Pages

Thursday, December 20, 2012

ကိုရီးယား နိုင်ငံ (KRC) အဖွဲ့မှပညာသင် ဆုနှင့် လစဉ် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်



Thursday, 20 December 2012

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ ပျဉ်းမနားမြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ကျောင်းသား ၊
ကျောင်းသူ ခုနစ်ဦး တို့အား ကိုရီးယား နိုင်ငံ(KRC) အဖွဲ့မှ ပညာသင် ဆုနှင့် လစဉ် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ် ချီးမြှင့်ခဲ့ ကြောင်း သိရ သည်။
ပညာသင် ဆုကြေးများ အဖြစ် ဒုတိယ နှစ်နှင့် တတိယနှစ် ကျောင်းသား၊
ကျောင်းသူ ငါးဦးအား ပညာသင်ဆု အဖြစ် အမေရိကန် ဒေါ်လာ ၁ဝဝ စီ၊ ကျန်နှစ်ဦးအား လစဉ် ပညာသင် ထောက်ပံ့ကြေး အမေရိကန် ဒေါ်လာ ၅ဝ စီ ချီးမြှင့်ခဲ့သည်။

အဆိုပါ ဆုများအား ဒီဇင်ဘာ ၁၅ ရက်က ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ကျင်းပခဲ့သော ၂ဝ၁၂-၂ဝ၁၃ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ၌ ကိုရီးယား နိုင်ငံ (KRC) အဖွဲ့မှ ကိုရီးယား စိုက်ပျိုးရေး အတတ် ပညာရှင် Dr Dr. Choi က ချီးမြှင့်ခဲ့သည်။

ယင်းကိုရီးယား နိုင်ငံ(KRC) အဖွဲ့သည် ပျဉ်းမနားမြို့ စိုက်ပျိုးရေး သိပ္ပံကျောင်း၌ GAP စိုက်ပျိုးရေး နည်းစနစ် တို့ဖြင့် လောင်ဂန်၊ နဂါးမောက်၊ စိန်တစ်လုံး သရက်နှင့် ကိုရီးယား အထွက်ကောင်း မျိုးစပါး များအား လက်တွေ့စမ်းသပ် စိုက်ပျိုးခဲ့ကြောင်း၊ ယခု ကိုရီးယား နိုင်ငံ (KRC) အဖွဲ့ သည် ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် တက်ရောက် ပညာ သင်ကြား လျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများ ထဲမှ ဘက်စုံ ထူးချွန်သူ၊ အဆောင်စည်း ကမ်း၊ ကျောင်းစည်းကမ်း လိုက်နာသူ၊ အမှန်တ ကယ်
ထောက်ပံ့ပေးရန် လိုအပ်သော ကျောင်းသား၊ ကျောင်း သူများအား စိစစ် ရွေးချယ်၍ ယခုကဲ့သို့ ပညာသင် ဆုနှင့် လစဉ် ထောက် ပံ့ကြေးများ
ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
5

0 comments:

Post a Comment