Thursday, 20 December 2012
ညှို့ မဂ္ဂဇင်း၏တုန့်ပြန်မှူ့ရေချိန်ပေါ်မူတည်၍ဆက်လက်ဆောင်ရွက်မည့် စီမံချက်များကိုတစ်ခုပြီး တစ်ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
နန်းခင်ဇေယျာ၏Legal Consultants ဖြစ်သော U Nyunt Tin Associates မှ ထုတ်ပြန်ကြေညာထားသည်။
၎င်း Associates အနေဖြင့် နန်းခင်ဇေယျာ၏Legal Consultantsဖြစ်သည့်
အတွက် မည်သို့ဆောင်ရွက်မည်ကို အခြား ညီအကို စာနယ်ဇင်းများက
မေးမြန်းခြင်းအား
`အဖြေကတော့ရိုးရှင်းလှပါတယ်အသိပေးအကြောင်းကြားကန့်ကွက်ပါ့မယ်။
ဒါပေမယ့် U Nyunt Tin Associates ရဲ့ မူအတိုင်းနန်းခင်ဇေယျာရဲ့
ဆန္ဒအတိုင်း အမှူ့အခင်းထက် တွေ့ဆုံ ဆွေးနွေးအဖြေရှာပါမယ်။
Alternative Dispute Resolution (ADR) Approach ကိုဦးတည်
ဆောင်ရွက်ပါ့မယ်´ ဟု U Nyunt Tin Associates မှ ကိုမင်းတေဇက
နန်းခင်ဇေယျာ၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
သို့ရာတွင် ညှိနှိုင်းဆွေးအဖြေရှာခြင်းသည်သာ နှစ်ဘက်အတွက် ရလာဒ်ကောင်းများအချိန်တိုအတွင်း ဆောင်ကြဉ်းနိုင်မည်ဆိုခြင်းကို
မမှိတ်မသုံ ယုံကြည်ကြောင်းနန်းခင်ဇေယျာ နှင့် U Nyunt Tin Associates တို့၏ကိုယ်စားဖော်ပြအသိပေးအပ်ပါသည်ဟု ၄င်းထုတ်ပြန်ချက်တွင်
ရေးသားထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နန်းခင်ဇေယျာကလည်း ထပ်မံ၍
၁။ ညီမ(နန်းခင်ဇေယျာ)သည် ယနေ့အချိန်အထိ မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar 2012 ဖြစ်ပါသည်။ ထို့ကြောင့် Miss Myanmar တစ်ဦး၏
ကျင့်ဝတ်များ၊ လိုက်နာရမည့် စည်းကမ်းချက်များရှိပါသည်။ ကာယကံရှင် ညီမကိုယ်တိုင်ပင်လျှင် အနုပညာလုပ်ငန်းအပါအ၀င်အခြားလှုပ်ရှားမှုများ
ပြုလုပ်ရန်အတွက် Miss Myanmar ပြိုင်ပွဲကို ကျင်းပပြုလုပ်သော Myanmar Tourism Federation အစရှိသော အဖွဲ့အစည်းများ၊တာဝန်ရှိသူများ၏
သဘောတူညီချက်များရရှိရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၊ MTF အပါအ၀င်တာဝန်ရှိသူအဖွဲ့အစည်းများနှင့် Miss Myanmar ၏
ဂုဏ်သိက္ခာကျဆင်းစေနိုင်သောကိစ္ခ္စရပ်များကို လုံးဝပြုလုပ်ခွင့်မရှိသလို ညီမကိုယ်တိုင်ကလည်း မည်သည့်နည်းနှင့်မှ ပြုလုပ်မည်မဟုတ်ပါ။
၂။ ညီမအဓိကကန့်ကွက်သည့်ဓါတ်ပုံများဆိုသည်မှာ ပြိုင်ပွဲဝင်ဓါတ်ပုံများနှင့် facebook မှ ဓါတ်ပုံများကို ဆိုလိုခြင်းမဟုတ်ပါ။ သီးသန့် Studio
တွင်ရိုက်ထားသော အလှဓါတ်ပုံကို ဆိုလိုတာဖြစ်ပါတယ်။ (ထိုဓါတ်ပုံများ
ဟာ Oasis ဂျာနယ် မျက်နှာဖုံးအဖြစ် အသုံးပြုရန်နန်းခင်ဇေယျာမှ
မေတ္တာဖြင့် ရိုက်ကူးပေးထားသော ပုံများဖြစ်ပြီး ညီမ(နန်းခင်ဇေယျာ)
ထံတွင်တောင်မှ ထိုဓါတ်ပုံများမရှိပါ။
ထိုသို့ ညှို့ Magazine မှအသုံးပြုထားသည်ဟု သိရသောကြောင့် ရိုက်ကူးပေးသူဓါတ်ပုံဆရာ ထံသို့ ဆက်သွယ်မေးမြန်းသောအခါတွင်လည်း
သူကိုယ်တိုင်ပင်လျှင်မသိရှိပါဟု ဆိုပါသည်။ Oasis ဂျာနယ်မှတဆင့် ရရှိပါသည်ဆိုလျင်လည်း ကာယကံရှင်ဖြစ်သောညီမထံသို့
အသိပေးကြောင်းကြားသင့်သည်ဟု ယူဆပါသည်။)
၃။ကန့်ကွက်ရသည့် အဓိကအကြောင်းအရင်းမှာလည်း လိင်ပညာပေးစာအုပ်တစ်အုပ်အဖြစ်ထုတ်ဝေသည့် ညှို့Magazine တွင်
အသုံးပြုထားခြင်းကြောင့်သာဖြစ်ပါသည်။ အခြားထုတ်ဝေဖြန့်ချီလျက်ရှိသော သာမန်စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မတူဘဲ ကွဲပြားနေသော
စာအုပ်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အကယ်၍ ထည့်သွင်းဖော်ပြလိုလျှင်
လည်း (အသုံးပြုမည့်စာအုပ်အမျိုးအစားကြောင့်) ကာယကံရှင်ဖြစ်သော
ညီမထံသို့ ခွင့်ပြုချက်တောင်းခံသင့်သည်ဟု ယုံကြည်ပါသည်။ သို့သော်လည်း အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများမှဆက်သွယ်ခြင်း (သို့) အသိပေး
အကြောင်းကြားခြင်းတို့ကို (ယခုအချိန်အထိ) လုံးဝမရရှိခဲ့ပါ။
၎။ ညီမ(နန်းခင်ဇေယျာ)သည် ညီမကို ချစ်သောပရိသတ်များ၊
ပြည်သူများနှင့် ပေါင်းကူးဆက်သွယ်ရေးအတွက် ပေါင်းကူးတံတား
သဖွယ်ဖြစ်သောစာနယ်ဇင်း၊ ပုံနှိပ်မီဒီယာများအပါအ၀င် မီဒီယာအားလုံး၏
တန်ဖိုးကို သိရှိနားလည်ကာ လေးစားမှု အပြည့်အ၀ထားရှိပါသည်။
လူတန်းစားအပိုင်းအခြားမရွေးဖတ်နိုင်သော အခြားစာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများ နှင့် ဓါတ်ပုံများ
အသုံးပြုခြင်းတို့ကိုတစ်ကြိမ်တစ်ခါမှ ကန့်ကွက်ခဲ့ဖူးခြင်းမရှိသလို
နောင်တွင်လည်းကန့်ကွက်ရန်မရှိပါ။ စသည့်အချက်များအပါအ၀င် စုစုပေါင်းအချက်ငါးချက်အား ထုတ်ပြန်ထားခဲ့သည်။
AKS
ဓါတ်ပုံ- အောင်ဇော်မင်း( SHE SHINES GEM & JEWELLERY ပွဲမှ)
Popular Myanmar News Journal
0 comments:
Post a Comment