Pages

Thursday, January 31, 2013

သတင်းစာနဲ့ အစိုးရကို လွှတ်တော်ထဲမှာ ဝေဖန်ခဲ့တဲ့အတွက် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးမြင့်ကို လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သတိပေးလိုက်ပါတယ်။




ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးစိုးမြင့်က နိုင်ငံတော်ပိုင် သတင်းစာတွေဟာ ပြည်သူ့ဆန္ဒတွေကို ထင်ဟပ်တဲ့ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို မဖော်ပြတော့ကြောင်း၊ နိုင်ငံတော်ပိုင်သတင်းစာတွေမှာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ ဆိပ်သုဉ်းနေတယ် ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ဒါတင်မက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဟာ လျှပ်စစ်မီး လုံလောက်အောင် မပေးတဲ့အတွက် တစ်နိုင်ငံလုံးမှာ လာဘ်စားမှုတွေ ပေါ်ပေါက်နေတယ်လို့ သူက စွတ်စွဲပါတယ်။

ဒီပြောဆိုချက်တွေဟာ ရည်ရွယ်ချက်ကောင်းပေမယ့် မေးပုံမေးနည်းကို နောင်ဒီလို မဖြစ်ဖို့ လိုတယ်ဆိုပြီး လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အမတ်တွေအားလုံးကို
သတိပေးခဲ့ပါတယ်။
DVB

0 comments:

Post a Comment