Saturday, 08 December 2012
ဧရာဝတီ-ချင်းတွင်း-သံလွင်မြစ်များနှင့် ရခိုင်-တနသာင်္ရီကမ်းရိုးတန်း
တလျှောက်တွင် ခရီးသည်တင် အဆင့်မြင့် (စပိဘုတ်) ခေတ်မှီ
ရေယာဉ်များ ပြေးဆွဲသွားမည
် ဖြစ်ကြောင်း အလင်းသစ် သင်္ဘော
ရေကြောင်းလိုင်းမှ သိရှိရသည်။
ထိုသို့ ပြေးဆွဲပေးနိုင်ရန်အတွက် အဆင့်မြင့်ခေတ်မှီ (စပိဘုတ်) အမြန်ယာဉ်များအား မလေးရှားနိုင်ငံမှ (၁၀)စင်း၊ စင်္ကာပူနိုင်ငံမှ (၂၀)စင်း၊ ဂျပန်နိုင်ငံမှ(၂၀)စင်း တို့မှ အသီးသီး မှာယူထားပြီး ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
"ခရီးသည်တွေ အချိန်ကုန်သက်သာအောင်လို့ ဒီလိုစပိဘုတ်များ တိုးချဲ့ပြေးဆွဲသွားမယ်၊ အခုဆို ဂျပန်တို့၊ကိုရီးယား တို့ကနေ
ရေကြောင်းနဲ့ကုန်သွယ်ဖို့ ကမ်းလှမ်းထားတာရှိတာမို့ စပိဘုတ်စီးရေကို (၃)လတခါလောက်တိုးချဲ့ပြီး အစီး(၃၀၀)လောက်ထိ တိုးချဲ့သွားဖို့ရှိပါတယ်” ဟု အလင်းသစ် သင်္ဘောရေကြောင်းလိုင်းမှ ဥက္ကဌ ဦးတာနိုင်က
ပြောသည်။
လက်ရှိတွင် အလင်းသစ်သဘောင်္ရေကြောင်းလိုင်းမှ မြန်မာ့ကမ်းရိုးတန်း
ပင်လယ်ပြင်တွင်း သင်္ဘော ရေယာဉ် အစင်းပေါင်း (၄၀)ဖြင့်
ပြေးဆွဲပေးလျှက်ရှိကြောင်း ၄င်းရေကြောင်းလိုင်းမှ သိရှိရသည်။
အဆိုပါ ခရီးသည်တင် အဆင့်မြင့် ခေတ်မှီရေယာဉ်များကို ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှစတင်၍ ပြေးဆွဲ သွားမည်ဖြစ်ပြီး ရေယာဉ်အမျိုးအစား A-HSC-CODE-2022,WORK BOOT,AIR သုံးထပ် အမြန်ရေယာဉ်တို့ဖြင့် တနသာင်္ရီကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော
ကော့သောင်း-မြိတ်-ထားဝယ်-မော်လမြိုင်-ရန်ကုန်-ပုသိမ်-သံတွဲ-
တောင်ကုတ်-မြောက်ဦး-စစ်တွေ မြို့ခရီးစဉ်များသို့ အဓိကထား
ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုရေယာဉ်များပေါ်တွင် ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရန်အတွက် ဆရာဝန်တစ်ဦး၊ သူနာပြု(၄)ဦး၊ ရေကူးကျွမ်းကျင် ၀န်ထမ်း(၆)ဦးပါဝင်ကာ လ္ဘက်ရည်၊ အအေး၊ နေ့လည်စာများ ကိုလည်း ၀န်ဆောင်မှုအနေဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရီးစဉ်များအတွက် ရေယာဉ်ကြာမြင့်ချိန်များအား နေ့ချင်းပြန် အနည်းဆုံး အချိန်(၅)နာရီမှ အများဆုံး အချိန်(၁၁) နာရီ သတ်မှတ်ထားပြီး ခရီးစဉ်ပေါ်မူတည်၍ လက်မှတ် နူန်းထားများ အသီးသီး သတ်မှတ် ထားကြောင်းကိုလည်း သိရှိရသည်။
ယမင်း(မြစ်မခ)
Myit Makha Mediagroup

0 comments:
Post a Comment