Pages

Thursday, December 6, 2012

ရွှေဈေးကွက် အေးစက်



Thursday, 06 December 2012

ရွှေဈေး အတက်အကျများပြီး အပိုင်းဈေးကွက်တွင် အရောင်းအဝယ်
ပြုလုပ်သူ နည်းနေသဖြင့် ဈေးကွက် အေးနေကြောင်း ရွှေလုပ်ငန်းရှင်များ ကပြောသည်။

"ဈေးတွေက ပြန်ကျ လာပေမယ့် အရောင်းအဝယ်က အေးနေတယ်။ အပိုင်းမှာဆို ရောင်းတဲ့ သူရော၊ ဝယ်တဲ့သူရော နည်းနေတယ်။ အရောင်းအဝယ် သိပ်မလုပ်ကြဘူး။ ဖြတ်စမှာလည်း အရင်ထက်
စာရင် ဈေးကွက်အေးလာတယ်" ဟု အောင် သမာဓိရွှေဆိုင်မှ ရွှေဆိုင်
လုပ်ငန်းရှင် တစ်ဦး ကပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်း များသည် တစ်အောင်စလျှင် ၁,၇၅၀ ဒေါ် လာဝန်းကျင်မှ တစ်ဖြည်းဖြည်း ပြန်လည်ကျဆင်းလာရာ ၁,၇၁၄ ဒေါ်လာအထိ ပြန်လည်
ရောက်ရှိ လာခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်း များမှာလည်း အခေါက်ရွှေ
တစ်ကျပ်သား လျှင် ၇၈၀,ဝ၀ဝ ကျပ်နှုန်းဝန်း ကျင်မှ ၇၇၆,ဝ၀ဝ ကျပ်ထိ ဈေးနှုန်း များ ကျဆင်းလာသည်။

"အသင်းရုံးဘက်မှာ လုပ်တဲ့ အရောင်းအဝယ်က တရုတ်က မဆွဲတော့ ခပ်အေးအေးပဲ။ ဈေးအ တက်အကျရှိပေမယ့် အရောင်းအဝယ် သိပ်မလုပ်ကြဘူး။ အရပ်ဘက်ကလည်း ပြန်ရောင်းတဲ့သူ မရှိတော့ ဈေးကွက်က အေးနေတယ်" ဟု အပိုင်းဈေးကွက် တွင် အရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးက ပြောသည်။

မြန်မာ့ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေး အတက်အကျ အပေါ်မူတည်ပြောင်းလဲနေပြီး ဈေးနှုန်း အတက်အကျမှာလည်း ခန့်မှန်းရခက်သဖြင့် ရွှေဝယ်ယူ စုဆောင်းသူမရှိသေးဘဲ ဈေးကွက်
စောင့်ကြည့်သူများနေသည့် အ နေအထားဖြစ်နေကြောင်း ရွှေ လုပ်ငန်းရှင်များက ပြောသည်။ အထည်ဈေးကွက်တွင် မူ
ဈေးအတက်အကျကြောင့် ဈေး ကွက်ပြောင်းလဲမှု မရှိဘဲ ဝယ်လို အားကောင်းနေဆဲဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောကြားသည်။

သိမ့်သိမ့်စိုး
7Day News
15

0 comments:

Post a Comment