နိုင်ငံကျော်စတူဒီယို
တေးသံရှင် ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်ပြည့် မွေးနေ့အခမ်းအနားအား
၉.၁၂.၂ဝ၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ မိသားစုနှင့်အတူ
နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/ သူများနှင့်အတူ
ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ကိုဆောင်းဦးလှိုင်သည် မွေးနေ့နှင့်
တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ၏အမျိုးသားနေ့တွင် မွေးဖွား ခဲ့ပြီး
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးရုံတွင် ယင်းနေ့မှစတင်၍
မျက်စိလူနာများ အား မျက်စိခွဲစိတ်မှုပေးသည့်ဖြစ်ပေသည်။
မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊
လုပ်အားပေးများ၊ အလှူငွေ လာရောက်လှူဒါန်းကြသော အလှူရှင်များ၊
သုခကုသိုလ်ဖြစ် ဆေးခန်းသို့လာရောက်၍ ဆေးဝါးကုသကြသော လူနာများနှင့်
လူနာရှင်များတို့ “သုခအာဟာရ” စား သောက်ဆိုင်၌ နို့စိမ်းခေါက်ဆွဲဖြင့်
ဧည့်ခံကျွေးမွေး၍ မွေးနေ့အလှူဒါန ပြုအပ်ခဲ့သည့်အပြင် နာရေး
ကူညီမှုအသင်း(ရန်ကုန်)၏ သုံးထပ်အဆောက်အဦး ခန်းမဆောင်တွင်
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ကိုဆောင်းဦးလှိုင်၏
မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များတို့အား တွေ့ဆုံ၍ ကိုဆေ
ာင်းဦးလှိုင်၏
မိတ်ဆွေတစ်ဦးဖြစ်သူ ကိုချို (ရွှေငါးမောင်မောင်)မှ ရေခဲမုန့်ဖြင့်
ဧည့်ခံကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဂါရဝပြု
ကန်တော့ခဲ့သည်။ ဦးကျော်သူမှ “လူမှုရေး ဂီတသူရဲကောင်းတစ်ဦးအဖြစ်
အသက်ထက်ဆုံး ပေးဆပ်သွားနိုင်သူတစ်ဦးအဖြစ် ဆောင်ရွက်ရန်” တိုက်
တွန်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်ချီးမြှင့်ခဲ့ကြသော ဧည့်သည်များအား
အမှတ်တရစကား များအဖြစ် “ယခုလို မွေးနေ့အခမ်းအနားမျိုး
လုပ်ကိုင်ခဲ့ဖူးခြင်းမရှိပါဘူး။
ဒီနေ့ (၄၁) နှစ်ပြည့် မွေးနေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ
လုပ်အားပေးနေကြတဲ့ လူမှုရေး ညီအစ်ကိုမောင်နှမများတွေဟာ နေ့စဉ် နေ့တိုင်း
အပူသောကများဖြင့်သာ မွှန်းကြပ်နေသည့်အတွက် တဒင်္ဂလေး ကိုယ်စိတ်နှလုံး
ချမ်းမြေ့ စေချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း”
အမှတ်တရပြောကြားခဲ့ပြီး လူမှုရေး သံစဉ်သီချင်း များအား
ကိုဆောင်းဦးလှိုင်နှင့်အတူ မွေးနေ့ပွဲသို့တက်ရောက် ချီးမြှင့်ကြသော
တေးသံရှင် ပိုပို၊ မီးနို၊ ခိုင်ဇာသွေး တို့ဖြင့် ပျော်ရွှင်စွာ
သီဆိုဖျော်ဖြေခဲ့သည်။ ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်မြောက် မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် မွန်မြတ်လှသော လူမှုရေး ပရဟိတလုပ်ငန်းများအား
အများပြည်သူအကျိုးအတွက် ဆက်လက်၍ ထမ်းရွက်နိုင်ပါစေကြောင်း
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများတို့မှ မေတ္တာပို့သ ဆုမွန်ကောင်း
တောင်းပေးလိုက် ပါသည်။
— ဆောင်းဦးလှိုင် - ၄၁ (11 photos)

0 comments:
Post a Comment