လားရှိုး၊ မတ် ၁၇
ကြားဖြတ်ရွေးကောက်ပွဲ အတွက် ထုတ်ပြန်ထားသော မဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် ပါဝင်မှု မရှိခြင်း၊ မှားယွင်းခြင်းနှင့် နိုင်ငံသား စီစစ်ရေးကတ် (မှတ်ပုံတင်) ရရှိရန် ကြန့်ကြာနေခြင်း များအား ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မွန်းလွဲပိုင်း လာရှိုးမြို့ ရန်တိုင်းအောင် ကွင်းတွင် ပြုလုပ်သော လူထုဟောပြောပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ဒေသခံများက လာမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်း မှားယွင်းမှုများနှင့် မှတ်ပုံတင် ရရှိရေး ကြန့်ကြာနေမှုများ ဖြစ်ပေါ်နေရသည့် အခြေအနေကို လုထူဟောပြောပွဲ၌ပင် ဒေါ်အောင်ဆန်းစုကြည်သို့ အသိပေးခဲ့ရာ နီးစပ်ရာ NLD ပါတီရုံးများတွင် အကူအညီ တောင်းခံသွား ကြရန်နှင့် NLD ပါတီမှ အစွမ်းကုန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"အခက်အခဲ ရှိလို့ရှိရင် ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဆက်သွယ်ပါ။ အဖွဲ့ချုပ်က ကူညီပါလိမ့်မယ်" " ပိုက်ဆံမပေးလို့ မှတ်ပုံတင် မရတဲ့သူတွေ ဝိုင်းပြီးတော့ လက်မှတ်ထိုးပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ်ကို တင်လိုက်ပါ။ ကျွန်မတို့ တတ်နိုင်သမျှ လုပ်ပေးပါ့မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
0 comments:
Post a Comment