Pages

Sunday, December 9, 2012

သစ်သီးဝလံ အခြေခံစား သောက်ကုန် ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်မည်



Sunday, 09 December 2012

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် အရှေ့မြို့ပတ်လမ်း အထက်တန်း ရက်ကန်းကျောင်း၌ (၂၈)ကြိမ်မြောက် သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း
ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂ဝ ရက်မှ ၂၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းတွင် သစ်သီးများ၏ သဘာဝနှင့်ပါဝင်သော အာဟာရဓာတ်များ အကြောင်း၊ သစ်သီးဖျော်ရည်မျိုးစုံ ထုတ်လုပ်နည်း၊ သစ်သီးယိုမျိုးစုံ ထုတ်လုပ်နည်း၊ ဂျယ်လီမျိုးစုံ ထုတ်လုပ်နည်း၊ ကော်ဖီနှင့် ဂျမ်ထုတ်လုပ်နည်း၊ သစ်သီးဝိုင်
ပြုလုပ်နည်း၊ ပြောင်းဖူး၊ ပဲနို့ထုတ်လုပ်နည်း၊ ကြိုတင် သိထားရမည့် အစားအသောက် ဆိုင်ရာဥပဒေ၊ အစားအသောက်သုံး ဓာတုဗေဒဆေးများ သုံးစွဲပုံနည်း စနစ်များစသည့် ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်သည်။

စိတ်ပါ ဝင်စားသူများသည် အထက်တန်းရက်ကန်းကျောင်း အရှေ့မြို့ပတ်လမ်း ရေအေးကွင်းရပ်ကွက် တောင်ကြီးမြို့ ဖုန်း -ဝ၈၁-၂၁၆၁၄၊ ဝ၉- ၄၂၈၃၂ဝ၂၃၅၊ ဝ၉-၄၂၈၃၃၃၆၉၃ တို့သို့
ဆက်သွယ် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment