Pages
Wednesday, March 28, 2012
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သစ်တို့မှအပ ကျန်ပြည်ပပို့ကုန်များကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုမည်
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၄၄၇၁၉၈ ထုတ်လုပ်ရန် ရည်မှန်းထား
အဆိုပါ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ကုန်းတွင်းလုပ်ကွက်မှ စည်ထောင်ပေါင်း ၃၄၃၅ ဒသမ ၆ နှင့် ကမ်းလွန်မှ ရေနံစိမ်းစည် ထောင်ပေါင်း ၃၇၂၁ ထုတ်လုပ်ရန် ဖြစ်ကြောင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ ထုတ်လုပ်သွားရန် ရည်မှန်းထားပြီး ကုန်းတွင်းမှ ကုဗပေသန်းပေါင်း ၂၁၉၇၃ နှင့် ကမ်းလွန်မှ ကုဗပေ သန်းပေါင်း ၄၂၅၂၂၅ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း သိရှိရသည်။
ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ယင်းကဲ့သို့ တိုးတက်ထုတ်ယူနိုင်ရန် ရည်မှန်းထားခြင်းမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေနံစိမ်း၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် သဘာဝဓာတ်ငွေ့ ထုတ် လုပ်မှု တိုးတက်လာနိုင်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ဖြစ်သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၌ ကမ်းလွန်လုပ်ကွက်များမှ ရေနံစိမ်း ပိုမိုထုတ်လုပ်နိုင်မည်ဟုလည်း ခန့်မှန်းထားပြီး မကွေးတိုင်းဒေသကြီးတွင် သာကြီးတောင်ရေနံမြေ၊ ချောက်ရေနံမြေ၊ ရေနံချောင်း ရေနံမြေတို့တွင်လည်း ရေနံတွင်းသစ်များ တိုးချဲ့ထူ ထောင်ခြင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင်ရေနံမြေ၊ ဧရာဝတီတိုင်းဒေသကြီး တွင် ညောင်တုန်းရေနံမြေတို့ကို တိုးချဲ့ ထူထောင်သွားရန်ရှိကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ညောင်တုန်း / မအူပင်ရေနံမြေ၊ သာကေတ(ကမ်းလွန်ရေနံရှာဖွေရေး အခြေစိုက်စခန်း)၊ ပျော်ဘွယ်/ရေနီ/ တောင်ဖီလာ သဘာဝဓာတ်ငွေ့ပိုက်ပိုင်း၊ ပြည်တွင်းသုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ စီအင်န်ဂျီအရောင်း ဆိုင် တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀၀ အောက် ရရှိသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်
အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။
ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့် ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍ နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇၀ မှာ အခွန် ကင်းလွတ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂၀ ရာခိုင်နှုန်းပေး ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂ မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင် ရောင်းရငွေ ကျပ်သိန်း ၁၀၀ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည် ၀ယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
လစာဝင်ငွေအပေါ် ကောက်ခံမည့် ၀င်ငွေခွန် အခွန်နှုန်းထားဇယား
လစာဝင်ငွေအပေါ် ကောက်ခံမည့် ၀င်ငွေခွန် အခွန်နှုန်းထားဇယား
ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။
ပြင်ဆင်ပေးသည့် အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ၀င်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့် အနေအထားရှိကြောင်း သိရသည်။
သို့သော် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း သိရသည်။
လစာဝင်ငွေအပေါ် ကောက်ခံမည့် ၀င်ငွေခွန် အခွန်နှုန်းထားဇယား
Ref: EMG
ပည်ပရောက် မြန်မာကျောင်းသားများ ဗန်ကောက် မြန်မာသံရုံးသို့ အိတ်ဖွင့်ပေးစာကမ်း
ြ
- နေပြည်တော်၌ ကျင်းပခဲ့သည့် (၆၇) နှစ်မြောက် တပ်မတော်နေ့ မြင်ကွင်းပုံ (ဓါတ်ပုံ AFP) |
၁၉၅၅ ခုနှစ်ထုတ် ပြည်ထောင်စုသား ဂျာနယ်၌ တော်လှန်းရေးနေ့နှင့် တပ်မတော်နေ့ အသုံးအနှုန်း ရောယှက်နေသည်ကို မြင်ရစဉ် |
စစ်ဆေးရင်း သေဆုံးခဲ့သည့် အမျိုးသမီးငယ်အမှု စသုံးလုံး လျှို့ဝှက်
သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI) |
ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံ (ဓာတ်ပုံ - YPI) |
အခွန် ဥပဒေသစ် ဝင်ငွေနည်းသူတို့ သက်သာမည်
ဓာတ်ပုံ REUTERS |
အထည်ချုပ်စက်ရုံများ အလုပ်သမား သမဂ္ဂဖွဲ့
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ) |
ရန်ကုန်မြို့၌ ဧပြီလ၁ရက်နေ့မှစတင်ကာ အမှိုက်စိုနှင့် အမှိုက်ခြောက်ဟူ၍ ခွဲခြားပြီး သီးသန့် ထုတ်လုပ်သည့် အမှိုက်အိတ်ကိုဝယ်ယူ၍ စွန့်ပစ်ရသည့် စနစ်သို့ ပြောင်းလဲမည်
Tuesday, March 27, 2012
ဝန်ကြီးဌာနအားလုံး ပြောရေးဆိုခွင့် အဖွဲ့ ဖွဲ့စည်း၍ သတင်းထုတ်ပြန်ရမည် ဆိုသော်လည်း မီဒီယာနှင့် ထိတွေ့ရန် ဝန်လေးနေကြ
မီဒီယာဥပဒေနှင့် ပတ်သက်၍ Conference on Media Development in Myanmar အား ၂၀၁၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ယင်း ကွန်ဖရင့်တွင်-
“မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ မီဒီယာလောက တိုးတက်ဖို့လိုအပ်ကြောင်း၊ ထိုသို့ တိုးတက်မှုဖြစ်ပေါ်လာစေရန်မှာ သတင်းအချက်အလက်များ လွတ်လပ်စွာရယူနိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ အစိုးရအနေနှင့်လည်း ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုများ၊ နည်းဗျူဟာများဖြင့် မီဒီယာလောကအား နိုင်ငံတကာ အဆင့်မီအောင် ပြင်ဆင်သင့်ပြီး မီဒီယာသမားများကိုလည်း နိုင်ငံတကာ အဆင့်မီသော အရည်အသွေးပြည့်ဝသော မီဒီယာသမားများဖြစ်လာစေရန် ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေပြီဖြစ်သည့်အတွက် နိုင်ငံတကာမှ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို ယူ၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း” အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဂျာနယ်လစ်များ အနေနှင့်လည်း အတူတကွပူးပေါင်းပြီး မိမိကိုယ်မိမိ ကာကွယ်နိုင်ဖို့လည်း အရေးကြီးကြောင်း၊ မီဒီယာလွတ်လပ်ခွင့်ရရန် လုံလောက်သောအင်အားနှင့် ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုရဲမှုသည်လည်း လိုအပ်ကြောင်း၊ ထိုသို့သာတူညီမျှမှုနှင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိရန်လည်း လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေနှင့်အညီ ဖိနှိပ်ချုပ်ချယ်ခံမှုမျိုးလည်း ရှိနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရေးဆွဲတော့မည့် မီဒီယာ ဥပဒေအား နိုင်ငံတကာမှ လေ့လာပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီမှသာ ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံတကာတွင် လွတ်လပ်စွာ ထုတ်ဖောပြောဆိုခွင့်နှင့် လွတ်လပ်စွာ သတင်းအချက်အလက် ရယူခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတွင်လည်း အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာတွင် မီဒီယာကဏ္ဍ၊ ဥပဒေများ လုပ်ဆောင်ရာတွင် မိမိနှင့် ကိုက်ညီသော အချက်များကိုသာ လုပ်ဆောင်ကြပြီး သတင်းထုတ်ပြန်မှုကို တားဆီးပိတ်ပင်ပိုင်ခွင့် ရှိကြောင်း၊ တည်ဆဲဥပဒေများနှင့် ညှိစွန်းလျှင် တားဆီးနိုင်သည့် အပြင်၊ ပြည်သူလူထု ဆူပူအောင် လုပ်ဆောင်သည့် သတင်းဖြစ်လျှင် တားဆီးနိုင်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ သတင်းထုတ်ပြန်ခွင့်သည်လည်း ပိတ်ပင်တားဆီးမှုများ ရှိခဲ့ပြီး၊ ယခုအချိန်တွင် တစ်ဆင့်ပြီး တစ်ဆင့် လျော့ချပေးနေပြီ ဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံကို ရောက်ရှိရန် နီးစပ်ပြီဖြစ်ကြောင်း၊ လက်ရှိ ရှိပြီးသား ဥပဒေများကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတကာမှာ ရှိပြီးသား ဥပဒေတွေနဲ့အညီ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဆွေးနွေး တင်ပြခဲ့ကြသည်။
၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ဂျာနယ်လစ်များကို ၁၉၆၂ ဥပဒေဖြင့် အကျဉ်းချထားခြင်း မရှိကြောင်း၊ ရာဇဝတ်ကြောင်းအရ သို့မဟုတ် အီလက်ထရောနစ် မီဒီယာဥပဒေ အရသာ အရေးယူခဲ့ခြင်းများ ရှိကြောင်း ထိုဥပဒေကို ပြန်လည်သုံးသပ်ရန် စဉ်းစားနေကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင် Media Law အတည်ပြုနိုင်အောင် ကြိုးပမ်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် အစပိုင်းတွင် Media Law ကို လွတ်လပ်စွာ ကျင့်သုံးနိုင်မည်ဖြစ်ပြီး ဥပဒေအရ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်များ ရရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မီဒီယာ ဥပဒေကို ချိုးဖောက်လျှင် ဌာနဆိုင်ရာ အကြီးအကဲနှင့် ကျင့်ဝတ်ထိန်းသိမ်းရေးအဖွဲ့တို့ ညှိနှိုင်း၍ ဝန်ကြီးထံ မည်ကဲ့သို့ အရေးယူသွားမည်ကို တင်ပြမည်ဟု သိရသည်။
ရုပ်မြင်သံကြားနှင့် ပတ်သက်၍ ဥပဒေ မရှိသေးဘဲ ယင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင် သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုဦးမည် မဟုတ်ပေ။ ဂျာနယ်ပေါင်း ၂၁၂ စောင်၊ မဂ္ဂဇင်းပေါင်း ၁၈၉ စောင်နှင့် အထွေထွေထုတ်ဝေခွင့်ပေါင်း ၅၃၂ ခုတို့ကို မီဒီယာဥပဒေနှင့်အညီ လွတ်လပ်စွာရေးသား ခွင့်ပြုမည်ဖြစ်သည်။
မီဒီယာဥပဒေ ပထမ မူကြမ်းကို ရှေ့နေချုပ်ရုံးမှ မှတ်ချက်ပြန်လည် ချထားပေးပြီး ဒုတိယ မူကြမ်းကို UNESCO ကျွမ်းကျင်သူများ၊ အဆိုပါ Media Development Form မှ တင်သွင်းချက်များနှင့် ပေါင်းစည်း၍ ဂျာနယ်လစ်များ၏ သဘောထားများ ပါဝင်ကာ ထပ်မံတင်သွင်းသွားမည် ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် နိုင်ငံရေး ရှုပ်ထွေးခဲ့ပြီး Press Law ကို ထုတ်ပြန်ခဲ့သည်။ ပထမပိုင်းတွင် ဆင်ဆာတင်ဖို့ မလိုခဲ့သော်လည်း ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေး စာပေများ တင်ဖို့လိုလာပြီး ၁၉၆၅ ခုနှစ်တွင် ဘာသာရေး စာပေများကို ဆင်ဆာတင်ရန် လိုအပ်လာခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် PSRD ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပုံနှိပ်သည့် စာများအားလုံး ဆင်ဆာတင်ရန် လိုအပ်လာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် PSRD အနေနဲ့ ဆင်ဆာဖြတ်ရန် စာလုံးပေါင်းများပါ စစ်ဆေးလာခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ၆၅ စောင် PSRD သို့ ပေးခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ၂၅ စောင်သာ ပေးရတော့သည်။ ၂၀၀၅ ခုနှစ်တွင် PSRD ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တဖြည်းဖြည်းချင်း ဆင်ဆာဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ယခင် ၄၈-၆၂ နှင့် ၆၂-၂၀၀၅ အကြားရှိ မူဝါဒများကို ရှောင်ကျဉ်၍ ပိုမိုလွတ်လပ်မှုပေးခဲ့သည်။ မီဒီယာများကို လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ ဆင်ခြင်တုံတရားများ ကျင့်သုံးနိုင်အောင် လေ့ကျင့်ပေးခဲ့သည်။
သတင်းထောက် သူရမျိုးပြောသော စစစ စစ်ဆေးသဖြင့် သေမှုသေခင်း ဖြစ်သွားသည့် နန်းဝိုးဖန်း အမှုဖြစ်စဉ်
ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ကောင်မလေးအလောင်း ခြေရင်းမှာ အမွှေးတိုင်ထွန်းထားတယ် သစ်သီးတွေထားတယ်။ သူ့သူငယ်ချင်း ရှမ်းမလေးတွေ ရှမ်းလေးတွေရှိတယ်။ သူနဲ့အတူစစ်ခံရတဲ့ ရှေ့နေ ဒေါ်အိအိအောင်ရှိတယ်။ စသုံးလုံးတွေက ရင်ခွဲရုံကို ၀ိုင်းထားသလောက် ရှိတယ် ။ ဒါနဲ့ ဓါတ်ပုံထရိုက်တယ်။ နောက်မေးတယ် အဲဒီတုန်းက စသုံးလုံးရုံးပေါ်က ပြုတ်ကျသွားတာ မသိသေးဘူး ။ ခေါ်ခေါ်စစ်နေတုန်း သူ့အိမ်က ခုန်ချတယ်လို့ဘဲထင်တာ။ ဘယ်သူမှမဖြေရဲဘူး မကြေနပ်ချက်တွေနဲ့ အကြောက်တရားတွေ ကြီးစိုးနေတယ်။ ဒါနဲ့ နောက်ခဏဆုတ်ပြီး ဖုန်းဆက်မယ်လုပ်တော့ အစ်ကိုတို့ကစသုံးလုံးက မင်းကိုဘယ်သူဖုန်းဆက်ခေါ်သတုန်း ဆို မေးတယ် ။ အင်တာနက်ပေါ်မှာတွေ့လို့ ဆိုပြီးဖောလိုက်တယ်။
ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း
အဲဒီမှာ AD ဆီဖုန်းဆက်မယ်ဆိုပြီး ဖုန်းခေါ်တယ် ။ ဒီသတင်းမရေးနဲ့လို့ အစ်ကိုတို့မတားဘူး မင်းသိတဲ့သတင်းက မှားနေတယ် ခုန်ချတာမဟုတ်ဘူး ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါ အန္တရာယ်ရှိမယ်။ အစ်ကိုတို့ စသုံးလုံးက ဒီကောင်မလေးအမှုတွေ လိုက်နေတာအများကြီး ။ ရဲစခန်းမှာလည်း စာရွက်စာတမ်းတွေ ရှိတယ် ။ ဒီတော့ ငါ့ညီမှာအန္တရာယ်ရှိတယ် လို့လာပြောတယ်။ သူစပြောကတည်းက ဖုန်းသိမ်းသလိုနဲ့ အိပ်ထဲက အသံဖမ်းစက်ဖွင့် ထားတယ်။ ဒါနဲ့ ဟုတ်ကဲ့ပါခင်ညာ ဘာညာဖောရှောရိုက်ပြီး ပြန်ထွက်လာတယ်။ ပြီးတော့ သိသမျှ သတင်းတိုက်တွေ အကုန် ဖုန်းဆက်ခေါ်လိုက်ပါတော့တယ်။
အခုသိသလောက် ဖြစ်စဉ်က ဒီလို ဂျပန်တစ်ကောင်နဲ့ကောင်မလေးဟာ လက်ထပ်စာချုပ်ရှိတယ် စီးပွားရေးအရပါဘဲ။ အဲဒီဂျပန်က ကောင်မလေး နာမည်နဲ့ မြေကွက်တွေလိုက်ဝယ်တယ်။ နောက် ကိုကို ဆိုတဲ့လူတစ်ယောက်ကို တစ်လနှစ်သိန်း ပေးခန့်တယ် ။ ကိုကိုနာမည်နဲ့ပါ မြေကွက်တွေဝယ်တယ်။ အဲဒီမှာ ကိုကိုက ရောင်းတုပ်လိုက်တယ် ။ သူ့နာမည်နဲ့ဝယ်ထားတဲ့ တိုက် က အိမ်ငှားတွေကိုလည်း တရားဆွဲတယ်။ အဲဒီမှာ ကိုကိုကို ၄၂၀ နဲ့တရားဆွဲတယ်။ လှိုင်သာယာ ၇ ရပ်ကွက် က ရဲစခန်းမှာ ။
ဒါပေမယ့် အမ်းထားတဲ့အတွက် ရဲစခန်းက ဖမ်းမပေးဘူး ကိုကိုဆိုတဲ့လူကတော့ ပုံမှန်သွားလာနေတာဘဲ ။ ဒါနဲ့ တရားခံပြေး အနေနဲ့ ပြောင်းလဲ သတ်မှတ်ပေးပါ ဆိုတော့ ၇ ရဲစခန်းက ဒုရဲအုပ် ကိုကိုဇော် က စသုံးလုံးသွားမှ ရမယ်ဆို ကြပ် ပေးလိုက်တယ်။ သူတို့အကြောင်းလဲ သိထားတော့ စစစ ကိုတေ့ပေးလိုက်တာ။ အဲဒီမတိုင်မှီ စစစ မှာအပိုင်ရှိတယ် အစတောင် ပျောက်သွားမယ်ဆို ကိုကို ဆိုတဲ့လူက ချိမ်းခြောက်ထားတာ ရှိတယ်။ စသုံးလုံးက ထုံးစံအတိုင်း စစ်ပြီးရေဖန်တာပေါ့ ။ အရမ်းဆဲဆိုပြီး စစ်တယ်လို့သိရတယ်။ အဲဒီမှာ ကလေးမက ကြောက်လန့်ပြီး အခုလိုဖြစ်သွားတာ ။ နောက်ဆက်တွဲ စသုံးလုံးအသိုင်းအ၀ိုင်းက ထပ်ကြားတာ အကွက်တွေ အပေးအယူလုပ်ပြီး ကောင်မလေးဆီက သိမ်းထားတာတွေရှိနေတယ်။
နန်းဝိုးဖန်း ပြုတ်ကျသည့် စသုံးလုံး ရှိသည့် အဆောက်အဦး......
စစစကငနဲကပြောတယ် ခြေချော်ကျတာ တဲ့ ပုတင်းပေါက်ပေါ်တက်ရပ်မှဘဲခြေချော်ကျမယ်။
ဘာလို့ ဒီလိုစစ်တာလဲ ဆိုတာကို ကိုသူရမျိုးက စီးပွားရေး စစ်တာ ဒီခြံတွေ မြေတွေကို ဘယ်ကပိုက်ဆံနဲ့ဝယ်တာလဲဆိုတာ။ ပြောရရင်တော့ ငွေညှစ်သလိုမျိုးပါဘဲ။ အခုကိစ္စမှာ ကောင်မလေးက တိုင်းရင်းသားဖြစ်နေတယ် မြန်မာစကားရေရေလည်လည်မတတ်ဘူး ။ မိသားစုတွေကလည်း အဖွဲ့အစည်းကို တိုင်မယ် ။ ရှော့တော့ရှိတယ်။။ သေချာအရေးမယူပေးနိုင်ရင် ။ ပိုကြီးလာမယ် ။
YPI မှ အင်တာဗျူး သတင်း.....
Monday, March 26, 2012
မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု
ပြည်ပရောက် မျိုးချစ်မြန်မာများစုပေါင်
Patriotic Award Committee အား ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်မှာ နိုင်ငံတကာရောက် မြန်မာများနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရသည် ယင်းအဖွဲ့အစည်း၏ သြဝါဒစရိယ နှင့် နာယကဖြစ်သည်။Patriotic Award Committee သည် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့၌ အခြေစိုက် တည်ရှိပြီး ပထမဦးဆုံးအကြိမ် မျိုးချစ်ဂုဏ်ရည်ဆုအား ၈၈ ကျောင်းသားခေါင်းဆောင်များန
ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင်များအ
ရွှေ့ပြောင်းမြန်မာကျောင်းသားများ စုံညီပွဲတော်တွင် ကျောင်းသား ၃၀၀ကျော် ပါဝင်ဆင်နွှဲ
မတ်လ ၂၆ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် မတ်လ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ရွှေ့ပြောင်း မြန်မာ ကျောင်းသားများ စုံညီပွဲတော်တွင် စာသင်ကျောင်း ၃၀ကျော်မှ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC)မှ ကြီးမှူးကျင်းပသည့် အဆိုပါ ကျောင်းသားပွဲတော်တွင် မဲဆောက် ဒေသရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၃၀ကျောင်းနှင့် နယ်စပ်ဒေသရှိ ပြည်တွင်းရွှေ့ပြောင်း-(IDP) ၆ကျောင်းမှ ကျောင်းသူကျောင်း သားများက ပါဝင်ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။
BMWEC ဥက္ကဌ နော်ဖောရေက “ကလေးသူငယ်တွေဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်မှုရှိအောင် မိမိကျောင်းမှာရှိတဲ့ အတွေ့အကြုံ ဖြတ်သန်းမှုလေးတွေကို တခြားကျောင်းတွေက ကလေးတွေနဲ့ ပြန်လည် ဖလှယ်ဝေငှပေးဖို့၊ အချင်းချင်း လေးစားမှုရှိပြီးတော့ သူတို့လုပ်ရ မယ့် တာဝန်ဝတ္တရားတွေလည်း ကောင်းကောင်းမွန်မွန် သိရှိနားလည်ပြီး အနာဂတ်မှာ လူတော်လူကောင်းလေးတွေနဲ့ တိုင်းပြည်နဲ့လူမျိုး အကျိုးသယ်ပိုးတဲ့ လူငယ်များဖြစ်အောင် အဲဒါကို ရည်ရွယ်ပြီးတော့ ကျင်းပတာဖြစ်ပါတယ်။”ဟု ပြောသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သည့် ကျောင်းသားစုံညီပွဲတော်တွင် အသက်အရွယ်နှင့် အတန်းပညာများကို သတ်မှတ်ပေးထားသဖြင့် ကစားနည်းနှင့် သင်ကြားပေးမှုပိုင်းတွင် ကွာခြားမှုများရှိသကဲ့သို့ ယခုနှစ်တွင် ပြည်တွင်းရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူကျောင်းသား များလည်း စုပေါင်းပါဝင်နိုင်ခဲ့သည်ဟု နော်ဖောရေက ဖြည့်စွက်ပြောဆိုသည်။
“DIGNITY AND RESPECT THROUGH EDUCATION” ပညာရေးမှသည် ဂုဏ်သိက္ခာနှင့် လေးစားမှုဆီသို့ ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ် သည့် ယခုနှစ် ကျောင်းသားစုံညီပွဲတော်တွင် ပန်းချီဆွဲခြင်း၊ ဖယောင်းတိုင်ကို ပုလင်းထဲသို့ထည့်ခြင်း၊ ဘောလုံးရိုက်၊ အရုပ်များ ပြန်တပ် ခြင်း စသည့်ကစားနည်းများ အပါအ၀င် ကစားနည်း ၉မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဖလူးဒေသရှိ မယ်ဝါးခီး IDP ကျောင်းမှ ကျောင်းအုပ် ဦးခွန်ပန်းက အနယ်နယ်အရပ်ရပ်မှ မတူကွဲပြား သည့် ကလေးများကို ဆုံဆည်းခွင့်ပေးသည့် ဤကျောင်းသားပွဲတော်အား အထူး ၀မ်းမြောက်ကြိုဆိုသည့်အပြင် လာမည့်နှစ်များတွင် လည်း ယခုကဲ့သို့ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။
“ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဆုံကြတဲ့အခါကျတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့တွေ မျက်နှာတွေအပေါ်မှာ အပြုံးရိပ်တွေ သန်းတယ်။ မိတ်ဖွဲ့ခြင်းမရှိဘဲနဲ့ ခင်မင်ကြတာကို ကျနော် တွေ့ရတော့ အများကြီးဝမ်းသာတယ်။”ဟု သူက ဆိုသည်။
မြ၀တီမြို့နယ်၊ နို့ဖိုး IDP ကျောင်းမှ ကျောင်းသူ နော်ဖော ၁၃နှစ်က “ ကစားနည်းတွေ သိလာတာကို သမီးဝမ်းသာတယ်။ နောက်ပြီး သူငယ်ချင်းအသစ်တွေ သိလာတယ်။ နောက်တစ်ခါ လာခွင့်ရရင် သမီးထပ်လာမယ်”ဟု ပြောသည်။
လေးဂေါ်ကျောင်းမှ ကျောင်းသား စောအဲ့ဒို့ ၁၃နှစ်ကလည်း “သူငယ်ချင်းတွေ အများကြီးဆိုတော့ ပျော်တယ်။ ကျောင်းမှာရှိတဲ့ သူငယ် ချင်းတွေကို လာကစားစေချင်တယ်”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မဲ့လမ၊ ဖုတ်ဖရ စသည့် ၃မြို့နယ်တွင် မြန်မာရွှေ့ပြောင်းကလေးငယ်များအတွက် စာသင်ကျောင်းပေါင်း ၆၀ကျော်မှ ကျောင်းသားဦးရေ တစ်သောင်းကျော် ပညာသင်ကြားလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် စည်းရုံးရေးခရီးစဉ်များ ဖျက်သိမ်း
ပတ်စ်ပို့နှင့် ပွဲစားလောက လုပ်စားကြရာဝယ်
မဲဆောက်သားလေး (မြန်မာပြည်)။ မိုးမခသို့ ပေးစာ
မတ်လ ၂၅၊ ၂၀၁၂
အလုပ် လုပ်ကိုင်ခွင့် လက်မှတ်နှင့် ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် အလုပ်သမား (၇၆)ဦး နယ်စပ်သို့ ပြန်ပို့ခံရနိုင်
Add caption |
ဒေါ်အောင်ဆန်းစုကြည်ကို ကြံ့ခိုင်ရေး ခေါင်းဆောင် ဝေဖန်
ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနှင့် လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်(ဓာတ်ပုံ - Eleven Media Group) |
“၉၀ ခုနှစ်က ပါတီတွေရဲ့ အခြေအနေကို ကြည့်ရင်သိနိုင်ပါတယ်။ ဟိုအားကိုး၊ ဒီအားကိုးနဲ့ အမျိုးကို ပစ်ထားတဲ့။ အမျိုးကို စောင့်ထိန်းခြင်းမရှိတဲ့ အပြုအမူတွေ၊ ဆောင်ရွက်ချက်တွေ အများကြီးရှိခဲ့တယ်”ဟု ဦးအောင်သောင်း က ဒေသခံတွေကို ပြောဆိုခဲ့သည်။
ထို့အတူ လွှတ်တော်တွင်လည်း ကြံ့ခိုင်ရေးပါတီကသာ အင်အားအကြီးဆုံးဖြစ်ခြင်းကြောင့် ဥပဒေကို စိတ်ကြိုက်ပြင်ဆင် နိုင်ကြောင်း တက် ရောက်လာသည့် ဒေသခံ ၈၀၀ ခန့်ကို ပြောဆိုခဲ့သည်။ ဦးအောင်သောင်း၏ မဲဆွယ်ပွဲကို ပြင်ဦးလွင်မြို့ပေါ်ရှိ ဒိုးပင်၊ ဖောင်းတော ရပ်ကွက်များမှ တရုတ်လူမျိုး အများစု တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးအောင်သောင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်အတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် အဖွဲ့တွင်ခေါင်းဆောင်တဦး အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။
ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော် မဲဆန္ဒနယ်များတွင် ရာနှုန်းပြည့် အနိုင်ရရှိမည်ဟု ယုံကြည်ထား သကဲ့သို့ အခြားလစ်လပ် မဲဆန္ဒနယ်မြေအားလုံးနီးပါးတွင်လည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြည်တွင်းဂျာနယ် တချို့ကိုလည်း ဦးအောင်သောင်း က ပြောဆိုထားသည်။
၎င်းသည် မကြာသေးမီက ရန်ကုန်အခြေစိုက် လျှပ်တပြက်ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင်လည်း
“အရှေ့ အလယ်ပိုင်း ပုံသဏ္ဌာန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ်ဆိုတဲ့ ပုံပန်းကို သူက ပြနေတာ ဒါက တော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံ၊ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူ့ကိုမဲပေးမယ်လို့ ပြောလို့မရပါဘူး”ဟု လျှပ် တပြက် ဂျာနယ်တွင် ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုနေသော် လည်း ယင်းခရီးစဉ်များတွင်ပင် တရားဥပဒေကို လိုက်နာမှုရှိမရှိ ဆန်းစစ်ရန်လိုအပ်ကြောင်း ဦးအောင်သောင်းက ပြောသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟောပြောရာတွင် ပြည်သူများအတွက် လုပ်ဆောင်ပေးနိုင်မှုနှင့်ပတ်သက်၍မည်သည့်ကတိမှမပေးနိုင်သေးကြောင်း ပြောဆိုခြင်းများသည်၊
“တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူး ဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့ သူတွေကို သရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့ သူတွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့သဘောလည်း ဆောင်တယ်။ တကယ်တမ်းကတော့ ဒါက မလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့”ဟု ဦးအောင်သောင်း က ဖြေဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြံ့ခိုင်ရေးခေါင်းဆောင်တဦးက ယင်းသို့ ဝေဖန်ပြောဆိုမှုများရှိနေသကဲသို့ NLD ပါဝင်သော မဲဆန္ဒနယ် တချို့တွင် လက်နက်ဖြင့် တိုက်ခိုက်မှုများ၊ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းများ၊ ပုဂ္ဂိုလ်ရေးအရ ဝေဖန် တိုက်ခိုက်သော ဗီစီဒီနှင့် စာရွက်စာတမ်းဖြန့်ဝေမှုများလည်း ရှိနေသည်။
မကြာခင်ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကော့မှူးနှင့် ဒလ ဖြတ်သန်းသည့် ကားလမ်းတွင် ကော့မှူး ဒေသခံများ အလုပ် လက်မဲ့ ဖြစ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိသွားလျှင် နိုင်ငံခြားတိုင်းပြည်များက ဝင်ရောက်ချယ်လှယ်မှုတွေ ရှိလာနိုင်ကြောင်း ပုတ်ခတ်ရေးသားသည့် စာများလျှို့ ဝှက်ဖြန့်ဝေမှုများ ရှိနေသည်ဟု ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးသို့ မဲဆွယ်စည်းရုံးရေး ခရီး သွားရောက်ခဲ့သေးသည်။
အလားတူ လှည်းကူးမြို့နယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပုတ်ခတ်သည့် မေးခွန်းများ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ရည်ရွယ် သော ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် အကြောင်းအရာများ ပါဝင်သည့် စီဒီခွေများအားလျှို့ဝှက်ဖြန့်ဝေသူ တချို့ရှိနေသကဲ့သို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် တချို့မဲဆွယ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် မဲဆွယ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မသမမှုများ များပြားနေခြင်းကြောင့်၊ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကော်မရှင် နှင့် အစိုးရတို့အနေဖြင့် တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းများ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က RFA မြန်မာပိုင်း၌ အပတ်စဉ်ထုတ်လွှင့်လျက်ရှိသော ဒီမိုကရေစီနှင့် ခရီးကြမ်း အစီအစဉ်တွင် ထည့်သွင်းပြောဆိုသွားသည်။
“မသမာမှုလေးတွေကတော့ ဆက်ဖြစ်နေတယ်။ ဆက်ဖြစ်နေတယ်တင် မကဘူး၊ ထပ်တိုးဖြစ်နေတယ်လို့တောင် ပြောရမလား မသိဘူး။ ကျမတို့ကိုယ်စားလှယ် ဥတ္တရသီရိက ဦးမင်းသူကို လောက်လေးဂွနဲ့ ပစ်တယ်ဆိုပေမယ့် သူပစ်လိုက်တဲ့ဟာက သစ်သား အချွန်လေးနဲ့ပေါ့နော်။ ပစ်တာ ဦးမင်းသူကို မထိဘဲနဲ့ အနားက မိန်းကလေးတယောက်ကို ထိသွားတယ်။ အဲဒါတွေက တော့ နည်းနည်း လွန်လာပြီလေ။ ပုပ္ပသီရိနဲ့ ဒက္ခိဏ သီရိ ထင်တယ်။ အဲဒီ၂ နေရာမှာ ဆိုင်းဘုတ်တွေကို သူတို့ ဖျက်ဆီးတာပေါ့နော်။ ဓားနဲ့လှီးပြီးတော့ ထုတ်တာတွေ ဘာတွေဟာ အဲဒါ မဖြစ်သင့်ဘူး။ အထူးသဖြင့် နေပြည်တော်မှာ ဖြစ်တယ်ဆိုတာဟာ အင်မတန်မှ အကျည်းတန်တယ်”ဟု ပြောဆိုထားသည်။
လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ နှင့် NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ်မြေ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးများ အခိုးခံရ
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ခြံစည်းရိုး ကာရံထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Star) |
ယမန်နှစ် အသုံးစရိတ်ထက် ၃၀ ရာခိုင်နှုန်းပိုတင်သော ၀န်ကြီးဌာနရှစ်ခု၏ အသုံးစရိတ်များကို လျှော့ချခြင်း၊ သာမန်အသုံးစရိတ် ကျပ် ၇၁၈၄၀၀ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ သန်း လျှော့ချခြင်းများ ပြုလုပ်ကာ ၂၀၁၂ ခုနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြု
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ် ယမန်နှစ် အသုံးစရိတ်ထက် ၃၀ ရာခိုင်နှုန်း ပိုတင်သော ၀န်ကြီးဌာနရှစ်ခု၏ အသုံးစရိတ်များကို လျှော့ချခြင်း၊ သာမန်အသုံးစရိတ် ကျပ် ၇၁၈၄၀၀ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ သန်း လျှော့ချခြင်းများ ပြုလုပ်ကာ ၂၀၁၂ ခုနှစ်အတွက် ပြည်ထောင်စု ၏ ဘတ်ဂျက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် မှ မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီး ဌာနမှ တင်သွင်းခဲ့သော ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ ဗိုလ်မှူးကြီးလှထွန်းက “ပြည်ထောင်စု၏ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်ရငွေသုံးငွေစာရင်းမှ သာမန်အသုံးစရိတ်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး သာမန်အသုံးစရိတ် ထက် ၃၀ ရာခိုင်နှုန်းသာ ပိုသုံးသင့်ကြောင်း၊ ၃၀ ရာခိုင်နှုန်းထက် ပိုသော ၀န်ကြီး ဌာနရှစ်ခုမှ အသုံးစရိတ်များကို လျှော့ချသင့်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေအနေအရ ငွေလုံး ငွေရင်း အသုံးစရိတ်အချို့အား စိစစ်၍လျှော့ချသုံးစွဲခြင်း၊ လုပ်ငန်းများ ဆိုင်းငံ့ခြင်းပြုလုပ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ အဆိုပြုပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းအဆိုနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက “ပြည်ထောင်စုလွှတ်တော်က အဆိုပြုချက်မှာ သာမန်အသုံးစရိတ်ကျပ် ၇၁၈၄၀၀ ဒသမ ၀၀၀ သန်းနဲ့ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၂၀၃၉ ဒသမ ၀၀၀ သန်း လျှော့ချသင့်ကြောင်းပါ ရှိပါတယ်။ ထိုသို့ အဆိုပြုလာမှု အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၀န်ကြီး ဌာနများနှင့်ညှိနှိုင်းပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ရငွေ သုံးငွေစာရင်းမှ သာမန်အသုံးစရိတ်အချို့လျှော့ချပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှ လုပ်ငန်းများအား လျှော့ချခြင်း၊ ဆိုင်းငံ့ခြင်းများပြုလုပ်၍ ငွေလုံးငွေရင်းအသုံးစရိတ် အချို့ လျှော့ချခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှ အဆိုပြုမထား သော်လည်း ပြည်ထောင်စု အစိုးရအနေဖြင့် အချို့ ၀န်ကြီးဌာနများ၏ သာမန်အသုံး စရိတ်များထပ်မံစိစစ်လျှော့ချခဲ့ပါတယ်။ ၀န်ကြီးဌာနများမှ လျှော့ချခဲ့ သည့် သာမန်အသုံးစရိတ်မှာ ကျပ် ၁၂၁၂၃၀ ဒသမ ၃၁၈ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၉၁၀၂၉၈ ဒသမ ၁၇၇ သန်းဖြစ်ပါ တယ်။ ပြည်ထောင်စု၏ဘတ်ဂျက် အသုံးစရိတ်များ လျှော့ချခြင်းအပြင် ၀န်ထမ်းများရဲ့ အပိုထောက်ပံ့ကြေးနဲ့ လုပ်ခတိုးမြှင့်ပေးခြင်း၊ ဒေသစရိတ် တိုးမြှင့်ပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ထောက်ပံ့ငွေနှင့်ချေး ငွေများတိုးမြှင့်ပေးရခြင်း စသည့် အသုံးစရိတ် ပြောင်းလဲမှုများကြောင့် ပြည်ထောင်စု၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ရ သုံးခန့်မှန်းခြေ ငွေစာရင်းအား ပြင်ဆင်ရေးဆွဲခဲ့ရပါတယ်။ ထိုသို့ ပြင်ဆင်ရေးဆွဲရာတွင် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးဖြစ်သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲခဲ့ပါတယ်။ မူလကလိုငွေ ၂၅၁၇၈၈၈ သန်းရှိ နေရာမှ ယခုပြင်ဆင်ရေးဆွဲခြင်း ကြောင့် လိုငွေ ၁၉၅၃၇၁၂သန်းအထိ လျှော့ချခဲ့ပြီး လိုငွေနှင့် GDP အချိုးမှာ ယခင်က ၄ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက “ပညာရေး အသုံးစရိတ်အပိုင်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်းကျပ် ၃၁၀၄၀၁ ဒသမ ၆၉၈သန်းလျာထား သုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်းမှာ ကျပ် ၆၁၇၂၁၄ ဒသမ ၀၁၀ သန်း လျာထားသည့်အတွက် နှစ်ဆခန့်တိုးတက် လျာထားခြင်းမှာ ဖြစ်သင့်ပါတယ်။ ကျန်းမာရေး အသုံးစရိတ်မှာလည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆခန့် တိုးမြှင့်လာတဲ့အတွက် လျော်ကန်သင့်မြတ်ပါတယ်။ စွမ်းအင် ၀န်ကြီးဌာနအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လိုငွေကျပ် ၄၅၈၈၅ ဒသမ ၉၉၉ သန်းပေါ်ပေါက်ခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပိုငွေကျပ် ၁၃၀၆၅၄၆ ဒသမ ၂၆၉ သန်းလို့ ဖော်ပြခဲ့တဲ့အတွက် ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ကျပ်သန်းပေါင်းများစွာ လိုငွေပြရာ မှ ကျပ်သန်းပေါင်း သန်းဂဏန်း ပိုငွေပြမှုကြောင့် မှန်မှန်ကန်ကန် တင်ပြလာတဲ့အတွက် ထောက်ခံပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနမှ ၀င်ငွေများ ကိုဖော်ပြရာ၌ ကျောက်မျက်ရတနာ မှရငွေ၊ ရွှေလုပ်ငန်းမှရငွေနှင့် ကျောက်မီးသွေး အပါအ၀င် ဓာတ် သတ္တုမှရရှိမည့် ငွေများဟူ၍ သီးခြား ဖော်ပြထားခြင်း မရှိသည့် အတွက် တိကျစွာ ဖော်ပြသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် ပြည်ထောင်စုလွှတ်တော် အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ကြောင်း သိရှိရသည်။ |
တိုကျိုစတော့ အိတ်ချိန်း အကူအညီဖြင့် ရန်ကုန်နှင့် မန္တလေး စတော့အိတ်ချိန်းတို့ကို ၂၀၁၄ခုနှစ်တွင် တည်ထောင်ရန်ပြင်ဆင်
t | |
တိုကျိုစတော့ အိပ်ချိန်း၏ အကူအညီဖြင့် မြန်မာစတော့ အိပ်ချိန်းများဖြစ်သော ရန်ကုန်နှင့် မန္တလေး စတော့ချိန်းတို့ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ရန် ပြင်ဆင်နေကြောင်း မတ်လ ၂၂ ရက်တွင်ပြုလုပ်သော မြန်မာ့အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားခဲ့ပါသည်။ “အရင်းအနှီး ဈေးကွက်ဖြစ်ထွန်းဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ တိုကျိုစတော့အိပ်ချိန်း၊ Dai -wa Institute of Research တို့အကြား MoU ထိုးဖို့ လုပ်ဆောင်နေပါတယ်။ နည်းပညာနဲ့ HR ပိုင်းဖွံ့ဖြိုး ရေးအတွက် အဓိက အကူအညီ ပေးသွားမှာဖြစ်ပြီး အရင်းအနှီးဈေးကွက် တစ်ခုလုံး ဖွံ့ဖြိုးနိုင်ဖို့အတွက် အထောက်အကူ ရယူသွားမှာပါ။ ၂၀၁၄ မှာ စတော့အိပ်ချိန်း စတင်တည်ထောင်မှာ ဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးမှာ ဖွင့်လှစ်သွားမှာပါ”ဟု ဦးကျော်ကျော်က ထည့်သွင်း ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံတွင် တည်ထောင်မည့် အရင်းအနှီးဈေးကွက်တွင်အစိုးရနှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလရှည် ချေးငွေများကို ဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များ အပါအ၀င် ဘဏ်များ၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ အများပိုင် ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေ ချေးသက်သေခံ လက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့်ေ ငွရေးကြေးရေး ရရန်ပိုင်ခွင့်များအပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ် ပြုလုပ်ကြမည် ဖြစ်သည်။ ထို့အတူ ငွေချေးစာချုပ်ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေး သက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ ကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ၁၉၉၆ ခုနှစ် ဇွန်လတွင် မြန်မာ့စီးပွားရေး ဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်တို့က မြန်မာငွေချေး သက်သေခံ လက်မှတ်များလဲလှယ် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ကို ဖက်စပ်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပြီး ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေရောင်းချခဲ့ကြောင်း၊ လက်ရှိထုတ်ဝေလျက်ရှိသော ငွေချေးသက်သေခံ လက်မှတ်များ၏ သက်တမ်းမှာ နှစ်နှစ်၊ သုံး နှစ်နှင့်ငါးနှစ် သက်တမ်းများ ဖြစ်ပြီး အမျိုးအစားများမှာ ကျပ်တစ်သောင်းတန်၊ ကျပ်တစ်သိန်းတန်၊ ကျပ်တစ်သန်းတန်၊ ကျပ်ဆယ်သန်းတန် အမျိုးအစားများ ဖြစ်ကြောင်းနှင့် ပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူထားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းများကို ရေးဆွဲသွားမည် ဖြစ်ပြီး ကြားခံ အကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ |
အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း မဏ္ဍိုင်ကြီးလေးရပ်၏ ပြောင်းလဲတိုးတက်မှု အခြေအနေ၌ တရားစီရင်ရေး မဏ္ဍိုင်သည် အနှေးကွေးဆုံး ဖြစ်နေသည်ဟု Eleven Media Group ၏ စစ်တမ်းက ဖော်ပြနေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရှင်များကလည်း အလားတူ သုံးသပ်
မြန်မာနိုင်ငံတွင် လာမည့် မတ် လ ၃၀ ရက်နေ့၌ တစ်နှစ်ပြည့်ပြီဖြစ် သော နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရသစ်၏ တစ်နှစ်တာကာလ အတွင်း မဏ္ဍိုင်ကြီးလေးရပ်၏ ပြောင်းလဲတိုးတက်မှု အခြေအနေ၌ တရားစီရင်ရေးမဏ္ဍိုင် သည် အနှေးကွေးဆုံး ဖြစ်နေသည်ဟု Eleven Media Group ၏ စစ်တမ်းက ဖော်ပြနေပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရှင်များကလည်း အလားတူ သုံးသပ် ခဲ့ကြသည်။
ပြုပြင်ပြောင်းလဲမှု အနှေးကွေးဆုံး တရားစီရင်ရေးမဏ္ဍိုင် |