ဘီး ပြိုင်ပွဲတွေမှာပါ မောင်းနှင်လို့ရတဲ့ ဘီးအမျိုးအစား ဖြစ်ပါတယ်။
Auid e-bike လို့အမည်ပေးထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
--
http://youtu.be/edmH0Zx57JY
--
Aung Kham (TSJ team)
TechSpace Journal

0 comments:
Post a Comment