Thursday, December 06, 2012 ဒေါက်တာမင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခြဲ့ ဂူဘွဲ့ရခဲ့သည်။ Georgetown University မှ အမျိုးသားလုံခြုံရေးဆိုင်ရာ
ှိ Myanmar Peace Center တွင် ငြိမ်းချမ်းဆိုင်ရာလုပ်ငန်း
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းေ ရောက်နေပြီလို့ ထင်ပါသလဲ။ “ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးက တကယ် “စ” လုံးရေ စဖို့တောင်ကြံတဲ့အဆင့်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစချင်း အကူးအပြောင်းဖြစ်တယ်။ အကူးအပြောင်း မဖြစ်ခင်မှာ ဒီအရင်အစိုးရတွေက ဒီမိုကရေစီ မကျတကျ လစ်ဘရယ် လိုက်ဇေးရှင်းဆိုတဲ့ နိုင်ငံရေးတံခါးလေးကို စဖွင့်ပေးတယ်။ အဲဒီကာလတွေပြီးမှ အကူး အပြောင်း တကယ်ဖြစ်လာတယ်။ အကူးအပြောင်းဖြစ်လာရင် ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်ရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်။ အဲဒီဖြစ်စဉ်တွေ အခြေခိုင်လာပြီ။ နှစ်ပေါင်းများစွာကြာလာတဲ့ေ ဖြစ်တဲ့ transition အဆင့်လောက်ပြောလို့မရသေးဘူး နောက်ပြန်မလှည့်အောင် ပြည်သူဘက်က ဘာလုပ်သင့်လဲ။ လူထုဘက်က နံပါတ်တစ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ အကန့်အသတ်ထားဖို့လိုတယ်။ ဒီနေ့အချိန်ဟာ “စ” လုံးရေစအချိန်ပဲဖြစ်တယ်။ အဲဒီတော့ ပြဿနာအများစုကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအမြင်လေးကို ကျွန်တော်တို့မြင်ဖို့ လိုတယ်။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံကို ကျွန်တော်တို့ သွားတော့မယ်ဆိုရင် ဒီမိုကရေစီသဘောတရားက ကိုယ်လိုချင်တာ တောင်းတာတစ်ခုတည်း မဟုတ်ဘူး။ တခြားသူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့က သိနိုင်ဖို့လိုတယ်။ အရင်တုန်းက အာဏာရှင်စနစ်မှာတော့ ဥပဒေဆိုလို့ရှိရင် ဒါဟာ မတရားတဲ့ဥပဒေဆိုတဲ့အတွက် ဒါဟာ ဖီဆန်ရမယ်ဆိုတဲ့သဘော ရှိလာတယ်။ ဒီမိုကရေစီနိုင်ငံ အကူးအပြောင်း ဖြစ်ဖို့ ကြိုးစားလာတဲ့အချိန်မှာ ဥပဒေတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်နာတတ်ရမယ်။ လူထုကြားထဲမှာ ကျင့်သုံးဖို့လိုမယ်။ အခြားဒီမိုကရေစီနိုင်ငံတွေလ တပ်မတော်ကို နိုင်ငံရေးထဲက ထွက်စေချင်တယ်ဆိုလို့ရှိရင် ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ အဲဒါဘာလဲဆိုတော့ လုံခြုံရေး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို လက်ရှိရှိတဲ့ လူမျိုးစုလက်နက်ကိုင် တိုင်းရင်းသားပြဿနာကို မဖြေရှင်းပေးနိုင်ရင် လုံခြုံရေးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒါကို မဖြေရှင်းပေးနိုင်ရင် တပ်မတော်ကိုလည်း ကျွန်တော်တို့က နိုင်ငံရေးထဲက ထွက်ဆိုတဲ့ဟာ ပြောရခက်လာလိမ့်မယ်။ တခြားနိုင်ငံတွေ ကြည့်တဲ့အခါမှာလည်း အင်ဒိုနီးရှားမှာ အာချေမှာ ပြည်တွင်းငြိမ်းချမ်းရေးရခဲ သမ္မတဦးဆောင်တဲ့ လုပ်ရပ်တွေကို တောက်လျှောက်ထောက်ခံမှုရလာတာ လက်ရှိ အနေအထားမှာတော့ ဒီလိုမျိုး အကျပ်အတည်းတွေက ရှိလာမှာပဲ။ ဒါပထမဆုံးအကြိမ်ဆိုပေမယ့် ဒါမျိုးတွေလည်း နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ဘာအကျပ်အတည်းဖြစ်ဖြစ် အစိုးရဘက်ကကော အတိုက်အခံဘက်ကကော လူထုကြားထဲမှာပါ ပဋိပက္ခဖြေရှင်းတဲ့ပုံစံနဲ့ အရင်ချဉ်းကပ်ဖို့လိုတယ်။ ဒီမိုကရေစီစနစ်သွားနေပြီ။ ဒီမိုကရေစီကျင့်စဉ်က ဒီလိုလုပ်ရမယ်ဆိုပြီးတော့ စံပေတံတွေနဲ့ တိုင်းလို့က မလွယ်သေးဘူး။ အခုအချိန်မှာ။ ပြဿနာတွေကို ဖြေရှင်းတဲ့ ပဋိပက္ခဖြေရှင်းတဲ့ အခြေခံမျိုးနဲ့ မချဉ်းကပ်နိုင်သ၍ လက်ပံတောင်းတောင်လို ကိစ္စမျိုးက ဒါအစိုးရဘက်က တစ်ခုတည်းတင်မကဘူး။ ဘက်ပေါင်းစုံက အင်အားစုပေါင်းစုံက ဒီပုံစံနဲ့ ချဉ်းကပ်ဖို့လိုတယ်။ ငါတို့က ဒါတောင်းဆိုတယ်။ မရရင် တစ်လက်မမှ မလျှော့နိုင်ဘူးဆိုတဲ့ ဟာမျိုးကျတော့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ဖို့ပ ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တာတွေ တော်တော်များများရှိတယ်ပြော ကျွန်တော်လည်း အသွင်ကူးပြောင်းရေးတွေ အများကြီးလေ့လာခဲ့တယ်။ ကျွန်တော်တို့ အသွင်ကူးပြောင်းရေးက အခက်ဆုံးပဲ။ ကျွန်တော်တို့လောက် ပြဿနာရှုပ်ထွေးတဲ့ အကူးအပြောင်း၊ ပြဿနာများတဲ့ အကူးအပြောင်း မရှိခဲ့သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အားကောင်းချက်က ဘာလဲဆိုတော့ အားနည်းချက်လည်း ဖြစ်လာနိုင်တာပေါ့ဗျာ။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ၊ အရင် ဦးနေ၀င်းအုပ်ချုပ်ခဲ့တဲ့ မ.ဆ.လအစိုးရလက်ထက်မှာ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေ ပြည်တွင်းစစ်တွေဖြစ်ပြီး အပြောင်းအလဲဖြစ်တဲ့အချိန်မှ လက်ရှိအစိုးရရဲ့ လုပ်ခဲ့တာတွေအနက် ကောင်းတာ၊ ဆိုးတာတွေက ဘာလို့မြင်မိလဲ။ အားနည်းချက်ကို အရင်ပြောရရင်တော့ အစိုးရတစ်ခုလုံးမှာ ရှေ့ကိုရွှေ့တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ မူဝါဒတွေချမှတ်ပြီး ရွှေ့နိုင်တာ အားနည်းခဲ့တယ်။ မူဝါဒတွေ အကောင်အထည်ဖော်တာ အားနည်းခဲ့တယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပြဿနာ။ မူဝါဒဆိုတာ အပေါ်ကချမှတ်လိုက်တာ လွယ်တယ်။ အကောင်အထည်ဖော်တာက ၀န်ကြီးဌာနတွေ ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ရတယ်။ ဒါပေမဲ့ အပေါ်ကလူရဲ့ မူဝါဒကသာ အသစ်ဖြစ်လာတာ အောက်ကယန္တရားက အဟောင်းကြီး။ အဟောင်းကြီးကနေ မူဝါဒအသစ်ကို လုပ်ရတဲ့အခါကျတော့ အများကြီး ခက်တယ်။ နောက်တစ်ခုက ခုနကပြောတဲ့ World View ပေါ့။ ပြောင်းချင်တဲ့ဆန္ဒရှိတယ်။ ဒီမိုကရေစီကိုသွားချင်တယ်။ ဒါပေမဲ့ အချို့ World View တွေက ဒီမိုကရေစီဘက်ကိုသွားတဲ့ World View နဲ့ အရင်ခေတ်က World View ကို ဒီမိုကရေစီခေတ်ထဲကို ဆွဲယူပြီးမှ စဉ်းစားတာပိုပြီး ခရီးရောက်တယ်ပေါ့။ နောက်ပြန်ဆွဲတဲ့ အတွေးအခေါ် မျိုးတွေက ဆန့်ငင်ဆန့်ငင်နဲ့ ပါလာကြတာကိုဗျ။ နောက်တစ်ခုက ကျွန်တော်တို့မှာ Capacity အရမ်းကြီးတယ်။ လုံခြုံရေးဘက်က ပဲကြည့်ကြည့်၊ အစိုးရဘက်ကပဲကြည့်ကြည့်၊ ဌာနဆိုင်ရာဘက်ကပဲ ကြည့်ကြည့် Capacity ပြဿနာက အရမ်းကြီးတော့ အဲဒီပြဿနာက များလေလေ လုပ်ငန်းအကောင်အထည်ဖော်ဖို့ အောင်မြင်တဲ့ဘက်က ပြန်ကြည့်ရင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံးလ ပဲရှိတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ပြည်တွင်းစစ်မှာ ကျွန်တော်တို့လောက် အပစ်အခတ်ရပ်စဲတာ အောင်မြင်ခဲ့တာမရှိဘူး။ အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ဘက်က ၀န်ကြီးတစ်ယောက်က ဖက်ဒရယ်ဆိုတာ ရဲရဲပြောရဲလာပြီ။ ဖက်ဒရယ်ကို အတိုက်ခံတွေတောင် ဒီမှာပြောဖို့ တော်တော်စဉ်းစားရတယ်။ ဒီမှာ ဖက်ဒရယ်ကို ကြောက်စရာမလိုဘူးဆိုတာ ဦးအောင်မင်းလိုလူမျိုး ရဲရဲပြောရဲလာတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက် မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒါကသော့ချက်ပဲ။ ဒီသော့ချက်ကို ရဲရဲပြောရဲပြီး ရဲရဲစားပွဲပေါ်တင်ရဲတဲ့အဆင့် ဘာများဖြည့်စွက်ပြောချင်ပါေ ဒီမိုကရေစီအပြောင်းအလဲမှာ နံပါတ်တစ်အန္တရာယ်အရှိဆုံး ဂိုဏ်းဂဏပြဿနာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့လိုတယ်။ ကျွန်တော်တို့မှာလည်း ပုဂ္ဂိုလ်ရေးအရတို့၊ ကိုယ်လုပ်နေတဲ့ အလုပ်အရတို့ တိုက်ခိုက်ခံရတာရှိတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် ကျွန်တော်ကိုယ်တိုင်ကော ဒါတွေကို မတုံ့ပြန်ဖို့လိုတယ်။ ကျွန်တော်တို့က ဒီဟာတွေကိုတုံ့ပြန်ပြီး ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော်တို့ရဲ့ ပဋိပက္ခက ပိုကြီးလာဖို့ပဲရှိတယ်။ ဂိုဏ်းဂဏပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက အတူအလုပ်တွဲလုပ်နိုင်ဖို့နည ရေးသားသူ- ထွန်းခိုင်၊ ရန်မျိုးနိုင် 7Day News Journal |
0 comments:
Post a Comment