Pages

Sunday, March 18, 2012

ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲထည့်ခိုင်း



ကိုယ်တိုင်အကျပ်ကိုင်မဲထည့်ခိုင်းခြင်းခံရတဲ့ ဆရာမတဦးရဲ့ ပြောပြချက်အသံဖိုင်ကို
နားထောင်နိုင်ပါတယ်။
မတ်လ ၁၇ ရက်နေ့ ၂၀၁၂
မတ်လ ၁၇ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ ပညာရေးမှုးရုံးကို
ထားဝယ်သင်တန်းတဲ့ရမယ့် ဆရာ-ဆရာမ(၇၀)လောက်ကို သင်တန်းကိစ္စဆိုပြီး ခေါ်ယူ
ကာ ကြိုတင်မဲ အတင်းအဓမ္မထည့်ခိုင်းကြောင်းသိရပါတယ်။
ကြိုတင်မဲစာအိပ်ပေါ်မှာ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ လိပ်စာအပြည့်အစုံရေးခိုင်းပါတယ်။
ပြီးမှကြိုက်တဲ့နေရာထည့်ဆိုပြီး ခြစ်ခိုင်းတော့သူတို့ထည့်တဲ့မဲဘယ်သူကိုထည့်တယ်ဆိုတာ
သိနေတော့ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်လိုက်ကြရ
တယ်လို့ ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမ တဦးက ပြောပါတယ်။
သင်တန်းက မတ်လ ၂၄ ရက်နေ့ မှာ စမှာဖြစ်ပြီး တပါတ်ကြာသင်တန်း ဖြစ်တဲ့အတွက်
ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်ရမဲ့ ဧပြီလ ၁ ရက်နေ့ တိုက်ဆိုင်လှစွာ ပြုလုပ်ထား
တာလည်းတွေ့ ရပါတယ်။ အချို့ဆရာတွေနေတဲ့ လောင်းလုံးမြို့ နယ်ကကျေးရွာတွေဆို
ရင် သင်တန်းတက်ရမဲ့  ထားဝယ်မြို့ သင်တန်းနေရာနဲ့(၂)မိုင်လောက်ပဲ့ဝေးကြောင်း
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
၂၀၁၀ ခုနှစ်က ကြိုတင်မဲများ

0 comments:

Post a Comment