Sunday, 02 December 2012
လှပပြီးခမ်းနားထည်ဝါတဲ့ မင်္ဂလာပွဲကို ဆင်နွှဲပြီးပြီဆိုတော့ ကြင်စဦး ဇနီးမောင်နှံတို့ အတွက် အမြဲအမှတ်ရကြည်နူးစေမယ့် ပျော်ရွှင်စရာ ဟန်းနီးမွန်းခရီးကိုသွားကြမှာပေါ့နော်။ ဟန်းနီးမွန်းကာလမှာ
တချို့က မိမိဆွေမျိုးများရှိရာအရပ် သို့ ချစ်သူကိုခေါ်သွားလေ့ရှိတဲ့ အတွက် ဒီခရီးကို ဆွေပြမျိုးပြခရီး လို့လည်း အဓိပ္ပာယ်သတ်မှတ်ကြပါ တယ်။
ကြင်စဦးဇနီးမောင်နှံတွေ ဟန်းနီးမွန်းထွက်တယ်ဆိုတဲ့အလေ့ အထက ၁၉ ရာစုမှာ Great Britain ကနေအစပြုခဲ့တာဖြစ်တယ်။ ဒီဓလေ့ဟာ
နောက်ပိုင်းမှာ ဥရောပတိုက် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ၁၉၂ဝ ပြည့်နှစ်နောက်ပိုင်းမှာတော့ ပြင်သစ်ကိုရောက်ခဲ့ပါတယ်။ ယနေ့ ခေတ်မှာတော့ တစ်ကမ္ဘာလုံးက ကြင်စဦးတိုင်းအတွက် အရေးကြီး တဲ့ခရီးစဉ်တစ်ခုဖြစ်လာခဲ့ပါပြီ။
ဟန်းနီးမွန်းခရီးစဉ်ဟာ ချစ်သူ စုံတွဲတွေ အတွက် ကြိုတင်စီစဉ်ရမယ့် အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဥရောပတိုက်သားတွေကတော့ ဟန်းနီးမွန်းခရီးကို ဗင်းနစ်၊ ရောမ စသဖြင့် Romantic မြို့တော်တွေ ကို ရွေးချယ်ပြီး သွားရောက်ကြပါ တယ်။ ဟာဝိုင်အီ၊ မက္ကဆီကို၊ ဂျမေ ကာကျွန်းစတဲ့ Seaside Resorts တွေကို လည်းချစ်သူစုံတွဲ တွေက
နှစ်သက်တတ်ပါတယ်။
ဘယ်နေရာကို ဟန်းနီးမွန်း သွားမလဲဆိုတာကတော့ သတို့သားရဲ့
ငွေကြေးသုံးစွဲနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ သတို့သမီး၊ သတို့သားနှစ်ဦးစလုံး နှစ်သက်ပြီး မိမိရဲ့ ငွေကြေးသုံးစွဲနိုင်မှု အပေါ်မှာ ရွေးချယ်သွား ရောက်တတ်ပါတယ်။ ပြည်တွင်းမှာပဲ ကမ်းခြေတွေကို ဟန်းနီးမွန်းသွားမယ်ဆိုရင် ချောင်း သာ၊ ငပလီ၊ ငွေဆောင်ကမ်းခြေ တွေကိုရွေးနိုင်ပါတယ်။
ပင်လယ် လေကိုရှူပြီး အုန်းရေလေးသောက်၊ မြင်းစီး၊ လှိုင်းစီး၊ ညနေ ခင်းမှာ လမ်းလျှောက်ထွက်ရင်း နေဝင်တာကို အတူကြည့်ခွင့်ရမယ် ဆိုရင်တော့ ကြင်စဦးတွေအတွက်ွ Romantic N ဆန်တဲ့ ဟန်းနီးမွန်းကို ပိုင်ဆိုင်ရမှာ
ဖြစ်ပါတယ်။ ဟန်းနီး မွန်းအမှတ်တရ ဓာတ်ပုံလေးတွေ ကတော့ ချစ်သူစုံတွဲတွေအတွက် တစ်သက်စာ အမှတ်တရပဲဖြစ်ပါ တယ်။
ကမ်းခြေကိုသွားဖို့ မနှစ်သက် ဘူးဆိုရင်တော့ ပန်းမြို့တော် ပြင်ဦးလွင်ကို သွားရောက်နိုင်ပါတယ်။ လှပတဲ့ပွဲကောက်ရေတံခွန်၊ ဓာတ်တော်ချိုင့်၊ ပိတ်ချင်းမြောင် ရေတံခွန်၊ လှပတဲ့ပန်းတွေစုံလင်လှတဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ် တွေကို သွားရောက်ရင်း အေးချမ်း သာယာတဲ့ သဘာဝအလှတွေ စုဝေးနေသော ပန်းမြို့တော်မှာ ချစ်သူနဲ့အတူ ရထားလုံးပဲစီးစီး၊ စက်ဘီးပဲစီးစီး ဒါတွေဟာလည်း တစ်သက်မမေ့နိုင်စရာ ဟန်းနီးမွန်း ခရီးလေးကို ဖန်ဆင်းစေမှာပါ။
တောင်ပေါ်ဒေသကိုမှ နှစ် သက်တယ်ဆိုရင်တော့ တောင်ကြီး၊ ကလော၊ အင်းလေးခရီးစဉ်ကို ရွေး ချယ်ပေါ့နော်။ စုံလင်တဲ့ဘုရားတွေ ကိုဖူးရင်း သာယာလှပတဲ့ အင်းလေးကန်အလှကို ချစ်သူနဲ့အတူ ခံစားကြည့် လိုက်ပါ။ နောက် မြန်မာ ပြည်မြောက်ဖျားက ပူတာအို၊ မေခ-မလိခမြစ် ဆုံ၊ မြန်မာပြည်တောင် ဖျားက မြိတ်ကျွန်းစုတို့လိုလှပပြီးကြည်နူးစရာကောင်း တဲ့နေရာတွေ ရှိပါတယ်။
အရေးကြီးဆုံးတစ်ခုကတော့ ဘဝတစ်သက်တာလုံး အမှတ်တရ ဖြစ်စေမယ့် မင်္ဂလာဦးဓာတ်ပုံတွေကို မှတ်တမ်းတင်ဖို့အတွက် ကင်မရာယူဖို့လည်း မမေ့ပါနဲ့နော်။ ကြင်စဦးဇနီးမောင်နှံတိုင်း ကြင်စဦး ကာလရဲ့ နေ့ရက်များကို ထာဝရကြည်နူးစရာ နေ့ရက်လေးတွေအဖြစ် ပိုင်ဆိုင်နိုင်ပါစေ။
ဘဝတစ်သက် တာမှာတစ်ကြိမ်တစ်ခါသာကြည်နူး ခွင့်ရတဲ့ မင်္ဂလာဦး ဟန်းနီးမွန်းခရီးကို ပျော်ရွှင်စရာကောင်းတဲ့ခရီး အဖြစ် ချစ်တဲ့သူတိုင်း ပိုင်ဆိုင်နိုင် ပါစေနော်...။
ခင်လေး
မြ၀တီ
ကြင်စဦးဇနီးမောင်နှံတွေ ဟန်းနီးမွန်းထွက်တယ်ဆိုတဲ့အလေ့ အထက ၁၉ ရာစုမှာ Great Britain ကနေအစပြုခဲ့တာဖြစ်တယ်။ ဒီဓလေ့ဟာ
နောက်ပိုင်းမှာ ဥရောပတိုက် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ၁၉၂ဝ ပြည့်နှစ်နောက်ပိုင်းမှာတော့ ပြင်သစ်ကိုရောက်ခဲ့ပါတယ်။ ယနေ့ ခေတ်မှာတော့ တစ်ကမ္ဘာလုံးက ကြင်စဦးတိုင်းအတွက် အရေးကြီး တဲ့ခရီးစဉ်တစ်ခုဖြစ်လာခဲ့ပါပြီ။
ဟန်းနီးမွန်းခရီးစဉ်ဟာ ချစ်သူ စုံတွဲတွေ အတွက် ကြိုတင်စီစဉ်ရမယ့် အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဥရောပတိုက်သားတွေကတော့ ဟန်းနီးမွန်းခရီးကို ဗင်းနစ်၊ ရောမ စသဖြင့် Romantic မြို့တော်တွေ ကို ရွေးချယ်ပြီး သွားရောက်ကြပါ တယ်။ ဟာဝိုင်အီ၊ မက္ကဆီကို၊ ဂျမေ ကာကျွန်းစတဲ့ Seaside Resorts တွေကို လည်းချစ်သူစုံတွဲ တွေက
နှစ်သက်တတ်ပါတယ်။
ဘယ်နေရာကို ဟန်းနီးမွန်း သွားမလဲဆိုတာကတော့ သတို့သားရဲ့
ငွေကြေးသုံးစွဲနိုင်မှုအပေါ်မှာ မူတည်ပါတယ်။ သတို့သမီး၊ သတို့သားနှစ်ဦးစလုံး နှစ်သက်ပြီး မိမိရဲ့ ငွေကြေးသုံးစွဲနိုင်မှု အပေါ်မှာ ရွေးချယ်သွား ရောက်တတ်ပါတယ်။ ပြည်တွင်းမှာပဲ ကမ်းခြေတွေကို ဟန်းနီးမွန်းသွားမယ်ဆိုရင် ချောင်း သာ၊ ငပလီ၊ ငွေဆောင်ကမ်းခြေ တွေကိုရွေးနိုင်ပါတယ်။
ပင်လယ် လေကိုရှူပြီး အုန်းရေလေးသောက်၊ မြင်းစီး၊ လှိုင်းစီး၊ ညနေ ခင်းမှာ လမ်းလျှောက်ထွက်ရင်း နေဝင်တာကို အတူကြည့်ခွင့်ရမယ် ဆိုရင်တော့ ကြင်စဦးတွေအတွက်ွ Romantic N ဆန်တဲ့ ဟန်းနီးမွန်းကို ပိုင်ဆိုင်ရမှာ
ဖြစ်ပါတယ်။ ဟန်းနီး မွန်းအမှတ်တရ ဓာတ်ပုံလေးတွေ ကတော့ ချစ်သူစုံတွဲတွေအတွက် တစ်သက်စာ အမှတ်တရပဲဖြစ်ပါ တယ်။
ကမ်းခြေကိုသွားဖို့ မနှစ်သက် ဘူးဆိုရင်တော့ ပန်းမြို့တော် ပြင်ဦးလွင်ကို သွားရောက်နိုင်ပါတယ်။ လှပတဲ့ပွဲကောက်ရေတံခွန်၊ ဓာတ်တော်ချိုင့်၊ ပိတ်ချင်းမြောင် ရေတံခွန်၊ လှပတဲ့ပန်းတွေစုံလင်လှတဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ် တွေကို သွားရောက်ရင်း အေးချမ်း သာယာတဲ့ သဘာဝအလှတွေ စုဝေးနေသော ပန်းမြို့တော်မှာ ချစ်သူနဲ့အတူ ရထားလုံးပဲစီးစီး၊ စက်ဘီးပဲစီးစီး ဒါတွေဟာလည်း တစ်သက်မမေ့နိုင်စရာ ဟန်းနီးမွန်း ခရီးလေးကို ဖန်ဆင်းစေမှာပါ။
တောင်ပေါ်ဒေသကိုမှ နှစ် သက်တယ်ဆိုရင်တော့ တောင်ကြီး၊ ကလော၊ အင်းလေးခရီးစဉ်ကို ရွေး ချယ်ပေါ့နော်။ စုံလင်တဲ့ဘုရားတွေ ကိုဖူးရင်း သာယာလှပတဲ့ အင်းလေးကန်အလှကို ချစ်သူနဲ့အတူ ခံစားကြည့် လိုက်ပါ။ နောက် မြန်မာ ပြည်မြောက်ဖျားက ပူတာအို၊ မေခ-မလိခမြစ် ဆုံ၊ မြန်မာပြည်တောင် ဖျားက မြိတ်ကျွန်းစုတို့လိုလှပပြီးကြည
အရေးကြီးဆုံးတစ်ခုကတော့ ဘဝတစ်သက်တာလုံး အမှတ်တရ ဖြစ်စေမယ့် မင်္ဂလာဦးဓာတ်ပုံတွေကို မှတ်တမ်းတင်ဖို့အတွက် ကင်မရာယူဖို့လည်း မမေ့ပါနဲ့နော်။ ကြင်စဦးဇနီးမောင်နှံတိုင်း ကြင်စဦး ကာလရဲ့ နေ့ရက်များကို ထာဝရကြည်နူးစရာ နေ့ရက်လေးတွေအဖြစ် ပိုင်ဆိုင်နိုင်ပါစေ။
ဘဝတစ်သက် တာမှာတစ်ကြိမ်တစ်ခါသာကြည်နူး ခွင့်ရတဲ့ မင်္ဂလာဦး ဟန်းနီးမွန်းခရီးကို ပျော်ရွှင်စရာကောင်းတဲ့ခရီး အဖြစ် ချစ်တဲ့သူတိုင်း ပိုင်ဆိုင်နိုင် ပါစေနော်...။
ခင်လေး
မြ၀တီ
0 comments:
Post a Comment