Friday, December 07, 2012
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ခေါ်ဆိုမှုနှင့် အင်တာနက် မြန်နှုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံတကာ စံချိန်စံညွန်း များန
ှင့် ကိုက်ညီအောင် လုပ်ဆောင် သွားမည်ဟု သိရကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသော အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဖိုရမ် ကျင်းပရာ ဆီဒိုးနား ဟိုတယ်တွင် ယင်းဖိုရမ် ဦးဆောင်ကျင်းပသူ Mr.Dato Timothy Ong က မိုဘိုင်းဖုန်းများ ခေါ်ဆိုရ အဆင်ပြေစေရန် မည်သို့ လုပ်ဆောင် ထားသနည်းဟု မေးမြန်းသဖြင့် ဒေါက်တာ ကံဇော်က ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
"အပြောင်းအလဲ တွေက ၂၀၁၃ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထင်သာမြင်သာ
ဖြစ်လာ လိမ့်မယ်။ အစိုးရ သက်တမ်းက ခုမှ လနှစ်ဆယ် သားပဲ ရှိသေးတယ်" ဟု ၎င်းက ဆိုသည်။ "မိုဘိုင်းဖုန်းက ကောင်းကောင်း
ခေါ်မရဘူး။ Message (သတင်းတို) ပို့ရတာလည်း မလွယ်ဘူး" ဟု
Mr. Timothy Ong က ဝေဖန် သည်။
ပြည်သူအားလုံး သတင်းနည်းပညာ ဖွံ့ဖြိုးမှု၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန် သတင်း နည်းပညာ နယ်ပယ်တွင် အကြီးစား ရင်းနှီးမြှုပ်နှံ မှုများ
ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက
ပြောဆိုသည်။
ဆက်သွယ်ရေး ကွန်ယက် ကောင်းမွန်ပါက လူသား ရင်းမြစ်ကို
မြှင့်တင်နိုင်သည့် ပညာရေးကို အထောက်အကူ ဖြစ်စေကြောင်း၊
အစိုးရ၏ ပါဝင်ဆောင်ရွက်မှု အရမ်း အားကောင်းနေလျှင် လုပ်ငန်း အနည်းအကျဉ်းသာ ပြီးမြောက်နိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးတွင် တတ်နိုင်သမျှ အစိုးရ၏ ပါဝင် ပတ်သက်မှုကို လျှော့ချရမည် ဖြစ်ကြောင်း အစိုးရနှင့် ကော်ပိုရိတ် ဆိုင်ရာ အကြံပေး ဟောင်ကောင် ရှိ
ဈေးကွက်ပြိုင်ဆိုင်မှု သင်တန်းကျောင်းကို တည်ထောင်သူ ပါမောက္ခ မိုက်ကယ်အန်ရိုက်က သုံးသပ်သည်။
The Voice Weekly
ဓာတ်ပုံ - ဧရာဝတီ

0 comments:
Post a Comment