Thursday, 06 December 2012
နယ်သာလန်နိုင်ငံ ရိုတာဒမ်မြို့ရှိ ဒတ်ခ်ျဆိပ်ကမ်းမှ မိုင်လေးဆယ်ခန့်
ကွာဝေးသော မြောက်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၅ ရက်က ကုန်တင်
သင်္ဘောနှစ်စင်း တိုက်မိရာမှ သဘောင်္သားလေးဦး သေဆုံးခဲ့ကာ၊ ခုနစ်ဦး ပျောက်ဆုံးလျက်ရှိသည်။
ဖြစ်စဉ်မှာ ဘယ်လ်ဂျီယံမှ ဖင်လန်နိုင်ငံသို့ ခုတ်မောင်းသော ဘဲလ်တစ် အေစ့် သင်္ဘောနှင့် စကော့တလန်မှ ဘယ်လ်ဂျီယံသို့ ခုတ်မောင်းလာသော ကောဗတ်စ် ဂျေ သင်္ဘောတို့သည် ဒတ်ခ်ျဆိပ်ကမ်းအနီးရှိ ကျဉ်းမြောင်းသော လမ်းကြောင်းတစ်နေရာတွင် တိုက်မိကြခြင်းဖြစ်သည်။ ယင်းမတော်တဆမှုတွင် ဘဲလ်တစ် အေ့စ်မှ သင်္ဘောသားများ သေဆုံးခဲ့ကြခြင်းဖြစ်ကာ ခုနစ်ဦးမှာ ပျောက်ဆုံးနေသည်။
သက်ကယ်လှေများနှင့် ဟယ်လီကော်ပတာများကို အသုံးပြု၍ အသက်ရှင်လျက်ရှိသူ တစ်ဆယ့်သုံးဦးအား အခင်းဖြစ်ပွားရာ
နေရာအနီးတ၀ိုက်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒတ်ခ်ျကမ်းခြေစောင့်တပ်ဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူ ပီတာ ဗာဘတ်က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အနီအောက်ရောင်ခြည်သုံး ကင်မရာများဖြင့်
ပျောက်ဆုံးနေသူများအား ရှာဖွေလျက်ရှိပြီးပျောက်ဆုံးနေသူတို့အနေဖြင့်
အသက်ရှင်ရန် အခွင့်အရေးနည်းပါးသည်ဟု ကယ်ဆယ်ရေးတပ်ဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူ နီးစ် ဘရင့်ခ်မန်းက ဒတ်ခ်ျနိုင်ငံ ရုပ်သံလွှင့်ဌာနသို့
ပြောဆိုခဲ့သည်။
Source: DailyMail
Planet Myanmar Network

0 comments:
Post a Comment