Sunday, 09 December 2012
ပခုက္ကူဒေသတွင်း ရေသွင်းစိုက်ပျိုးလုပ်ကိုင်သော မိုးစပါးခင်းအချို့တွင်
ကြွက်များဖျက်စီးမှုများနှင့် ကြုံတွေ့နေရ၍ အထွက်နှုန်းလျော့ကျပြီး စပါးကြိတ်ခွဲရာတွင်လည်း စက်ပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် အရည်အသွေးလိုအပ်ချက်များ ရှိနေပြီး အောက်ပိုင်းဒေသများမှ မိုးဆန်ဈေးနှုန်းများကဲ့သို့ ဈေးနှုန်းရရှိခြင်း မရှိကြောင်း သတင်းရရှိသည်။
ပခုက္ကူမြို့မှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသထွက် ဆန်များနှင့်
ရွှေဘိုဒေသထွက် ဆန်များအားအများဆုံးဝယ်ယူ ရောင်းချရာမြို့ဖြစ်သည့်
အတွက် ဒေသထွက်ဆန်များ အရည်အသွေး လိုအပ်ချက်များကြောင့်
ဈေးရရှိမှုတွင် ၄င်းဒေသများမှထွက်သည့် ဆန်များထက် ကျပ် ၁၀၀၀ ခန့်လျော့နည်းကြောင်းသိရသည်။
''စိုက်ဖို့၊ ပေါင်းသင်ဖို့၊ ရိတ်သိမ်းဖို့အတွက် ခေါ်ရတဲ့အလုပ်သမားခက
တော်တော်များတယ်။ မျိုးစေ့၊ မြေသြဇာနဲ့ အလုပ်သမားစရိတ် ပေါင်းရင်
တစ်ဧကကို ကျပ်တစ်သိန်းကျော်လောက် ကုန်တယ်။ ဒီနှစ်စပါးပေါ်ချိန်မှာ
ကြွက်ကျတော့ အထွက်က တော်တော်လျော့သွားတယ်။ မနှစ်က တင်း ၁၀၀ ကျော်လောက်ရတယ်။ ဒီနှစ်တင်း ၇၀၊ ၈၀ လောက်ပဲရတယ်'' ဟု ရွှေတန်းတစ်ရွာမှ မိုးစပါးစိုက်ပျိုးသူတစ်ဦးက ပြောကြားသည်။
ပခုက္ကူဒေသ မိုးစပါးစိုက်ပျိုးမှုတွင် မနောသုခအမျိုးအစားကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးမှုတစ်ဧကလျင် ကျပ်တစ်သိန်းကျော် ကုန်ကျပြီး ယခင်နှစ်တွင် တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ကျော် ရှိခဲ့ပြီး ယခုနှစ်တွင် ကြွက်ကိုက်ဖျက်ဆီးမှုများကြောင့် တစ်ဧကအထွက်နှုန်း တင်း ၇၀ ကျော် သာထွက်ရှိမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
Eleven Media Group
ပခုက္ကူမြို့မှာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသထွက် ဆန်များနှင့်
ရွှေဘိုဒေသထွက် ဆန်များအားအများဆုံးဝယ်ယူ ရောင်းချရာမြို့ဖြစ်သည့်
အတွက် ဒေသထွက်ဆန်များ အရည်အသွေး လိုအပ်ချက်များကြောင့်
ဈေးရရှိမှုတွင် ၄င်းဒေသများမှထွက်သည့် ဆန်များထက် ကျပ် ၁၀၀၀ ခန့်လျော့နည်းကြောင်းသိရသည်။
''စိုက်ဖို့၊ ပေါင်းသင်ဖို့၊ ရိတ်သိမ်းဖို့အတွက် ခေါ်ရတဲ့အလုပ်သမားခက
တော်တော်များတယ်။ မျိုးစေ့၊ မြေသြဇာနဲ့ အလုပ်သမားစရိတ် ပေါင်းရင်
တစ်ဧကကို ကျပ်တစ်သိန်းကျော်လောက် ကုန်တယ်။ ဒီနှစ်စပါးပေါ်ချိန်မှာ
ကြွက်ကျတော့ အထွက်က တော်တော်လျော့သွားတယ်။ မနှစ်က တင်း ၁၀၀ ကျော်လောက်ရတယ်။ ဒီနှစ်တင်း ၇၀၊ ၈၀ လောက်ပဲရတယ်'' ဟု ရွှေတန်းတစ်ရွာမှ မိုးစပါးစိုက်ပျိုးသူတစ်ဦးက ပြောကြားသည်။
ပခုက္ကူဒေသ မိုးစပါးစိုက်ပျိုးမှုတွင် မနောသုခအမျိုးအစားကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးမှုတစ်ဧကလျင် ကျပ်တစ်သိန်းကျော် ကုန်ကျပြီး ယခင်နှစ်တွင် တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ကျော် ရှိခဲ့ပြီး ယခုနှစ်တွင် ကြွက်ကိုက်ဖျက်ဆီးမှုများကြောင့်
Eleven Media Group



0 comments:
Post a Comment