ဒို့ ဗိုလ်ချူပ်
အင်္ဂလိပ်လူမျိုး
ရာဇ၀င်ပါမောက္ခ 'တင်ကာ'(Hugh Tinker) ၏ 'ပြည်ထောင်စု မြန်မာနိုင်ငံ'(The
Union of Burma) စာအုပ် စာမျက်နှာ ၂၈ မှ ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သက်၍
ရေးသ
ားချက်ကို အနီးကပ်ဆုံး မြန်မာဘာသာပြန်၍ ဖော်ပြလိုက်ပါသည်..။
"အောင်ဆန်းသည် တက္ကသိုလ်မှထွက်ခါစ နိုင်ငံရေးအရည်မလည်သေးသည့် ဘ၀မှာပင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မိမိစိတ်တိုင်းကျ တောင်းဆိုနိုင်ခြင်းကား သူ၏အောင်မြင်မှုတစ်ရပ်ပင်ဖြစ်၏.. ။ အောင်ဆန်းသည် ဗြိတိသျှအစိုးရတစ်ဖွဲ့လုံးအပြင်
အင်အားကြီးမားလှသော လက်နက်ကိုင် တပ်ပေါင်းစု သေနာပတိချုပ် မောင့်ဘတ်တန်
နှင့်တကွ နိုင်ငံရေးရာတွင် ၀ါရင့်ပြီး ပါးနပ်လှသည့် အရာရှိများပါဝင်သော
ဗြိတိသျှသြဇာခံ မြန်မာနိုင်ငံအစိုးရ တစ်ဖွဲ့လုံးကိုပင် သူတစ်ဦးတည်း၏
စွမ်းရည်ဖြင့် အနိုင်ယူခဲ့ပေသည်..။ အဖက်ဖက်မှ ဆင်ခြင် သုံးသပ်ပါမူ
နိုင်ငံရေးအာဏာနှင့် တာဝန် လက်ကိုင်ထားရှိသော အင်္ဂလိပ်အမျိုးသားများ သည်
မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရာ၌ မိမိတို့ခြေရာလက်ရာပါစေရန်
အစွမ်းကုန်ကြံစည် အားထုတ်ခဲ့ကြ၏..။ သို့သော် နောက်ဆုံး၌ သူတို့အားလုံးမှာ
အောင်ဆန်း ၏ အရှိန်အ၀ါ အောက်၌ ပြားပြားဝပ်ခဲ့ကြရရုံသာမက မြန်မာနိုင်ငံမှ
ဗြိတိသျှတို့ အပြီးအပြတ် ထွက်ခွါသွားကြရအောင် ဖန်တီးပေးခဲ့သော
အရေးအခင်းဟူသမျှတွင် အောင်ဆန်း သည်ပင်လျှင် ခိုင်မြဲစွာကြိုးကိုင်ခဲ့ပေသည်. .။
အောင်ဆန်း ကို 'လက်ညိုးညွှန်ရာ ရေဖြစ်တဲ့ အောင်ဆန်း' ဟူ၍ မြန်မာတို့
ပြောစမှတ်ပြုကြသည်..။ ထိုအဆိုမှာ သူအောင်ပွဲခံရချိန်၌ ပို၍မှန်ကန်သည်ဟု
ဆိုရချေမည်..။ အကြောင်းမူကား လူမသမာသူများ လက်ချက်ဖြင့် ကျဆုံးခဲ့
ရသည့်တိုင်အောင် အောင်ဆန်း သည် နိုင်ငံ့အာဇာနည်ခေါင်းဆောင်ကြီး
တစ်ဦးအဖြစ် သမိုင်းဝင်မော်ကွန်းတင်ခြင်း ခံခဲ့ရပေသည်..။ အောင်ဆန်း ကား
နိုင်ငံနှင့် လူမျိုးအတွက် လွတ်လပ်ရေး အာသရေကို အရဆောင်ကြဉ်းပေးခဲ့သည်..။
နှောင်းကာလ၀ယ် ပေါ်ပေါက် လာသော ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်များကား
အောင်ဆန်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ..."
(အချို့သောသူတွေ သိစေလိုသည်မှာ ပြည်တွင်းစစ် ရဲ့ စစ်မီးတောက်လောင်ခဲ့ရခြင်းမှာ ယခင်အစိုးရ အဆက်ဆက် အာဏာကို လက်ဝါးကြီးအုပ် အာဏာရူးခဲ့မှု..၊ မျှတမှုမရှိသော ညံ့ဖျင်းမှားယွင်းသော အုပ်ချုပ်မှုစံနစ်များကြာင့်သာ ဖြစ်သည်ကို သိစေလို၍ 'အောင်သန်း ၏ အောင်ဆန်း' ဗိုလ်ချုပ်အတ္ထုပတ္တိ စာအုပ်မှ ထုတ်နှုတ်ပေးလိုက်ပါသည်..)
အေးချမ်းမွန်မှ Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
"အောင်ဆန်းသည် တက္ကသိုလ်မှထွက်ခါစ နိုင်ငံရေးအရည်မလည်သေးသည့် ဘ၀မှာပင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မိမိစိတ်တိုင်းကျ တောင်းဆိုနိုင်ခြင်းကား သူ၏အောင်မြင်မှုတစ်ရပ်ပင်ဖြစ်၏..
(အချို့သောသူတွေ သိစေလိုသည်မှာ ပြည်တွင်းစစ် ရဲ့ စစ်မီးတောက်လောင်ခဲ့ရခြင်းမှာ ယခင်အစိုးရ အဆက်ဆက် အာဏာကို လက်ဝါးကြီးအုပ် အာဏာရူးခဲ့မှု..၊ မျှတမှုမရှိသော ညံ့ဖျင်းမှားယွင်းသော အုပ်ချုပ်မှုစံနစ်များကြာင့်သာ ဖြစ်သည်ကို သိစေလို၍ 'အောင်သန်း ၏ အောင်ဆန်း' ဗိုလ်ချုပ်အတ္ထုပတ္တိ စာအုပ်မှ ထုတ်နှုတ်ပေးလိုက်ပါသည်..)
အေးချမ်းမွန်မှ Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ



0 comments:
Post a Comment