Sunday, January 27, 2013
ကချင်ပြည်နယ်တွင်ယခုလ ၁၉ ရက်နေ.မှစတင်ကာသမ္မတက
ထိုးစစ်ဆင်မူများရပ်ဆိုင်းရန် ထုတ်ပြန်ထားပြီး လက်ရှိတိုက်ပွဲများ
ဖြစ်ပွားနေခြင်းမှာ နှစ်ဖက်တပ်များကျွံနေသည့်အတွက် ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောကြားသည်။
"တိုက်ပွဲတွေဖြစ်တာကတပ်က အမိန်.မနာခံလို.မဟုတ်ဘူး၊ရှေ.တန်းမှာ
သူ.ဘက်ကိုယ့်ဘက် တပ်တွေကကျွံနေတယ်၊ကျင်းတူးပြီး
ဝပ်နေရတယ်၊ခေါင်းဖော်တာနဲ. ပစ်တာပေါ့၊ဥပမာလက်ဝှေ.
ကြိုးဝိုင်းမှာဒိုင်ကတော်ခိုင်းပေမယ့် အရှိန်မထိန်းနိုင်လို.ဆက်ထိုးနေတဲ့
သဘောပဲ"ဟုဝန်ကြီးကဆိုသည်။
ဦးအောင်မင်းကယနေ.နံနက်ပိုင်း Myanmar Peace Center တွင်
ကျင်းပသောပြည်ထောင်စုဝန်ကြီး၃ဦးနှင့်အရပ်ဘက်လူ့အဖွဲ့အစည်း
၉၀ကျော်တို.၏တွေ.ဆုံပွဲတွင် တက်ရောက်လာသူတစ်ဦး၏
မေးမြန်းမူကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကဆက်လက်ပြီး ကချင်လွတ်မြောက်ရေး
တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမူအောင်မြင်ရန်မှာ အလွန်နီးကပ်
နေပြီးမကြာမီအချိန်တွင်လိုင်ဇာမြို.သို. သွားရောက်ရန်ရှိကြောင်း
ပြောကြားခဲ့သည်။
Venus News Weekly
0 comments:
Post a Comment