skip to main |
skip to sidebar
ဧပြီ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးပွဲတွင် ကချင်ပြည်နယ် ဖားကန့်မြို့ ပေါ်ရှိ မဲရုံ ၁ဝ ရုံအား လုံခြုံ ရေးအားနည်းမှုကြောင့် ဖျက် သိမ်းလိုက်ကြောင်း ယင်းမဲဆန္ဒ နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ပါတီလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
''မဲရုံ ၁ဝရုံ ဖျက်လိုက်တာပါ။ အားလုံးကတော့ ဖားကန့်မြို့ ပေါ်ကချည်းပဲ'' ဟု ပေါ်ပြူလာ နယူးစ်၏ ဆက်သွယ်မေးမြန်းချက်ကို ဒေါ်ဘောက်ဂျာက ပြန်လည် ဖြေကြားခဲ့သည်။
ဖားကန့်မဲဆန္ဒနယ်တွင် မဲရုံ ၈၁ ရုံ သတ်မှတ်ထားရာ လက်ရှိ၌ ၇၁ ရုံသာ ကျန်တော့ကြောင်း၊ ဖားကန့် မြို့သည် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ မဲရုံ ၁ဝ၁ ရုံရှိခဲ့ပြီး ယင်းအချိန်က ကျောက်မျက် တူးဖော်သော ကုမ္ပ ဏီများ၌ပါ မဲရုံများထားရှိခဲ့ကြောင်း၊ သို့သော် ယခု ၂ဝ၁၂ ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံ ၃ဝ လျော့ကျသွားကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
1 comments:
Nice man. Extremely informative post. I'll be sure to pass this along to my friends.
1998 Mazda MPV AC Compressor
Post a Comment