Pages

Wednesday, December 19, 2012

တရားမ၀င်အမဲသားများ ဖမ်းဆီးရမိ


Wednesday, December 19, 2012

၁၇-၁၂-၂၀၁၂ရက်နေ့ ၁၈၀၀အချိန် မန္တလေးစည်ပင်သာယာရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များသည် သတင်းအရ အမရပူရမြို့နယ်၊ ထုံးဖို-မြစ်ငယ်
လမ်းဆုံတွင် ကျောက်ဆည်မှမန္တလေးသို့ မိတ်္ထီလာမြို့၊ ရန်အောင်
ရပ်ကွက်နေ စိုးမြင့်အောင်(၂၇)နှစ်မောင်းနှင်ပြီး မိတ်္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်နေ မျိုးမင်းထွန်း(၂၇)နှစ်လိုက်ပါလာသည့် 
၈ခ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းရှိ ပလပ်စတစ်ပုံးဖြင့်ထည့်ထားသည့် အမဲသားကြွက်လုံး ၇၄၅ ပိဿာ၊ အမဲသားပါး ၂၃၉ ပိဿာ၊ စုစုပေါင်း ၉၈၄ ပိဿာအား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ ကျေးရွာ များမှ ကြိုတင်ငွေပေးမှာ
ယူခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်နေ ဦးရန်နိုင်ဇော်ထံ
ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိအမဲသားများအား စည်ပင်သာယာရေးဦးစီးဌာန၊
ဈေးနှင့်သားသတ်ဌာန၊ ဌာနခွဲမှူးထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး
လေလံတင်ရောင်းချခဲ့ရာ အမဲသားကြွက်လုံး ၁ ပိဿာလျှင် ငွေကျပ် (၃၁၀၀ိ/-)၊ အမဲသားပါး ၁ ပိဿာလျှင် ငွေကျပ် (၂၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၈၇၅၀၀ိ/-)ရရှိခဲ့သည်။ သို့ဖြင့် တရားမ၀င်အမဲသားများ သယ်ဆောင်လာသူ စိုးမြင့်အောင်နှင့် မျိုးမင်းထွန်းတို့(၂)ဦးအား စည်ပင်သာယာ အက်ဥပဒေပုဒ်မ ၂၆ ဖြင့် စည်ပင်သာယာအထူးတရားရုံးသို့ တရားစွဲတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment