Thursday, 06 December 2012
ထိုင်းရှပ်နီ လှုပ်ရှားမှု ခေါင်းဆောင် များအနက် တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဆန္ဒပြမှု များတွင် ပါဝင်ခဲ့သည့် လွှတ်တော် အမတ် ကော်ကျူး ပစ်ခူေ
သာင် သည် ၄င်းရရှိသော အာမခံကို ချိုးဖောက်မှုဖြင့် ထောင် သွင်း အကျဉ်းချ ခံရကြောင်း သိရ သည်။
ထိုင်းရာဇဝတ်တရားရုံးတော် ကအမတ်ပစ်ခူသောင်သည် ဇူလိုင်လက ရရှိထားသော အာမခံကို ချိုး ဖောက်ကာ တရားသူကြီးများအား အစိုးရနှင့် ဆန့်ကျင်၍ တရားစီရင် မှုမပြုရန် ခြိမ်းခြောက်ခဲ့၍ ဘန်ကောက်ရှိ
ရီမန်ထောင်သို့လွှဲပြောင်း အကျဉ်းချခံရကြောင်း ဆိုသည်။
ကော်ကျူးပစ်ခူသောင်သည် ယမန်နှစ်က ရွေးကောက်ပွဲတွင် သက်ဆင်၏ယခင်မဟာမိတ်ဟောင်း ရှပ်နီများနှင့်အတူအမတ်နေရာ
အရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်သည်။
၎င်းသည် ၂၀၁၀ ပြည့်နှစ်က ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့မှုဖြင့် တရားရင်ဆိုင်ရန် ရှိသည့်ရှပ် နီခေါင်းဆောင် ၂၄ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကာ ရုံးတော် ကစွပ်စွဲသည့် ပြစ်မှုအရ ၄င်းအပါ
အဝင် ကျန်အမတ်လေးဦးပါ သေဒဏ်အထိ ချမှတ်ခံရဖွယ် ရှိနေ သည်။
ထိုအမှုကို ထိုင်းပါလီမန် ရပ် နားချိန်တွင်မှသာ ကြားနာဖွယ် ရှိကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ထိုပါလီမန်အမတ်များမှာလက်ရှိ တွင်
အမတ်ဖြစ်၍ပြစ်ဒဏ်စွပ် စွဲခြင်းမှ ကင်းလွတ်ခွင့်ရထားသောကြောင့်
ဖြစ်သည်။
—Ref: AFP
7Day News

0 comments:
Post a Comment