Saturday, January 26, 2013
မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်သို့ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ အထောက်အကူပြု
ပြိုင်ပွဲသုံး ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နေ့လည်က ရန်ကုန်မြို့၊
ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း အားကစားနှင့် ကာယ
ပညာသိပံ္ပမှ သိရသည်။
ဂျပန်အစိုးရသည် Cultural Grassroots Project အစီအစဉ် အရ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့
တောင်အာရှ အားကစားပွဲတော်အတွက် ဂျူဒို အထောက်အကူပြု
ပြိုင်ပွဲသုံး ဂျူဒိုမြက်ဖျာနှင့် ဂျူဒိုကီတို့ကို လှူဒန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Numata Mikio က ဂျူဒိုမြက်ဖျာ ၁၂၈ချပ်နှင့် ဂျူဒိုကီ ၁၀၀ထည်နှင့် ဂျူဒိုကီကွန်ထိုးတို့ကို
မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်သို့ ပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ၂၇ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား
ပြိုင်ပွဲတွင် ဂျူဒိုကစားနည်း၌ ရွှေတံဆိပ် ၆ခု မျှော်မှန်းထားကြောင်း
ဂျူဒို အဖွဲ့ချုပ်မှ သိရသည်။
ဟိန်းသူ
The Myanma Age
0 comments:
Post a Comment