Wednesday, December 19, 2012
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အနောက်ဖက်ခြမ်းရှိ အလောင်းတော်
ကဿပဘုရား ဘုရားဖူးလမ်းပိုင်း ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း ဖိုလ်ဝင်တောင်ရှိ နာယက ဆရာတော် အရှင်သုမနက မိန့်ကြား သည်။
ယခုနှစ်ဘုရားလမ်းပိုင်းဖွင့်လှစ်နိုင်ခြင်းမှာ နှစ်တိုင်းထက် တစ်လကျော်စော၍
ဖွင့်နိုင်ကြောင်း ဖိုလ်ဝင်တောင်ရှိ ပုပ္ပားကျောင်းတိုက်မှ ဆရာတော် တစ်ပါးက ဆက်လက်မိန့်ကြားသည်။
"ဒီနှစ် မိုးတွင်းပိုင်း လမ်းအပျက်အစီးနည်းတယ် နှစ်တိုင်းထက် တစ်လကျော်စောဖွင့်နိုင်မယ် ၂၁ ရက်နေ့ဖွင့်ပွဲ မှာတော့ ဝန်ကြီးချုပ် ဦးသာအေးတက်မယ်လို့ပြောတယ် နေရာကတော့ ကပိုင်မှာလုပ်မှာပါ "ဟု ယင်းကဆက်လက်မိန့်ကြားသည်။
အလောင်းတော်ကဿပဘုရားလမ်းပိုင်းသည် ကပိုင်မှ ဘုရားရင်ပြင် အထိ တောင်တက် လမ်းဖြစ်ပြီး နှစ်စဉ်မိုးရာ သီရောက်တိုင်း ပျက်စီးလေ့ရှိကာ ဘုရားဖူးရာသီရောက် တိုင်း ပြန်လည်ပြုပြင် ရကြောင်း သိရသည်။
တည်ကြည်အေး
Yangon Media Group
0 comments:
Post a Comment