Pages

Thursday, March 22, 2012

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း



ပညာရေးဝန်ကြီးဌာနက ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေရဲ့ မသမာတဲ့ ဈေးရောင်းပွဲတော်တွေ ကျင်းပနေ

အခြေခံပညာကျောင်းတွေမှာ ငွေကောက်ခံတာတွေ၊ ပစ္စည်းရောင်းတာတွေ မလုပ်ရဘူး ဆိုပြီး ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားပါတယ်။ ကျောင်းအတွက် လိုအပ်မည့် သောက်ရေအိုး၊ တံမျက်စည်း ၀ယ်ဖို့အတွက် ကျောင်းအုပ်ကြီးတွေက ငွေကောက်မိလို့ ဗလာစာရောင်းမိလို့ နယ်ပြောင်းခံရတဲ့သူတွေ၊ ရာထူးချခံရတဲ့သူတွေ၊ အလုပ်ဖြုတ်ခံရ တဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။

ယခုစာသင်နှစ်မှာ ဒုဝန်ကြီး ဦးအေးကြူ အစီအစဉ်နှင့် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အခြေခံကျောင်းအားလုံးကို ဗလာစာအုပ် မယူမနေရ ရောင်းချမယ်လို့ သိရှိရပါတယ်။ ဒုဝန်ကြီးဦးအေးကြူဟာ အောက်ဖော်ပြပါကုမ္မဏီတွေနဲ့ ပထမဆင့် စာချုပ်ချုပ်ဆိုပြီး ဖြစ်ပါတယ်-

၁။ June Family International Co.Ltd - 100000 ဒါဇင်

၂။ MKT Co.Ltd - 100000 ဒါဇင်

၃။ Joyfull exercise book - 100000 ဒါဇင်

၎။ မြန်မာ့စက္ကူနှင့် စာရေးကိရိယာရောင်းဝယ်ရေးလီမိတက် - 300000 ဒါဇင်

၅။ တက်နဒီကုမ္မဏီလီမိတက် - 150000 ဒါဇင်

၆။ Eleven Group Trading - 100000 ဒါဇင်

၇။ ဇေယျသုခပုံနှိပ်နှင့် စာရေးကိရိယာကုမ္မဏီလီမိတက် - 150000 ဒါဇင်

စုစုပေါင်း 1000000 ဒါဇင်

ဇေယျသုခပုံနှိပ်နှင့် စာရေးကိရိယာကုမ္မလီမိတက်နှင့် တက်နဒီကုမ္မဏီလီမိတက်တို့ဟာ ဒုဝန်ကြီးဦးအေးကြူ ပိုင် ကုမ္မဏီများ ဖြစ်ကြပါတယ်။

ကျန်ကုမ္မဏီတွေကလည်း ဒုဝန်ကြီးနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းတွေကို လက်သိပ်ထိုး လုပ်ခိုင်းထားတာဖြစ်ကြောင်း သိရှိရပါတယ်။

ဝန်ကြီးနဲ့ ဒုဝန်ကြီးအတွက် တစ်ဒါဇင်ကို (၂၀၀)ကျပ်နှုန်း ကော်မရှင်ရရှိမှာဖြစ်တဲ့အတွက် ကျပ်သိန်း(၂၀၀၀)ကို ၄င်းတို့ မျိုးမျိုးမြတ်မြတ်ရရှိကြမှာဖြစ် ပါတယ်။

တိုင်းပြည်ရဲ့မျက်နှာ၊ ဆင်းရဲသားလုပ်သားပြည်သူတွေရဲ့မျက်နှာကိုတောင် မကြည့်ကြတော့ဘူး၊ ကျောင်းမနေနိုင်လို့ လမ်းဘေးမှာ ဈေးရောင်းနေရတဲ့ ခလေးတွေ

အများကြီးဘဲ။ အခု မယူမနေရ ဗလာစာအုပ်တွေရောင်းပြီး စီးပွားရှာနေကြတာ လုံးဝ

မတရား မှုတွေ ကျူးလွန်နေတာဘဲ။

ကုမ္မဏီတွေကို အောက်ပါအတိုင်း ပေးပို့ပေးဖို့ ခွဲတမ်းချပေးထားတယ်-

၁။ ကချင် ၅၀၀၀ ဒါဇင်

၂။ ကယား ၅၀၀၀ ဒါဇင်

၃။ ကရင် ၅၀၀၀ ဒါဇင်

၎။ ချင်း ၅၀၀၀ ဒါဇင်

၅။ စစ်ကိုင်း ၁၀၀၀၀၀ ဒါဇင်

၆။ တနင်္သာရီ ၁၀၀၀၀ ဒါဇင်

၇။ ပဲခူး ၁၀၀၀၀၀ ဒါဇင်

၈။ မကွေး ၁၀၀၀၀၀ ဒါဇင်

၉။ မန္တလေး ၂၀၀၀၀၀ ဒါဇင်

၁၀။ မွန် ၅၀၀၀၀ ဒါဇင်

၁၁။ ရခိုင် ၅၀၀၀ ဒါဇင်

၁၂။ ရန်ကုန် ၂၀၀၀၀၀ ဒါဇင်

၁၃။ ရှမ်း ၁၅၀၀၀ ဒါဇင်

၁၄။ ဧရာဝတီ ၁၀၀၀၀၀ ဒါဇင်

၁၅။ နေပြည်တော် ၁၀၀၀၀၀ ဒါဇင်

ဒီလောက်တိုင်းပြည်ကြီး စီးပွားရေးကြပ်တည်းလို့ ဒုက္ခဖြစ်နေတဲ့အချိန်မှာ

ဒီလိုမသမာသူတွေရဲ့ ရာထူးအာဏာကို အသုံးချပြီး ကိုယ်ကျိုးရှာ စီးပွားရေးအမြတ်ထုတ်

နေတာကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေအနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ကြောင်းနဲ့

လိုအပ်သလို ထိရောက်စွာ အရေးယူပေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတကြီးနဲ့၊ တာဝန်ရှိ

အကြီးအကဲများ သိရှိစေရန် ဖော်ပြလိုက်ပါတယ်။

Myanmar News Now

အပိုင်း(၁)ကို အောက်မှာနှိပ်ပြီး ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

http://www.thithtoolwin.com/2012/03/blog-post_8396.html

အပိုင်း(၃)ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

http://www.thithtoolwin.com/

0 comments:

Post a Comment