Monday, 10 December 2012
ယနေ့နံနက် က ဆူးလေ့၌ ပြုလုပ်နေသည့်လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ Generation Wave မှ ဆန္ဒဖော်ထုတ်ပွဲ၌ Generation Wave မှ အဓိက အနေဖြင့် အချက် (
၂) ချက်ကို ထည့်သွင်းတောင်းဆိုကြောင်း
သိရသည်။
၎င်းအချက် နှစ်ချက်မှာ (၁) လက်ပံတောင်းတောင်ကိစ္စ၌ အကြိမ်းဖက်
ဖြိုခွင်ခြင်း ကိစ္စအား အစိုးရမှ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးရန်၊ (၂) လက်ပံတောင်းတောင်ကိစ္စဖြင့် ဆန္ဒဖော်ထုတ်ကြသူများအား ထိန်းသိမ်းအရေးယူထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် တို့ဖြစ်သည်။
``လက်ပံတောင်းတောင်ကိစ္စအတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်ကို တိတိကျကျ ဆောင်ရွက်နိုင်ဖို့ GW ကနေ တောင်းဆိုသွားမှာပါ´´ဟု Generation Wave မှ ကိုမင်းရန်နိုင်က ပြောသည်။
အထက်ပါဆန္ဒဖော်ုထတ်ပွဲအတွက် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တောင်းခံခဲံရာ ခွင့်ပြုပေးခဲ့ ခြင်းဖြစ်သည်။ Generation Wave မှ ကိုမိုးဃ်းသွေးမှာလည်း လက်ပံတောင်းတောင် ကိစ္စ ဆန္ဒဖော်ုထတ်မှုအတွက် ဒီဇင်ဘာလ ၂ ရက်နေ့၌ ထိန်းသိမ်းခံထားရကြောင်း သိရသည်။
သုတလင်း
Popular Myanmar News Journal

0 comments:
Post a Comment