Pages

Thursday, December 6, 2012

နျူကလီးယား အရေးပေါ် အခြေအနေ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး စင်ကာပူ ကျင်းပမည်



Thursday, December 06, 2012

အာရှ နိုင်ငံများ အနေဖြင့် နျူကလီးယား အရေးပေါ် အခြေအနေ များအား လျင်လျင် မြန်မြန် တုံ့ပြန် နိုင်ရေး အတွက် အသင့် ပြင်ဆင်မှု များအား တိုးမြှင့် ဆေ
ာင်ရွက်လျက် ရှိပါသည်။

အာရှ နိုင်ငံများ၏ ရေဒီယို သတ္တိကြွ မှုနှင့် နျူကလီးယား အရေးပေါ် အခြေအနေ ဆိုင်ရာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များသည် စင်ကာပူ နိုင်ငံ၌ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ
ကျင်းပမည့် အလုပ်ရုံ ဆွေးနွေး ပွဲသို့ တက်ရောက် ကြမည် ဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ၏ မိတ်ဖက် ဖြစ်သော စင်ကာပူ အမျိုးသား ပတ်ဝန်းကျင် ဆိုင်ရာ အေဂျင်စီ (NEA ) က လက်ခံ ဆောင်ရွက် သွားမည် ဖြစ်ပြီး အရှေ့တောင် အာရှတွင် ပထမဦးဆုံး အကြိမ် ဖြစ်ပါသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သူ များသည် နျူကလီးယား
ဘေးကင်းရေး ဆိုင်ရာ ပြုလုပ်နည်း များနှင့် ဆက်သွယ်ရေး ကိရိယာများ အသုံးပြုမှု တို့ကို IAEA ထံမှ သင်ယူ နိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီ
15

0 comments:

Post a Comment