Pages

Thursday, December 6, 2012

ဆူပူအကြမ်းဖက်မှုများကြောင့် စာမေးပွဲမဖြေဆိုလိုက်ရသည့် စစ်တွေတက္ကသိုလ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ မောင်တော အ .ထ .က တွင် ဖြေဆိုခွင့်ရ



Thursday, 06 December 2012

ဆူပူအကြမ်းဖက်မှုများကြောင့် စာမေးပွဲမဖြေဆိုလိုက်ရသည့် စစ်တွေတက္ကသိုလ်နေ
့သင်တန်းကျောင်းသား၊ ကျောင်းသူများကို
မောင်တော အ.ထ. က တွင် ဖြေဆိုခွင့်ပြုထားကြောင်း သတင်းရရှိသည်။

ယခုစစ်ဆေးနေသည့် စာမေးပွဲမှာ ၂၀၁၂-၁၃ ပညာသင်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် စစ်တွေတက္ကသိုလ်
ဒုတိယနှစ်ဝက် နေ့သင်တန်း စာမေးပွဲဖြစ်ပြီး ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများကြောင့်မဖြေဆိုလိုက်ရသည့် ကျောင်းသား၊
ကျောင်းသူ နှစ်ရာကျော် ဖြေဆိုနေကြကာ အများစုမှာ ဘင်္ဂါလီကျောင်းသားများဖြစ်ကြောင်း သိရသည်။

စာမေးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၁ ရက်နေ့ထိ စစ်ဆေးသွားမည်
ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် စစ်တွေတက္ကသိုလ် နေ့သင်တန်းကျောင်း တက်ရချိန် ဇွန်လတွင် မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်
ခဲ့သည့်အတွက် မောင်တောမြို့မှ ကျောင်းသား၊ ကျောင်းသူများမှာ စာမေးပွဲကျင်းပချိန်တွင် သွားရောက် မဖြေဆိုနိုင်ကြသည့်အတွက် ယခုကဲ့သို့ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ဂုဏ်ထူးတန်းများလည်း ပါဝင်ကြောင်းသိရသည်။ စာမေးပွဲစစ်ဆေးနေချိန်အတွင်း ကျောင်းသား၊
ကျောင်းသူများ စာဖတ်ရန်အတွက် အစိုးရမီးကို အာရုံအချိန်တွင်လည်း
ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

Eleven Media Group
9

0 comments:

Post a Comment