အကောင်းမမြင်ဘူး..
အဆိုးပဲမြင်တယ်.. လို့တော့ မယူဆစေချင်ပါဘူး..။ လက်ပတောင်းတောင်
ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဥက္ကဌ အဖြစ်ထားပြီး
စုံစမ်းစ
စ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့ကာ တာဝန်ပေးတာဟာ တာဝန်ပေးအပ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ရိုးသားမှု ရှိဖို့တော့လိုပါလိမ့်မယ်..။
စဉ်းစားစရာရှိတာက ဒေါ်အောင်ဆန်းစုကြည် လက်ပတောင်းတောင်ကို ၂၉ ရက်နေ့လာမယ်ဆိုတာ ကြိုတင်ပြီး သိထားကြပါရဲ့နဲ့ ၂၇ ရက်နေ့မှာ သပိတ်အဖွဲ့ကို အကြမ်းဖက်နှိမ်နင်း ဖြိုခွဲပစ်ခဲ့တယ်..။ အခြေအနေဆိုးရွားသွားပြီး အတော့်ကို ထိန်းမနိုင် သိမ်းမရ ဖြစ်တဲ့အချိန် မှာမှ ပြည်သူက ယုံကြည်တဲ့.. အလေးထားတဲ့.. ချစ်မြတ်နိုးတဲ့ လူထုခေါင်းဆောင်ကို ခေါင်းဆောင်တင်ပြီး ကိုယ့်ရဲ့အမှားတွေအတွက် အနည်းငယ်သက်သာလို သက်သာငြား ဆိုတဲ့ မရိုးသားတဲ့ သဘောတွေနဲ့ အားလုံးကိုလိမ်လည်ပြီး သံဃာထု နဲ့ လူထုကို ထွက်ပေါက်ရှာ ချွေးသိပ်တာမျိုး ဆိုရင်တော့ မကောင်းပါဘူး..။
ဘာကြောင့်ဆို ဆန္ဒပြတဲ့ လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့စကားကို နားထောင်ပြီး ကောင်းသောလားရာဘက် ရောက်သွားမှာ ကို မလိုလားခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် မရောက်ခင် သပိတ်အဖွဲ့ကို ဖြိုခွဲပစ်ခဲ့တယ်လို့ ယူဆထင်မြင်ချင်စရာ ရှိနေလို့ပါ..။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားကို လူထုက နားထောင်သွားလိမ့်မယ်.. ဒီလိုဆိုရင် နိုင်ငံရေးအရ လက်ရှိအာဏာရ ခေါင်းဆောင်တွေ အနေနဲ့ ရော.. နောက်ကွယ်က အာဏာရှိနေသေးတဲ့ သူတွေအနေနဲ့ရော သိက္ခာကျ သွားမှာကိုမလိုလားတဲ့ သေးသိမ်တဲ့ သဘောထားတွေ မပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ..။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် သူ့ကိုအသုံးချလို့ရပါတယ်.. ဆိုတဲ့စကားဟာ သိပ်ပြီးတော့ တန်ဖိုးရှိလှတဲ့စကားပါ..။ လက်ရှိအာဏာရပါတီ တွေအနေနဲ့ လိုက်နာကျင့်ကြံပြီး အတုယူသင့်ပါတယ်..။ တကယ်ဆိုရင် လက်ပတောင်းကို ဒေါ်အောင်ဆန်းစုကြည် မသွားခင်..၊ သပိတ်အဖွဲ့ကို အကြမ်းဖက် မနှိမ်နင်းခင်..၊ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်မှာကတည်းက သိက္ခာရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်လို့ ပြောထားပြီးသားပါ..။ ဒီသဘောတရားကိုနားမလည်ပဲ အကြမ်းဖက် နှိမ်နင်းဖို့စေခိုင်းခဲ့တဲ့ သူတွေကိုယ်၌က အကင်းမပါးတာ.. အတာ လို့ပြောရမလိုပါပဲ..။
ဒီပြသနာကို အကျယ်အကျယ် ထပ်ပြီးမဖြစ်စေချင်တော့ဘဲ လူထုယုံကြည်ကိုးစားတဲ့ သူကို အရိုးသားဆုံး တာဝန်ပေးလိုက်တာမျိုးပဲဖြစ်စေချ င်ပါတယ်..ဗျာ..။ ဒီတော့ ထပ်ပြီးမေးစရာရှိတာက လူထုကတော့ အမေစု ဆွေးနွေးညှိနှိုင်းပေးတဲ့အတိုင်း
လက်ခံဖို့ အသင့်ပါပဲလို့ ပြောဆိုနေကြပေမဲ့ အကယ်၍ ဒီစီမံကိန်းကြီးဟာ
မလုပ်သင့်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့မယ်..
ဆုံးဖြတ်ခဲ့မယ်..ဆိုရင်ကော... ၀မ်းပေါင် နဲ့ ဦးပိုင် တို့ကရော
ကြည်ဖြူစွာနဲ့ လက်သင့်ခံနိုင်ကြပါ့မလား....??
နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ကျေနပ်စွာ ခံယူပါ့မယ်ဆိုတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ တန်ဖိုးရှိလှတဲ့စကား..၊ တိကျပြတ်သားလှတဲ့စကား..၊ ဒီစကား နဲ့ ဒီခေါင်းဆောင်ရဲ့ အားကို တစ်လွဲအသုံးမချမိဖို့တော့ လိုလိမ့်မယ်လို့... ရိုးသားစွာထင်မြင်မိပါတယ်..။
စဉ်းစားစရာရှိတာက ဒေါ်အောင်ဆန်းစုကြည် လက်ပတောင်းတောင်ကို ၂၉ ရက်နေ့လာမယ်ဆိုတာ ကြိုတင်ပြီး သိထားကြပါရဲ့နဲ့ ၂၇ ရက်နေ့မှာ သပိတ်အဖွဲ့ကို အကြမ်းဖက်နှိမ်နင်း ဖြိုခွဲပစ်ခဲ့တယ်..။ အခြေအနေဆိုးရွားသွားပြီး အတော့်ကို ထိန်းမနိုင် သိမ်းမရ ဖြစ်တဲ့အချိန် မှာမှ ပြည်သူက ယုံကြည်တဲ့.. အလေးထားတဲ့.. ချစ်မြတ်နိုးတဲ့ လူထုခေါင်းဆောင်ကို ခေါင်းဆောင်တင်ပြီး ကိုယ့်ရဲ့အမှားတွေအတွက် အနည်းငယ်သက်သာလို သက်သာငြား ဆိုတဲ့ မရိုးသားတဲ့ သဘောတွေနဲ့ အားလုံးကိုလိမ်လည်ပြီး သံဃာထု နဲ့ လူထုကို ထွက်ပေါက်ရှာ ချွေးသိပ်တာမျိုး ဆိုရင်တော့ မကောင်းပါဘူး..။
ဘာကြောင့်ဆို ဆန္ဒပြတဲ့ လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့စကားကို နားထောင်ပြီး ကောင်းသောလားရာဘက် ရောက်သွားမှာ ကို မလိုလားခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် မရောက်ခင် သပိတ်အဖွဲ့ကို ဖြိုခွဲပစ်ခဲ့တယ်လို့ ယူဆထင်မြင်ချင်စရာ ရှိနေလို့ပါ..။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားကို လူထုက နားထောင်သွားလိမ့်မယ်.. ဒီလိုဆိုရင် နိုင်ငံရေးအရ လက်ရှိအာဏာရ ခေါင်းဆောင်တွေ အနေနဲ့ ရော.. နောက်ကွယ်က အာဏာရှိနေသေးတဲ့ သူတွေအနေနဲ့ရော သိက္ခာကျ သွားမှာကိုမလိုလားတဲ့ သေးသိမ်တဲ့ သဘောထားတွေ မပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ..။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် သူ့ကိုအသုံးချလို့ရပါတယ်.. ဆိုတဲ့စကားဟာ သိပ်ပြီးတော့ တန်ဖိုးရှိလှတဲ့စကားပါ..။ လက်ရှိအာဏာရပါတီ တွေအနေနဲ့ လိုက်နာကျင့်ကြံပြီး အတုယူသင့်ပါတယ်..။ တကယ်ဆိုရင် လက်ပတောင်းကို ဒေါ်အောင်ဆန်းစုကြည် မသွားခင်..၊ သပိတ်အဖွဲ့ကို အကြမ်းဖက် မနှိမ်နင်းခင်..၊ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်မှာကတည်းက သိက္ခာရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်လို့ ပြောထားပြီးသားပါ..။ ဒီသဘောတရားကိုနားမလည်ပဲ အကြမ်းဖက် နှိမ်နင်းဖို့စေခိုင်းခဲ့တဲ့ သူတွေကိုယ်၌က အကင်းမပါးတာ.. အတာ လို့ပြောရမလိုပါပဲ..။
ဒီပြသနာကို အကျယ်အကျယ် ထပ်ပြီးမဖြစ်စေချင်တော့ဘဲ လူထုယုံကြည်ကိုးစားတဲ့ သူကို အရိုးသားဆုံး တာဝန်ပေးလိုက်တာမျိုးပဲဖြစ်စေချ
နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ကျေနပ်စွာ ခံယူပါ့မယ်ဆိုတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ တန်ဖိုးရှိလှတဲ့စကား..၊ တိကျပြတ်သားလှတဲ့စကား..၊ ဒီစကား နဲ့ ဒီခေါင်းဆောင်ရဲ့ အားကို တစ်လွဲအသုံးမချမိဖို့တော့ လိုလိမ့်မယ်လို့... ရိုးသားစွာထင်မြင်မိပါတယ်..။
0 comments:
Post a Comment