Saturday, January 26, 2013
ကျေးငှက်ကလေးတွေရဲ့ ကျွိကျွိကျွက်ကျွက်အသံစာစာလေးများမှလွဲလို့ 
ပတ်ဝန်းကျင်တစ်ခုလုံးကြည်လင်သာယာလျှက်...။အေးမြကြည်လင်နေတဲ့
စမ်းချောင်းအစပ်နားမှာ ဆော့ကစားနေသော သားလေးရဲ့မျက်နှာကို
ငေးကြည့်နေရင်း ညိုမရင်တွင်းမှာ အအေးလှိုင်းတစ်ခုဖြတ်ပြေးသွားခဲ့
လေသည်...။သူမ သားလေးကို သိပ်ချစ်သည်...။ဖတစ်ဆိုးသားလေးမို့ 
အသနားပိုခဲ့ရသည်...။ရှားရှားပါးပါးဒီသားလေးတစ်ယောက်သာရှိသည်မို့ 
တစ်ချက်ကလေးမှ အငြိုငြင်မခံခဲ့...။ဒါသည်ပင် သူမ၏ သားအပေါ်ထား
သော ချစ်ခြင်းမေတ္တာ၏ ပြယုဂ်တစ်ခုမဟုတ်ပါလော...။
"သားလေးရေ ကြာနေပြီနော်...ပြန်တက်လာတော့
တော်ကြာ အအေးမိနေဦးမယ်"
"ဟုတ်ကဲ့အမေ ခဏလေးပါ သားဆော့လို့ မ၀သေးလို့ ပါဗျ"
သူမက စိတ်ပူပန်ခြင်းကြီးစွာနဲ့  သားကိုပြန်ခေါ်ပေမယ့် သားကပျော်
နေတယ်ဆိုတော့လည်း ညိုမဘာတတ်နိုင်မှာတဲ့လဲ..။ဟုတ်တယ်လေ
လောကမှာ သူမအကြောက်ဆုံးက သားလေးစိတ်ဆင်းရဲရမှာ
သားလေးနဲ့ ခွဲရမှာကိုပါပဲ...။ငယ်စဉ်ကလေးဘ၀ကတည်းက ခုချိန်ထိ
သူမ သားမျက်နှာတစ်ချက်မငြိုအောင် ချစ်ပြမိခဲ့သည် ....။ထို့ ကြောင့်
သားက သူမအပေါ်နည်းနည်းဆိုးချင်သည်...။ဆိုးလိုကဆိုးပါစေတော့
လေ...။သူမအတွက်တော့ သားလေးရဲ့ သူမအပေါ်နွဲ့ ဆိုးဆိုးတဲ့အသံ
လေးဟာ သိပ်ကိုချိုလှပါတယ်လို့  တင်စားကြတဲ့ ဆည်းလည်းသံ
ထက်ပင် ပိုလို့ ချိုနေတယ်မဟုတ်ပါလော..။
သားကိုငေးကြည့်နေရင်းက သူမနားထဲ အသံတွေဝင်ရောက်ခဲ့သည်..။
တဆက်တည်းမှာပဲ အန္တရာယ်အငွေ့ အသက်ကို သူမခံစားခဲ့ရသည်..။
ဟုတ်တယ်....။ဒါ ဟိုရွာတောင်ပိုင်းက ချက်ကြီးတို့ အဖွဲ့ အသံတွေ..။
ချက်ကြီးဆိုတဲ့သူက ညိုမကို အသေရရ အရှင်ရရလိုချင်နေတဲ့သူ..။
မဖြစ်ဘူး သားကိုအမြန်ခေါ်ပြီး ပြေးမှ...။ဒီနေရာက လူကလည်းပြတ်သေး..။
တစ်ခုခုဆို သူမတို့ ကိုကယ်မည့်သူရှိမှာမဟုတ်...။ညိုမရင်ထဲ သူမကိုယ်သူမ
ထက် သားလေးအတွက်ပူပန်မှုတွေနဲ့  စိုးထိတ်နေခဲ့တော့သည်..။
"သားရေ မြန်မြန်လာ အမေတို့ ရန်သူတွေလာနေပြီ"
"အမေ သားကြောက်တယ် အီး....ဟီး...ဟီး.."
"သားဘာမှမကြောက်နဲ့ ...အမေရှိတယ်...အမေရှိနေသရွေ့  သား
ဘယ်လိုအန္တရာယ်မှ မကျစေရဘူးမှတ်..."
သားလေးရဲ့ ငိုသံဟာ..ညိုမရင်ကို ချိနဲ့ စေခဲ့သည်...။ခွေယိုင်စေခဲ့သည်..။
ဒါပေမယ့် သူမ ကြောက်ရွံ့ နေလို့ မဖြစ်...။သူမသည် သားအတွက်
အမြဲတမ်းသူရဲကောင်းတစ်ယောက်ဖြစ်နေစေရမည်...။ချက်ကြီးတို့ လူစု
အသံကလည်း နီးသလက်နီးလာသည်..။
"ဟေ့ကောင်ချက်ကြီး..ဟိုမှာ ညိုမတို့ ကွ"
"အေး...ဒါဂွင်ကောင်းပဲ ညိုမောင်း မင်းက ဒီဘက်ကလိုက်
ငါက ဒီဘက်ကပိတ်မယ်....လှဒင်က ငါ့နောက်ကလိုက်ခဲ့
မလွတ်စေနဲ့ ကြားလား.."
"ဟေ့ ညိုမ မပြေးနဲ့ "
မပြေးနဲ့ လို့ တားကာမှ ညိုမသုတ်ခြေတင်ပြေးခဲ့ရလေသည်..။ဒါပေမယ့်
ခရီးကမတွင်....သားလေးကိုစောင့်ခေါ်နေရသေးတယ်မဟုတ်လား..။
ချက်ကြီးလက်ထဲတော့အမိခံလို့ မဖြစ်...။သူမသားလေးအတွက်သူမ
ရှင်သန်ရဦးမည်..။ဘယ်လိုနည်းနဲ့ မှ သူမအမိခံလို့ မဖြစ်...။လောကအလယ်
မှာ သားလေးတစ်ယောက်တည်း ဘယ်လိုနည်းနဲ့ မှ သူမမထားခဲ့နိုင်..။
ပြေးရင်းပြေးရင်းနဲ့  ညိုမ မောလာသည်...။ဇရာက စကားပြောလာတာ
ရယ်....သားအတွက်စိုးရိမ်ပူပန်စိတ်တွေက သူမရင်မှာ အတိုင်းအဆမဲ့
ကဆုန်ပေါက်လို့  မောပန်းနေလေသည်...။
"သားရေ...မြန်မြန်လာပါကွဲ့ ...ဟိုမှာ လူဆိုးတွေလိုက်လာပြီ
အမိခံလို့ မဖြစ်ဘူးသားရယ်..."
"အမေ..သားကြောက်တယ်...သူတို့ ကိုသားကြောက်တယ်.."
'မကြောက်နဲ့ သား..အမေရှိတယ်..အမေရှိသရွေ့  ငါ့သား
ဘာမှမဖြစ်စေရဘူး..."
ပြောလည်ပြော ပြေးလည်းပြေးနေတဲ့ ညိုမတစ်ယောက်..တစ်နေရာ
အရောက်မှာ အော်သံတစ်ခုကြောင့် နောက်ပြန်လှည့်ကြည့်လိုက်တော့
ချက်ကြီးတို့ လူစု လက်မှာ မိနေတဲ့သားလေးကို ရင်နင့်ဖွယ်တွေ့ လိုက်ရ
တော့သည်...။ကြည့်စမ်းပါဦး ရက်စက်လိုက်ကြတာ...။ငိုနေရှာတဲ့သား
လေးကို ရိုက်နှက်နေကြတာ...။လူမဆန်လိုက်တာ...။သားလေးရဲ့
ကြောက်လန့် တကြား ရုန်းကန်နေတဲ့ဟန်နဲ့ ...စူးစူးဝါးဝါး အော်သံက
ညိုမ ခြေလှမ်းတွေကို တုန့် စေခဲ့တယ်..။တစ်ဖြည်းဖြည်းနဲ့  ညိုမ
ဘာလုပ်ရမယ်ဆိုတာကို သဘောပေါက်လာခဲ့သည်..။ဟုတ်တယ်..
သားလေး ဘာမှဖြစ်လို့ မရ...။သူမသားလေးအတွက် ကယ်ရမယ်..။
သားအသက်ကိုကယ်ရမယ်..။
"ဟေ့ကောင်ချက်ကြီး ဟိုမှာညိုမ ပြန်လာနေပြီ
အနားရောက်တာနဲ့  သေချာမရုန်းနိုင်အောင် ထိန်းနော်.."
ညိုမ ချက်ကြီးတို့ အသံတွေကိုကြားနေရသည်...။သူမကိုချက်ကြီးတို့ 
ဘာလုပ်တော့မည်ဆိုတာကို အလိုလိုသိနေလျက်..ညိုမခြေလှမ်းတို့ က
ချက်ကြီးတို့ ရှိရာ ဦးတည်လာခဲ့သည်...။
"သားလေး အမေလာပြီ...အမေသားနားရောက်တာနဲ့ 
သားလေးလွတ်ရာကိုပြေးတော့နော်..."
"သား....သား....ပြေးလေ..သားရဲ့...အမေသားကိုလာကယ်တာ..."
"သား................."
"သားးးးးးးးးးးးးးးးးးးးရေ.....ပြေးပါ တော့ ကွယ်."
သူမထပ်တလဲလဲအော်ဟစ်သံကြောင့် ချက်ကြီးလက်မှ သားလေးဟာ
အတင်းရုန်းပြီးထွက်ပြေးသွားခဲ့လေသည်...။ချက်ကြီးလည်း အနားရောက်
လာတဲ့ ညိုမဆီ ဇောကပ်နေတာနဲ့ သားလေး ထွက်ပြေးသွားတာကို
တားဆီးလိုက်နိုင်ခြင်းမရှိ...။သားလေးရေ အမေသားလေးကိုသိပ်ချစ်
တယ်ကွယ်...။အမေသားလေးနဲ့ နေလို့ မ၀သေးဘူးကွယ်..။အမေသားလေး
နဲ့  မခွဲနိုင်သေးဘူးကွယ်...။ဒါပေမယ့် အမေတို့ ခွဲရတော့မယ် သားလေးရဲ့..။
အမေသားနဲ့ မနေချင်လို့ မဟုတ်ပါဘူးကွယ်...။အမေဒီလိုမှ မလုပ်ရင်
အမေသိပ်ချစ်တဲ့သားလေး သေဆုံးရလိမ့်မယ်ကွဲ့ ...။သားကိုပြောချင်တဲ့
စကားတွေကို ရင်တွင်းကနေ တိတ်တဆိတ်ပြောရင်း ထွက်ပြေးလွတ်မြောက်
သွားတဲ့ သားလေးကျောပြင်ကိုငေးကြည့်ရင်း ညိုမ မျက်ဝန်းမှာ မျက်ရည်
တို့  စီးကျလာခဲ့လေသည်..။
"ဟေ့ကောင် ချက်ကြီး မင်းတော့ပွတာပဲ...ဒီနွားမကြီးဆိုရင်..
ရလိုက်မယ့်အသားတွေ....ငါတို့ တော့ ဟင်းစားကောင်းကောင်းရပြီ"
(ဆရာလယ်တွင်းသားစောချစ်ရဲ့ဟောပြောချက်ကလေးကို
ခံစားရေးဖွဲ့ ပါသည်)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
၂၆.၁.၂၀၁၃
http://www.facebook.com/photo.php?fbid=130216543812255&set=a.124881827679060.26680.124865934347316&type=1
ဆုဂျေ Facebook စာမျက်နှာ
0 comments:
Post a Comment