Sunday, 09 December 2012
သမိုင်း တစ်လျှောက် ရန်သူအများဆုံး ချေမှုန်းနိုင်တဲ့ စစ်သားကတာ့၊ ရာဇဝင်လို လို၊ ဒဏ္ဍာရီလိုလိုနဲ့ နိုင်ငံကိုယ်စီမှာ ရှိကြပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံး အသိမှတ်ြ
ပု လက်ခံခဲ့တဲ့ ရန်သူအများဆုံး ချေမှုန်းနိုင်တဲ့
စစ်သားများထဲက တစ်ဦးကတော့ ဂျာမနီ စစ်သား Fritz Christen ဖြစ်ပြီး ရန်သူ စစ်သားပေါင်း အယောက် ၁၀၀ နဲ့ ရန်သူ တင့်ကား ၁၃ စီးကို တစ်ယောက်တည်းနဲ့ ပွဲကြမ်း ခဲ့သူ ဖြစ်ပါ တယ်။
ဒုတိယ ကမ္ဘာစစ်ကာလ ဖြစ်ပြီး ဂျာမနီကို ဆိုဗီယက်တို့ ထိုးစစ်ဆင်နေတဲ့ ကာလမှာ ဖြစ်ပါတယ်။ Fritz Christen ဟာ ဂျာမနီနိုင်ငံ အရှေ့ ဘယ်လိုင်း Waffen-SS ခံတပ်မှာ တာဝန်ကျပါတယ်။ ဆိုဗီယက် တပ်တို့ ထိုးစစ် ဆင်မှုကြောင့် Waffen-SS မှာခံတပ်အဖြစ် ထားရှိတဲ့ ဂျာမနီ စစ်သား အားလုံး သေကုန်ပါတယ်။ Christen တစ်ဦးသာ ကျန်ရှိခြင်း ဖြစ်ပါတယ်။ ဂျာမနီ တပ်ကူတို့ ရောက်ဖို့က ၃ ရက်လောက်လိုပါတယ်။ တပ်စုနဲ့အတူ တိုက်ခိုက်အပြီး တစ်ယောက်တည်း ကျန်ချိန်မှာတော့ လက်နက်ချရမယ့် အနေအထားကို ကြုံနေပါတယ်။ အားဖြည့်မယ့် တပ်ကလည်း နောက်ထပ် ၃ ရက်မှ ရောက်မှာ ဖြစ်ပါတယ်။
သို့ပေမယ့် Christen ဟာ လုံးဝ အညံ့မခံပဲ ခုခံ တိုက်ခိုက်ပါတယ်။ တစ်ယောက်တည်း ကိုယ်လွတ်ရုန်း ပြေးရင် ရပေမယ့် လုံးဝတောင် စဉ်းစားခဲ့သူ မဟုတ်ပါဘူး။ လက်နက်ကြီးငယ်ကို တစ်ဦးတည်း အစီအစဉ်ချပြီး တက်လာသမျှ ဆိုဗီယက်ကို တိုက်ခိုက်ပါတယ်။ ကိုယ်တိုင်ကလည်း အနည်းဆုံး လူနှစ်ဦး ထိုင် ပစ်ရမယ့် ၅၀မီလီမီတာ ကန်နွန်း သေနတ်ပစ်စင်ကို တစ်ယောက် တည်း အသုံးပြုလို့ တက်လာသမျှ ပစ်ခတ်ပါတယ်။ သူခုခံ တိုက်ခိုက်တဲ့ သုံးရက်အတွင်း ဆီုဗီယက် စစ်သား အယောက် ၁၀၀ သေလို့ ဆိုဗီယက် တင့်ကား ၁၃ စီး ကျဆုံးသွား
ပါတယ်။ နောက်တက်မယ့် ဆိုဗီယက်တွေတောင် အရှေ့ မထွက်ရဲ
တော့ပါဘူး။
ဂျာမနီ တပ်ကူများ ရောက်လာချိန်မှာ သူတစ်ယောက်တည်း ပစ်ခတ်၊ခုခံ နေ တာကို တွေ့ ရတော့ အံ့သြသွားပြီး ရဲစွမ်း သတ္တိကိုလည်း လေးစားခဲ့ကြ ပါတယ်။ ဒါကြောင့် ဟစ်တလာကိုယ်တိုင် စစ်သား Christen ကို သူရဲကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ ဆိုဗီယက် တစ်တပ်စာကို တစ်ယောက် တည်းနဲ့ အပြတ်ချေမှုန်းနိုင်ခဲ့တဲ့ Chriten ဟာ ယနေ့တိုင် ဂျာမနီမှာ သူရဲကောင်း အဖြစ် မော်ကွန်းတင် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: German-facts
International news for myanmar

0 comments:
Post a Comment