Pages

Thursday, January 31, 2013

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲ လေးဦးကို လုပ်ငန်းကျွမ်းကျင်မှုအလိုက် ဌာနတွင်း ပြောင်းရွှေ့မှုများ ပြုလုပ်လိုက်ကြောင်းအဆိုပါဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲ
လေးဦးကို လုပ်ငန်းကျွမ်းကျင်မှုအလိုက် ဌာနတွင်း ပြောင်းရွှေ့မှုများ
ပြုလုပ်လိုက်ကြောင်းအဆိုပါဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊
မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ပြန်ကြား
ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ရှိ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးလေးဦးတို့ကို ဇန်န၀ါရီလကုန်မှစ၍ ဌာနတွင်း
ရွှေ့ပြောင်းမှုများပြုလုပ်လိုက်ခြင်းဖြစ်သည်။

“ဌာနပြောင်းရွှေ့တာဝန်ပေးလိုက်တာပါ။ ဥပမာ မြန်မာ့အသံက ညွှန်ကြားရေးမှူးချုပ်ကို မြန်မာ့ရုပ်ရှင် လုပ်ငန်းကိုပြောင်းပါမယ်။ အခုလိုဆောင်ရွက်ခြင်းအား ဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်
ပေါ်ပေါက်ရေးနဲ့ သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်ကပြောသည်။

ယခုကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲများ ပြောင်းရွှေ့မှုမဖြစ်ပေါ်မီရက်ပိုင်း
အတွင်း ပြန်ကြားရေးဝန်ကြီးဌာနအတွင်း ငွေကြေးကိစ္စများနှင့်ပတ်သက်၍ အထက်မှစုံစမ်းစစ်ဆေးရေးအဖွဲ့များ ၀င်ရောက်စစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ အဆိုပါသတင်းအပေါ် ဒုဝန်ကြီးက
“ပြန်ကြားရေးဝန်ကြီးဌာနကို သီးခြားစစ်ဆေးရေးဝင်တာမရှိပါဘူး။ ပုံမှန်စာရင်းစစ်ချုပ်ရုံးရဲ့ ခြောက်လ ပတ်စာရင်းစစ်ဆေးမှုသာ ရှိပါတယ်”
ဟု အတည်ပြုပြောကြားသည်။

7Day News Journal

0 comments:

Post a Comment