Sunday, January 27, 2013
၁၉၉၁ ခုနှစ်ဥပဒေအရ ပုဂံ ရှေးဟောင်းဇုန်များအတွင်း ယဉ်ကျေးမှု
အမွေအနှစ်ဒေသ၏မြင်ကွင်း ကိုထိခိုက်ပျက်စီးစေနိုင်ခြင်း တို့ကြောင့် မည်သည့်အဆောက် အအုံတည်ဆောက်မှုမျိုးကိုမျှ ယဉ်ကျေးမှု
ဝန်ကြီးဌာနအနေဖြင့် ခွင့်မပြုဘဲကန့်သတ်ထားသော်လည်း တည်ဆောက်ခြင်းများရှိနေ ကြောင်း သိရသည်။
ရှေးဟောင်းဒေသအတွင်း အဆောက်အအုံများဆောက်လုပ်နေခြင်းကို သက်ဆိုင်ရာအာဏာ ပိုင်များက ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ကွင်းဆင်းစစ်ဆေးကာအရေး ယူပေးစေလိုကြောင်း ဒေသခံ
တစ်ဦးကပြောသည်။
ယခုကဲ့သို့ဒီမိုကရေစီနိုင်ငံတော် သို့သွားနေသည့်အချိန်တရားဥပဒေ စိုးမိုးစေချင်ကြောင်း လယ်ယာများ ကို အဆောက်အအုံဆောက်လုပ် လိုပါက လယ်ယာမြေမှအပအခြား အသုံးပြုခွင့်ကို သက်ဆိုင်ရာမြို့ပြ စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ခွင့် တောင်းပြီးမှသာ ဆောက်လုပ်
သင့်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ယဉ်ကျေး မှုဝန်ကြီးဌာနများက ဇန်န၀ါရီလ
(၁၄) ရက်နေ့တွင် နိုင်ငံတော်ပိုင် သတင်းစာများ၌ နှိုးဆော်ထား ကြောင်း သိရသည်။
မောင်တမာ (အညာမြေ)
The Hot News
0 comments:
Post a Comment