Pages

Wednesday, December 5, 2012

စုမိတိုမို ကုမ္ပဏီက သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းနှင့် ရထားတွင် လုပ်ကိုင်လို



Wednesday, 05 December 2012

သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ရထား ပို့ဆောင်ရေး လုပ်ငန်းများတွင် ဂျပန်နိုင်ငံအခြေစိုက် စုမိတိုမို
ကုမ္ပဏီက ရေရှည် ပူးပေါင်းလုပ်ကိုင်လိုကြောင်း သိရသည်။

ယင်းအတွက် စုမိတိုမိုကော်ပိုရေးရှင်း၏ အကြီးတန်းအကြံပေး ပုဂ္ဂိုလ် မစ္စတာ မိုတိုယုကိ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် အား နိုဝင်ဘာလ ၃ ရက်နေ့က လာရောက် တွေ့ဆုံခဲ့သည်။

ဝန်ကြီးနှင့်တွေ့ဆုံစဉ် အထက်ပါ လုပ်ငန်းများအပြင် သတင်းအချက်နှင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ၊ ပဲမျိုးစုံနှင့် ရေထွက် ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ ပလက်စတစ်နှင့် လူသုံးကုန် ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ပူးပေါင်း လုပ်ကိုင်လိုကြောင်းဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၂ ခုနှစ်
အောက်တိုဘာလ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၂၅.၄၅၇ သန်း အထိ ရှိနေပြီး စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်သည်။

ခင်မျိုးသွယ်
မဇ္ဈိမ
2

0 comments:

Post a Comment